စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ အလုပ်အကိုင် ရှာဖွေရေး အခမဲ့ဝန်ဆောင်မှု အင်တာနက် ၀က်ဘ်ဆိုဒ် ဖွင့်လှစ်


                                                      အလုပ်ကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်စာမျက်နှာအသစ်                                                              


မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အလုပ်အကိုင် ရှာဖွေတာနဲ့ ပတ်သက်လို့ နိုင်ငံကျော်အဆိုတော် သား စိုး စီစဉ်တဲ့ ရာသက်ပန် အခမဲ့ ၀န်ဆောင်မှု အင်တာနက် ၀က်ဘ်ဆိုဒ် မိတ်ဆက်ပွဲ အခမ်းအနားကို မနေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သော ရာသက်ပန် အခမဲ့ ၀န်ဆောင်မှု အင်တာနက် ၀က်ဘ်ဆိုဒ် မိတ်ဆက်ပွဲ အခမ်းအနားတွင် အဆိုတော် သားစိုးအား သတင်းထောက်များက တွေ့ဆုံမေးမြန်းနေစဉ်။


အလုပ်အကိုင်ရှာဖွေရေးနဲ့ ပတ်သက်လို့ အလုပ်အေဂျင်စီတွေကနေ အခကြေးငွေ မတရားယူနေတာတွေကြောင့် အလုပ်သမားတွေ နစ်နာဆုံးရှုံးမှုတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို အင်တာနက်ဝက်ဘ်ဆိုဒ် ၀န်ဆောင်မှုကို ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ အဆိုတော် သားစိုးကဒီလို ပြေပါတယ်
 
 
"အလုပ်သမားတွေအတွက် အခမဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို ဖွင့်လိုက်တာပါ။ ဝက်ဘ်ဆိုဒ်ကိုပေါ့နော်။ အလုပ်သမားတွေကို ရာသက်ပန် အခမဲ့လုပ်ပေးပါတယ်။ ပြီးတော့ ဒီအလုပ်ရှင်တွေကို တစ်နှစ် အခမဲ့ပေး ထားပါတယ်။ ဒီမြန်မာနိုင်ငံမှာက အလုပ်သမားတွေက အလုပ် အေဂျင်စီကိုသွားတဲ့ အခါကျရင် အလုပ်သ မားတွေရဲ့ ဝန်ဆောင်ခကို တောင်းတယ်။ ပထမဆုံးရတဲ့ လစာရဲ့ တဝက်အထိကို လိုက်ပြီးတော့ တောင်း တယ်။ တချို့တွေဆိုရင် တစ်လစာတောင် ယူတယ်။ စသည်ဖြင့်ပေါ့နော်။ အဲဒီလိုမျိုး မတရားမှုတွေ ဖြစ်နေ တဲ့ အတွက်ကြောင့် ကျွန်တော်က အခမဲ့ ဝက်ဘ်ဆိုဒ် တင်ပေးလိုက်တာပါ။ အဓိက ကတော့ ဒီအလုပ်သမား ထုအတွက် ကြိုက်တဲ့အလုပ် အေးအေးဆေးဆေး ကိုယ်ကလိုက်ပြီး ရွေးလို့ရမယ်။ အလုပ်ရှင်တွေ အကြောင်း
တွေကိုလည်း ဒီအလုပ်ရှင်တွေက အလုပ်သမားတွေကို ခေါ်မဲ့အခါမှာ သူတို့ရဲ့ ဘက်ဂရောင်း၊ သူတို့ပေးရမဲ့ ပိုက်ဆံ၊ အလုပ်ချိန်စသည်ဖြင့် အကုန်လုံး ပွင့်ပွင့်လင်းလင်း ရေးပြီးတော့ တရားဝင် ခေါ်လို့ရအောင် ကျွန်တော်လုပ်ရမှာပါ။ ဒီကိစ္စ ကိုလည်း အလုပ်သမားဝန်ကြီးဌာနကို မှတ်ပုံတင်ပြီး လုပ်ပေးမှာပါ"
 
 
 

www.myanmarbestjob.com  အမည်နဲ့ အင်တာနက် ၀က်ဘ်ဆိုဒ် ဖွင့်လှစ်ထားပြီး ဖေဖော်ဝါရီလ ကတည်း
က စတင်ဆောင်ရွက်နေပေမယ့် အခုမှ တရားဝင်ဖြစ်အောင် ကြေညာလိုက်တာလို့ ကိုသားစိုးက ဆိုပါတယ်
ဒီဝက်ဆိုဒ် ဖွင့်လှစ်တာနဲ့ ပတ်သက်လို့ အလုပ်သမားရေးရာ ၀န်ကြီးဌာနကိုလည်း တရားဝင်မှတ်ပုံတင်မှာ
ဖြစ်တယ်လို့ ကိုသားစိုးက ပြောပါတယ်။
 
 
 
ဒ့ါအပြင် နာမည်ကျော် အနုပညာရှင် အများစုပါဝင်တဲ့ မြန်မာချစ်သူအဖွဲ့ကနေ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် မနေ့ကစတင်ပြီး အလှူငွေတွေကို ကိုယ်တိုင်လည်း ထည့်ဝင်ကြသလို လှူဖွယ်ပစ္စည်းတွေကိုလည်း လက်ခံနေပြီး မကြာခင် ရခိုင်ပြည်နယ်ကို သွားရောက် လှူဒါန်းမှာ ဖြစ်တယ်လို့ ကိုသားစိုးက ပြောသွားပါတယ်။
 

6 comments:

  1. အလုပ်​ရှာ​နေတာဗျာ ခုထိမရ​သေးဘူး
    စကိုင်းတိုင်းကပါ ​ရေဦးမြို့နယ်​ကပါ

    ReplyDelete
  2. ကားစက်ပြင်သင်တန်းဆင်းလက်မှတ်ရထားပါတယ်ကားဆားဗစ်စင်တာတစ်ခုမှာအလုပ်လိုချင်ပါတယ်

    ReplyDelete
  3. ကျွန်ျတ်ာကိုကူညီပေးပါဦး ၀၉၂၅၀၆၇၀၉၅၀

    ReplyDelete
  4. Malaysia 5star Japanese,Chinese and European food restaurant မှာ၈နှစ်လုပ်သက်ရှိပြီး kitchen and purchasing service ရှိသည် လက်ရှိ Malaysia တွင်နေထိုင်
    ဆက်သွယ်ရန် sueshart2010@gmail.com

    ReplyDelete
  5. Malaysia 5star Japanese,Chinese and European food restaurant မှာ၈နှစ်လုပ်သက်ရှိပြီး kitchen and purchasing service ရှိသည် လက်ရှိ Malaysia တွင်နေထိုင်
    ဆက်သွယ်ရန် sueshart2010@gmail.com

    ReplyDelete

Related Posts Plugin for WordPress, Blogger...