စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပိုးတုံးလုံးလေး


 
         တစ်နေ့မှာ လူတစ်ယောက်က လိပ်ပြာဖြစ်လာမယ့် ပိုးအိမ်ကလေးကိုတွေ့မိတယ် ။ အထဲမှာတော့ လိပ်ပြာဘ၀မရောက်သေးတဲ့ ပိုးတုံးလုံးလေးပေါ့ ။ အဲဒီလိုတွေ့တဲ့အချိန်ကစပြီး သူက အဲဒီပိုးအိမ်ကလေးကို နေ့တိုင်း ဘယ်အချိန်အကောင်ပေါက်လာမလဲဆိုပြီး ဂရုတစိုက်ကြည့်နေခဲ့တယ် ။ တစ်နေ့မှာတော့ ပိုးအိမ်ထဲက အပေါက်သေးသေး ပေါ်လာခဲ့တယ် ။ အဲဒီလူက ပိုးအိမ်အနားမှာ ထိုင်ချလိုက်ပြီး နာရီပေါင်းများစွာတိုင်အောင် ပိုးအိမ်ထဲက လိပ်ပြာလေး တွန်းထွက်လာမယ်
့အချိန်ကို စောင့်နေခဲ့တယ် ။ အထဲက အကောင်လေးကတော့ အားရှိသမျှ ရုန်းကုန်ပြီး အပေါက်သေးသေးလေးကနေ ထွက်ဖို့ကြိုးစားနေခဲ့တယ် ။

         ဒီလိုနဲ့ကြည့်နေရင်းမှာပဲ အထဲက အကောင်လေးလှုပ်ရှားမှုဟာရပ်တန့်သွားခဲ့တယ် ။ အဲဒီလူထင်လိုက်တာကတော့ လိပ်ပြာဖြစ်မယ့်ပိုးတုံးလုံးလေးဟာ ဒီအပေါက်လေးထဲကနေ မထွက်နိုင်တော့ဘူးပေါ့ ။ ဒါနဲ့ သူက လိပ်ပြာလေးကိုကူညီဖို့ဆုံးဖြတ်လိုက်တယ် ။ ကပ်ကြေးသေးသေးလေးသွားယူပြီး ပိုးအိမ်လေးရဲ့အပေါက်ကို ထိုးခွဲလို့ အပေါက်ချဲ့ပေးလိုက်တယ် ။ လိပ်ပြာလေးဟာ လွယ်ကူစွာပဲ အပြင်ရောက်လာခဲ့တယ် ။

ဒါပေမယ့် လိပ်ပြာလေးရဲ့ ခန္ဓာကိုယ်ဟာ ၀ဖောင်းနေခဲ့ပြီး သေးငယ်ပြီးရှံ့တွနေတဲ့အတောင်ပံတွေသာပါလာခဲ့တယ် ။ အဲဒီလူက လိပ်ပြာလေး အတောင်ပံတွေကြီးလာပြီး သူ့ခန္ဓာကိုယ်ကို သယ်ဆောင်လို့လေမှာ ပျံဝဲနိုင်မယ့်အချိန်ထိ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။

ဒါပေမယ့် အဲဒီလို ဘယ်တော့မှ ဖြစ်မလာခဲ့တော့ဘူး ။

တကယ်တော့ လိပ်ပြာကလေးဟာ ကျန်ရှိနေတဲ့သူ့ဘ၀တလျှောက်လုံး ဒီ လို ၀ဖောင်းနေတဲ့ ခန္ဓာကိုယ်နဲ့ ရှံ့တွနေတဲ့ အတောင်ပံတွေကိုသာ ပိုင်ဆိုင်ရပြီး ဖြတ်သန်းရတော့မှာဖြစ်တယ် ။ သူ ဘယ်တော့မှ လေပေါ် မပျံသန်းနိုင်တော့ဘူး ---- ။

--------------------------------------------

အဲဒီလူဟာ လိပ်ပြာကလေးကိုကူညီချင်စိတ် သနားစိတ်ရှိခဲ့ပေမယ့် ပိုးအိမ်ရဲ့ သဘောသဘာဝနဲ့ လိပ်ပြာတွေအကြောင်းကို နားမလည်ခဲ့ဘူး ။ တကယ်တော့ လိပ်ပြာကလေးဟာ သေးငယ်တဲ့အပေါက်လေးကနေ ရုန်းထွက်လို့ အပြင်ကို ထွက်ဖို့ကြိုးစားခြင်းဖြင့် လိုအပ်တဲ့ အားအင်တွေရရှိလာမယ် ခန္ဓာကိုယ်က ၀ဖောင်းစေတဲ့အရည်တွေကို ညှစ်ထုတ်လို့ တောင်ပံတွေက နေတဆင့် အားယူပြီး သေးငယ်တဲ့အပေါက်ကလေးကနေ သဘာဝအတိုင်းသာ ရုန်းကန်ပျံသန်းရတာဖြစ်တယ် ။

ကျွန်တော်တို့ရော --- ဘ၀မှာ အခက်အခဲဆိုတာတွေ ရုန်းကန်လှုပ်ရှားရတာတွေ မကြုံတွေ့ခဲ့ဘူးဆိုရင် -- ကျွန်တော်တို့ လိပ်ပြာကလေးလိုပဲ ဘယ်တော့မှ ပျံသန်းခွင့်ရမှာမဟုတ်တော့ဘူး ။

အခက်အခဲနဲ့ ရုန်းကန်လှုပ်ရှားမှုတိုင်းက ဘ၀ခရီးမှာ ကောင်းမွန်စွာ ဖြတ်သန်းဖို့အတွက် ကျွန်တော်တို့ကို ပေးတဲ့ခွန်အားတွေပဲဖြစ်တယ် ။

သက်တန့်ချို
Benefits of Struggling အား ဆီလျှော်သလိုဘာသာပြန်သည် ။
 
မူရင်း= http://www.facebook.com/photo.php?fbid=450913994930556&set=a.344759562212667.78909.270534842968473&type=1&theater

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...