စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
ထူးထူးခြားခြား ကျောက်ခဲတွေစားတဲ့ အမျိုးသမီး
        အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဘက်ဖို့ဒ်မြို့မှ တာရီဆာဝိုင်ဒန်နာ (၄၅နှစ်)သည် အနှစ်၂၀လုံးလုံး ကျောက်ခဲများနှင့် ကျောက်စရစ်ခဲများကို စားလာခဲ့ရာ စုစုပေါင်းအလေးချိန် ၁၃၆၀ကီလိုဂရမ် (၃၀၁၀ ပေါင်)ခန့် ရှိပြီဖြစ်ကြောင်း Metroသတင်းဌာနက ဇူလိုင်လ၁၂ရက်နေ့က ဖော်ပြသည်။ သူသည်ကလေးနှစ်ယောက် အမေဖြစ်ပြီး သူကကျောက်ခဲများသည် သူ့အတွက် အရသာအရှိဆုံး အစားအစာများ ဖြစ်သည်ဟုဆိုသည်။ သူက သူ့အနေဖြင့် စိတ်ညစ်ရသည့်နေ့များတွင် ကျောက်ခဲများစားခြင်းကသာ ဖြေသိမ့်စရာရှိသည် ဟုဆိုသည်။
လွယ်အိပ်ထဲက မမတွေ ညယေးတွေထဲမှာရော အဲလို ဘယ်နှစ်ယောက်လောက်ပါလဲတိဝူးးးး..^_~
http://swesonemedia.org
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...