Friday, August 10 at 4:26pm
“ဆရာတော် ငါ့မြေးလေး နေမကောင်းလို့ ဆေးပေးပါ” လက်ထဲက ကြက်ဥလေးတစ်လုံး ကိုင်ကာ ကျောင်းရောက်လာတဲ့ သလူပြားရွာထဲက မြို အဘွားအို...
ဆေးလာတောင်းတာပါ။ လှူစရာတစ်ခုခုလှူပြီးအစွန့်
ခိုင်းတာ သိပ်ကိုဖြူစင်တဲ့စိတ်ထားတွေပါ 
Ven Dhammika
ဦးဇင်းနဲ့ အတူတူလိုက်နေတဲ့ ကျောင်းသားသောင်းထွန်ဝင်းကတော့
တောင်ပေါ်မှာတော့ ဆေးဆရာ ဖြစ်သွားတာပေါ့ ... တောင်ပေါ်ဒေသမှာက သာသနာပြုလာတဲ့ ဘုန်းကြီးတွေကို တိုင်းရင်းသားတွေက သူတို့ဘ၀အတွက် (သို့)သားသမီးကလေးတွေအတွက် တစ်ခုခုကိုပြုလုပ်ပေးနိုင်မှ
လက်ခံလိုကြတာ .ပြောဟောမှုတစ်ခုတည်းနဲ့ သာသနာပြုလို့မရတော့ဘူး..အကေ
ာင်းဆုံးကတော့ ပညာသင်ပေးခြင်းနဲ့ သာသနာပြုတာ အကောင်းဆုံးပါပဲ သူတို့ပညာသိပ်လိုလားကြတာ..က

င်းဆောက်မယ့်တောကို ရွာသားတွေနဲ့ အတူ ကိုယ်တိုင်းရှင်းကြရင်း..

ကျောင်းဆောက်မည့်နေရာ ငှက်ပျောပွဲမပါ အုန်းပွဲမပါ မြတ်ဗုဒ္ဓရဲ့ ပရိတ်တော်တွေကိုသာ တွင်တွင်ရွတ်ဖတ်အားကိုးရင်း
တောစောင့်နတ်တောင်စောင့်နတ်


အသံချက်စက်လေးတောင်မပါ ကျောင်းဆောင်ဖွင့်ပွဲနဲ့တူေ
အာင် ထိုင်းသင်းပိုင်လေးမှာ စက္ကူကို ကပ်ညှပ်ထားတဲ့ စားလုံးလေးတွေနဲ့ပေါ့..

တစ်လကျော်ကျော် ဆောက်လုပ်ခဲ့တဲ့ ကျောင်းလေးကို မိုးမကျမီ ဖွင့်ပွဲလေးပြုလုပ်ခဲ့တယ်..

ဘူးသီးတောင်မြိုနယ်၊ ၀ါးနက်ရုံသာနာပြုဌာနသို့သွာ
းရာ တောင်ကျောလမ်းတစ်နေရာ..

ဘူးသီးတောင်မြိုနယ်၊ ၀ါးနက်ရုံသာနာပြုဌာနသို့သွာ
းရာ တောင်ကျောလမ်းတစ်နေရာ..

ဝါးနက်ရုံခရီကြမ်း၏ ပြေပြန့်လမ်း ခထီးလှ ရွာမှ ကျွဲရိုင်းရွာသို့အသွား.

အိမ်ခြေ ၆ အိမ်သာရှိတဲ့ ခါလာဦး ခမီးရွာက စာသင်ကျောင်းလေး
ကျောင်းသားတွေအတွက် စာအုပ်နဲ့ ခဲတံသွားလှုတဲ့နေ့ကမြင်ကွင်
းလေးတစ်ခု.. ( ဦးဇင်သာသနာပြုဌာန အုပ်စုအတွင်းပါရှိတဲ့ရွာလေး
..သြရမအုပ်စုတစ်ခု
လုံးဆိုရင်တော့ အိမ်ခြေ ၂၀၀ ရှိပါတယ် အနည်းဆုံးတစ်ရွာနဲ့တစ်ရွာကု

သကြားလုံး အထုပ် ၂၀ ကုန်မှကျောင်းပေါ် ရောက်လာတဲ့ ကလေးတွေ (ကျောင်းဆောက်စဉ်ကာလ) ညဘက်ဘုရားရှိခိုးနှင့် မင်္ဂလာကဗျာကို စတင်သင်ကြားပေးနေသော ၀ါးနက်ရုံ ဦးအဂ္ဂဥာဏ..

တပည့် ကျောင်းသား မြိုတိုင်းရင်းသားလေးတွေ..ဓ
ာတ်ပုံရိုက်မယ် ဆိုတော့သဘောကျနေလိုက်ကြတာ..
နေရာ..သလူပြားကျေးရွာ၊ ဘူးသီးတောင်မြို့နယ်။

သကြားလုံး ၁၀ ထုပ် ကုန်မှ ကျောင်းပေါ်ရောက်လာတဲ့ တပည့်လေးတွေ စာသင်ရင်း သူတို့လေးတွေနဲ့ပိုရင်းနှီး
ခဲ့တယ် .. နေရာ.. သလူပြားရွာ၊ ဘူးသီးတောင်မြို့နယ်။

ကျောင်းဝင်းထဲက ၀ါးရွက်မိုး စာသင်ဆောင်လေး..
ရေများရာမိုးရွာ ဆိုသလို ပေါများသောနေယာတွေမှာ ပုံနေပေမဲ့ မရှိတဲ့နေယာတွေမှာ ဒီလိုပါပဲ

ခမီးတိုင်းရင်းသားတို့၏ နေအိမ်
နေရာ.. ၀ါးနက်ရုံရွာ၊ခမောင်းချောင်
းအုပ်စု၊ ဘူးသီးတောင်မြို့နယ်။

တောင်ပေါ်မှာ နေခဲ့တဲ့ ၂- နှစ်တာကာလ တောင်ယာ မောင်းထောင်းဆန်နဲ့ လွေးခဲ့ရပါတယ်..။
တောင်ယာဆန်နီနီတွေဟာ ဆွမ်းပူရင်စားလို့ အဆင်ပြေပေမယ့် အေးသွားရင်တော့ ဇယ်တောက်လို့ရတယ်..။
နေရာ.. သလူပြားရွာ၊ ဘူးသီးတောင်မြို့နယ်။

တောင်ပေါ်ဒေသ မြို တိုင်းရင်းသူလေး တွေရဲ့ ရေခပ်ဆင်းချိန်
နေရာ.. သလူပြားရွာ၊ ဘူးသီးတောင်မြို့နယ်။
အထက်ပါဓါတ်ပုံနှင့် စာများအား ဆရာတော်Ven Dhammikafacebook.မှရပါသည်။
တောင်ပေါ်ဒေသတွေမှာ သာသနာပြုကြသော ဆရာတော်များ သံဃာတော်များ၊ဝေးလံ ခေါင်သီသော
ဒေသများမှာ သာသနာပြုကြသော ဆရာတော်များ သံဃာတော်များ ဟာ ဆွမ်း၊သင်္ဃန်း၊ကျောင်း၊ဆေး မပြည့်ဆုံကြပေမဲ့လည်း ဗုဒ္ဓဘုရားရှင်၏ မြင့်မြတ်သော သာသနာတော် တာဝန်ကို ထမ်းဆောင်ကြသည်မှာ
လေးစားကြည်ညိုစရာ ကောင်းလှပါသည်။
လေးစားစွာဖြင့် .... မောင်မြင့်
No comments:
Post a Comment