စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တရားထူး တရားမြတ်တွေစောစောသိချင်လား?

   
    ( အရှင်ကောဏ္ဍညမထေရ်မြတ်ကြီး ပထမဦးဆုံးတရားထူး တရား
မြတ်တွေသိတဲ့အချိန်သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်
သုံးဆယ့်ငါးနှစ်မှာဖြစ်ပါသည်။
      သုဘဒ္ဒပရဗိုဇ်ကြီးနောက်ဆုံးတရားတရားထူးတရားတွေမြတ်ရတဲ့
အချိန်သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသက်တော်ရှစ်ဆယ်၊ ၀ါတော်
လေးဆယ့်ငါးဝါ ရနေလေပြီး။ဘာကြာင့် လေးဆယ်ငါးနှစ် ကွာခြားနေတာလဲ
 ဆိုတာသိချင်သောကြောင့် မိမိလက်လှမ်းမီသလောက်---------  )   

ဘုရားရှင်ကိုယ်တော်မြတ်ကြီး နှစ်ဆယ့်ကိုးနှစ်ရောက်တဲ့အခါ
သူအို သူနာ သူသေ ရဟန်းနိမိတ်လေးပါးမြင်ပြီး ညီတော်စန္ဒနှင့်ကဏ္ဍက
မြင်းကို ခေါ်ပြီး တောထွက်ခဲ့လေသည်။
           တောထဲမှာ ခြောက်နှစ်ဒုက္ကရကျင့်ပြီး  သက်တော်သုံးဆယ့်ငါးနှစ်
မှာ သဗ္ဗညုဘုရားအဖြစ်ကို ရောက်ရှိပြီးတစ်ချိန်တုန်းက တပည့်ဖြစ်ခဲ့ဖူးသူ
ပဉ္စ၀ဂ္ဂိငါးဦးကို တရားဟောခဲ့လေသည်။
           တရားဟောပြီး လူသားထဲမှာ အရှင်ကောဏ္ဍညက ပထမဦးဆုံး
တရားရသူအဖြစ် (အညာသိကောဏ္ဍညော)အဖြစ်သမိုင်းမှတ်တိုင်ထူခဲ့လေ
သည်။
       မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ထိုနေ့ စပြီးလေးဆယ့်
ငါးဝါကာလပတ်လုံး ဘုရင်နှင့်ကျေးတောသား ပုဏ္ဍားနှင့်ယာစက သူဋ္ဌေး
နှင့်သူတောင်စား ခိုသားနှင့်လူတော်ဟု မြူတစ်စိတ်မျှခွဲခြားမှုမထားဘဲ
တရားဟောလာခဲ့ရာ သက်တော်ရှစ်ဆယ်၊ ၀ါတော်လေးဆယ့်ငါးဝါ ပရိနိဗ္ဗာန်
စံခါနီးမှာ မေးခွန်တွေလာမေးသော သုဘဒ္ဒပရဗိုဗ်ကြီးကို မကျန်းမားသည့်
ကြားက တရားဟောလိုက်ရာ သုဘဒ္ဒပရဗိုဇ်ကြီးဘုရားရှင်၏တရားကို
နောက်ဆုံးမှာသိသူအဖြစ်သမိုင်းမှတ်တိုင်ထူသွားလေသည်။
       အထက်ပါဖြစ်ရပ်ကို ကြည့်ပြီး ဦးဇင်းရဲ့ခေါင်းထဲအတွေးတစ်ခုဝင်
လာ၏။ထိုအတွေးကို ပြန်ရှယ်လိုက်ခြင်ဖြစ်ပါ၏။
    အရှင်ကောဏ္ဍညမထေရ်မြတ်ကြီး ပထမဦးဆုံးတရားထူး တရား
မြတ်တွေသိတဲ့အချိန်သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်
သုံးဆယ့်ငါးနှစ်မှာဖြစ်ပါသည်။
      သုဘဒ္ဒပရဗိုဇ်ကြီးနောက်ဆုံးတရားတရားထူးတရားတွေမြတ်ရတဲ့
အချိန်သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသက်တော်ရှစ်ဆယ်၊ ၀ါတော်
လေးဆယ့်ငါးဝါ ရနေလေပြီး။
     သက်တော်ရှစ်ဆယ်ထဲက သုံးဆယ့်ငါးနှစ်ကိုနုတ်လျှင် လေးဆယ့်
ငါးနှစ်ကျန်လေသည်။ဒါကြောင့် အရှင်ကောဏ္ဍည က သုဘဒ္ဒပရဗိုဇ်ကြီး
ထက်လေးဆယ့်ငါးနှစ်စောပြီး တရားထူးတရားမြတ်တွေသိလေသည်။
     သုဘဒ္ဒပရဗိုဇ်ကတော့ အရှင်ကောဏ္ဍညနှင့်စာရင် လေးဆယ့်ငါးနှစ်
နောက်ကျလေသည်။ဘာကြောင့်ဒီလို ဖြစ်တာလည်းဆိုတာအဖြေသိချင်
သောကြောင့် မိမိလက်လှမ်းမိသလောက်စာအုပ်တွေရှာကာဖတ်ရပြန်သည်။
                 ထို့ သို့ ဖတ်သောအခါအရှင်ကောဏ္ဍညနှင့်ပတ်သက်ပြီး
ထင်းရှားသောအချက်နှစ်ချက်ကို တွေ့ ရလေ၏။ပထမတစ်ချက်က ----
အရှင်ကောဏ္ဍညမထေရ်မြတ်သည် ကမ္ဘာတစ်သိန်းထက် အလွန်ပဒုမုတ္တရာ
ဘုရားရှင်လက်ထက်ဍ်ဂဟပတိသူကြွယ်မျိုးမှာဖြစ်ခဲ့လေ၏။
   ထိုဘုရားရှင်လက်ထက်ဍ်ဧတဒဂ်ရသောရဟန်းတစ်ပါးကို မြင်ပြီးအားကျ
သောကြောင့် တစ်သိန်းသော သံဃာတိုကို မိမိအိမ်သို ပင့်ဖိတ်ကာ
ခုနှစ်ရက်ပတ်လုံးယာဂုဆွမ်းဖြင့်လုပ်ကျွေးလှူဒါန်းလေ၏။
            ခုနှစ်ရက်မြောက်သောအခါ သံဃာတစ်ပါးတစ်ပါးလျှင်အသပြာ
ငါးရာထိုက်သောသက်န်းတို့ ဖြင့်လှူဒါန်းပူဇော်ပြီးမှ ဘုရားခြေတော်ရင်းသို့ 
ကပ်ပြီး အရှင်ဘုရား တပည့်တော်သည် ယခုပြုရသောကုသိုလ်ကောင်းမှု
ကြောင့်နောင်ဘုရားရှင်တို့ ၏သာသနာဝယ် ရှေးဦးစွာတရားထူး တရားမြတ်
တွေကိုသိရပါလို၏ ဟုဆုတောင်းခဲ့လေသည်။
       နောက်ဒုတိယတစ်ချက်က အလွန်အံသြစရာကောင်းလှပေ၏။
ကိုးဆယ့်တစ်ကမ္ဘာထက် ၀ိပဿီမြတ်စွာဘုရားရှင်လက်ထက်အတွင်း
အရှင်ကောဏ္ဍညနှင့်သုဘဒ္ဒပရဗိုဇ်တို့ သည် အစ်ကိုကြီးမဟာကာလနှင့် ညီငယ်စူဠကာလဟု ညီအစ်ကိုနှစ်ယောက်ဖြစ်ကြလေ၏။ညီငယ်စူဠကာလ
 က သုဘဒ္ဒလောင်းလျာဖြစ်ပြီး အစ်ကိုကြီးမဟာကာလ က အရှင်ကောဏ္ဍ
ညလောင်းလျာဖြစ်ကြလေ၏။
             ညီငယ်စူဠကာလ က ပေးကမ်းမှုမရှိ၊လှူဒါန်းမှုမရှိ ပေးလျှင်ကုန်
သည်ဟု ယူဆထားလေ၏။အစ်ကိုကြီးမဟာကာလ ကတော့ပေးခြင်းသည်
ယူခြင်းဖြစ်သည်(Give and Take)ကိုနားလည်းထားလေသည်။ထိုကြောင့်
အလှူခံပုဂ္ဂိုလ်မှန်သမျှကိုပေးကမ်းလေ၏။
      ထိုပြင် အစ်ကိုကြီးအဟာကာလသည် ပေးကမ်းခြင်းမှာ ပါရမီဓာတ်ခံပါသူတစ်ယောက်လည်းဖြစ်လေသည်။လှူချင် ပေးချင်သူများသည်အလှူခံပုဂ္ဂိုလ်မြင်တာနှင့်ပေးချင်နေကြ၏။
ကျွေးချင်နေကြ၏။
    ဦးဇင်းမန္တလေး ဆွမ်းခံအိမ်က ကလေးတစ်ယောက်သည် အလှူခံပုဂ္ဂိုလ်
မြင်လိုက်တာနှင့်အိမ်မှာရှိသောမုန့် တို့ ကို ယူပြီးလောင်းလေ၏။ရှိခိုးလေ၏။
ပါရမီးဓာတ်ခံမရှိသော ကလေးများမှာ ရဟန်းသံဃာမြင်လိုက်တာနှင့်ထွက်
ပြေးကြလေ၏။်
            ပါရမီဆိုသည်မှာ အများနားလည်အောင်ပြောရလျှင် သံသရာ
တစ်ဖက်ကမ်းသို့ ကူးမြောက်ကြောင်းအကျင့်ဖြစ်ပါ၏။ကိုယ်တိုင်အားထုတ်
ယူရမည့်အကျင့်ဖြစ်ပါ၏။ထိုကြောင့် ပါရမီဓာတ်ခံမရှိသူများအနေဖြင့် တဖြည်းဖြည်းကုသိုလ်လုပ်ရာမှာ ၀ါသနာပါအောင်ကျင့်ယူရမည်ဖြစ်ပါ၏။
                                 အစ်ကိုကြီးဖြစ်သောမဟာကာလသည်
ပါရမီဓာတ်ခံရှိသောသူဖြစ်သောကြောင့်အလှူခံပုဂ္ဂိုလ်တွေ့ တိုင်းလှူလေ၏။
ထိုသို့ အစ်ကိုကြီးဖြစ်သူခဏခဏလှူသောကြာင့် ညီငယ်ဖြစ်သောစူဠကာလကလမ်းခွဲလိုက်လေ၏။ဒါကြောင့်ထင်ပါ၏။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သတ္တ၀ါတို့ သည် ဓာတ်တူမှပေါင်းလိုရ၏တဲ့။တရားသမားက တရားသမားပဲ
ပေါင်း၏။ အရက်သမားက အရက်သမားပဲပေါင်း၏။ ဒါသမားက ဒါသမားပဲ
ပေါင်းကြလေ၏။
           ညီငယ်စူဠကာလကလမ်းခွဲသွားသောအခါအစ်ကိုကြီးမဟာကာလက
ဝမ်းနည်းမှုမဖြစ်ပါ။အဘယ်ကြောင့်ဆိုသောသူတော်ကောင်းစိတ်ဓာတ်
ရှိသူတွေသည် လမ်းခွဲသွားရင်ဝမ်းလည်းမနည်း ငိုလည်း မငိုပါ။
 အနှေင်အဖွဲ့ ကင်းသွားသောကြောင့်ပိုလိုတောင်ပျော်ပါးသေးသည်။
      ထို့ ကြောင့်မဟာကာလသည် မိမိပြုလုပ်ချင်သော
ဒါနကုသိုလ်ကောင်းမှုကို လွတ်လပ်စွာပိုပြီးတိုးကာလုပ်၏။
            ထိုပြင် တစ်စတစ်စစွန့် ဝံ့မှသာလျှင် ဘ၀နောက်နှာင်းဆက်
တိုင်းကောင်း၏လို့ သူတော်ကောင်းတို့ ပြောသောစကားကိုလည်း
လက်တွေ့ အသုံးချပြလေ၏။
  မိမိလယ်မှထွက်သောစပါးတို့ ကို လူအများကိုခေါ်ပြီး ရေမရောဘဲ နွားနို့ 
ထောပတ် ပျားသကာတို့ ဖြင့်ကောင်းစွာရောနှောလျက်ကျက်စေပြီးဘုရား
အမှူးရှိသောသံဃာတော်အရှင်မြတ်တို့ အားလှူဒါန်းလုပ်ကျွေးလေ၏။ 
      ထို့ နေ့ မှစပြီး မဟာကာလ၏စပါးခင်းတို့ သည် ယုတ်လျော့သည်မရှိ
 ညီငယ်ထက်ပင်ပိုပြီးရလေ၏။ထို့ နောက်မဟာကာလသည်ကောက်ဦး
အလှူကိုးမျိုးလုံးမှာ လှူတိုင်းလှူတိုင်းပထမဦးဆုံးလှူလေသည်။
          လှူဒါန်းပြီး ဘုရားတပည့်တော်သည် စပါးတိုကို ဦးဦးဖျားဖျား
လှူဒါန်းရသောကုသိုလ်ကောင်းမှုကြောင့်နောင်ပွင့်တော်မူလတ္တံသောဘုရား
ရှင်တို့ ၏အထံတော်ဝယ်သူတစ်ပါးတို့ ၏ရှေးဦးစွာတရားအရသာကို ပထမ
ဦးဆုံး သောက်သုံးရသူဖြစ်ပါစေသား ဟု ဆုပန်လေ၏။
      ညီငယ်စူဠကာလကတော့ လှူတိုင်းလှူတိုင်းနောက်ဆုံးမှာ
လှူလေ၏။တွက်ခြေကိုက်မှ လှူဒါန်းလေ၏။ထိုစကားလုံးကိုစီးပွားရေး
နယ်ပယ်တွင်အသုံးများပါ၏။
       အလှူဒါနပြုခြင်းသည် မိမိလောဘကို လျော့သွားအောင်လုပ်ချင်
ဖြစ်၏။တိုးအောင်လုပ်ခြင်မဟုတ်ပါ။ထိုကြောင့်ကုသိုလ်လုပ်တဲ့နေရာမှာ
သုဘဒ္ဒပရဗိုဇ်ကြီးလို့ တွက်ချေကိုက်မှလှူမယ်ဆို့ ရင်တော့ အကျိုးပေး
လည်းထက်သန်မည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ဘုရားရှင်ကိုယ်
တော်မြတ်ကြီးက သဒိသံပါကံဇနေတိ(life is reflection of mind) ဘဝ
ဆိုတာ စိတ်ရဲ့ရောင်ပြန်ဟပ်မှုလို ဟောထားခဲ့သည်မဟုတ်ပါလော့။
        ဒီဇာတ်လမ်းလေးမှာအရှင်ကောဏ္ဍညမထေရ်မြတ်ကြီးသည် လှူတိုင်းလှူတိုင်းမှာ ဦးဦးဖျားဖျား
လှူဒါန်းရသောဒါနပါရမီကြောင့်တရားထူး တရားမြတ်တွေကို
ပထမဦးဆုံး သိပြီး အတိတ်ဘ၀ကညီအစ်ကို တော်စပ်ခဲ့ဖူးသော
သုဘဒ္ဒပရဗိုဇ်ကြီးထက်လည်း လေး
ဆယ့်ငါးနှစ်စောပြီး လောဘ ဒေါသ မောဟဆိုတဲ့ မီးဆယ့်တစ်မီးငြိမ်းသွား
လေသည်။
      လှူတိုင်းလှူတိုင်းနောက်ဆုံးမှ လှူဒါန်းခဲ့သောသုဘဒ္ဒပရဗိုဇ်ကြီးကတော့
နောက်ဆုံးမှ ပန်းတိုင်ကိုရောက်ခဲ့လေ၏။
      ဒါကြာင့်တရားထူးတရားမြတ်တွေစောစောသိချင်ရင်တော့------------။
      ဦးဇင်းကတော့ ဒို့ ဒကာ ဒကာတွေအလှူလုပ်သောအခါ အကျိုးများ
စေဖို့ အတွက် မိမိဖတ်ဖူးသောကဗျာလေးကို ကောင်ရေးလိုက်မိပါ၏။
ချမ်းချမ်းသာသာ၊ လှလှပပ၊
သြဇာတိက္ကမ၊ ကြီးလွန်းလှ၍၊
လိုရာရပြန်၊ အကောင်းမှန်သမျှ၊
သုံးဆောင်ရသည့် ကင်းပရန်သူ
ဖြစ်ရန်မူကား....
ကြည်လင်သဒ္ဓါ ရိုသေစွာဖြင့်
လိုရာကိုရွေး ချီးမြှောက်ပေးကာ
ငါမှလှူနိုင် ဂုဏ်မပြိုင်ဘဲ
ဉာဏ်ဖြင့်စွဲလျက်၊ ကျိုးရင်းဆက်ကို၊
သိလျက်ရွှင်လန်း နိဗ္ဗာန်မှန်းကာ
လှူပါစေသောဝ် လှူစေသောဝ်....။
                       
သာရာရွှင်လန်းချမ်းမြေ့ကြပြီး တရားထူးတရားမြတ်တွေ စောစောစီးစီးသိ
ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။
မေတ္တာဖြင့် အရှင်ဝိစက္ခဏ (နတ်မောက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...