စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးပညာဆိုင်ရာ ထူးဆန်းထွေလာ သတင်းလေးတွေပါ။


ရောဂါဆန်းတစ်မျိုးကြောင့် ဦးနှောက်ကြီးထွားမှု ရပ်တန့် သွားသည့်
ကလေးငယ်အား ခွဲစိတ်ကုသမှု အောင်မြင်

အသက်သုံးနှစ်အရွယ် ArchieDodd ဆိုတဲ့ကလေးငယ်ဟာ သူရဲ့ ဦးခေါင်းခွံတွဲကပ်နေတဲ့ ရောဂါဆန်းတစ်မျိုးကို ခံစားနေ
ရပါတယ်။အဲဒီ ရောဂါကို Craniaiosynostosis လို့ ခေါ်ပြီး ကလေး ၃၀၀၀ မှာတစ်ယောက်နှုန်းဖြစ်ပွားတယ်လို့  သိရပါ
တယ်။ ဦးခေါင်းခွံတွေဟာ အသက်အရွယ်ငယ်စဉ်မှာ စောစောစီးစီး ကပ်သွားတာကြောင့် သူရဲ့ ဦးနှောက်ဟာ ကြီးထွားဖို
့နေရာ မရှိတော့ပါဘူး။ ဦးနှောက်ကြီးထွားဖို့ နေရာရှိဖို့ နဲ့ ဦးနှောက်ကိုဖိအားသက်ရောက်မှု မရှိစေဖို့ အတွက် ခွဲစိတ်ဆရာ
ဝန်တွေက သူရဲ့ ဦးခေါင်းခွံကို အစိတ်အပိုင်းများစွာ ဖြတ်တောက်ပြီး ပုံမှာပြထားတဲ့အတိုင်း Jigsaw ပုံသဏ္ဍာန် ပြန်လည်
တွဲကပ်ပေးလိုက်ပါတယ်။ခွဲစိတ်ပြီး ခြောက်လ အကြာမှာ အာချီဟာ Helmet ဆောင်းထားရပြီး အချွန်အတက်တွေ ရှိတဲ့
နေရာမှာ မကစားဖို့ တားမြစ်ခံရပါတယ်။ယခုအခါမှာတော့ အဲဒီ ကလေးငယ်ဟာ သူ့ အစ်ကိုတွေနဲ့ အတူ ဘောလုံးကစား
နိုင်ပြီ ဖြစ်ကြောင်းသိရပါတယ်။




♦--------------------------------♦


မျက်လုံးမပါပဲ မွေးလာသည့်ကလေး အလင်းရောင်ကို ခံစားရသောကြောင့်
လက်နှိပ်ဓာတ်မီးနှင့် ဆော့ရသည်ကို သဘောကျ

မျက်လုံးများမပါပဲ မွေးဖွားလာသည့် ကလေးငယ် တစ်ဦးသည် သူ၏ မျက်နှာအား လက်နှိပ်ဓာတ်မီးဖြင့် ထိုးပြီးဆော့
ကစားရသည်ကို သဘောကျကြောင်း DM သတင်းဌာနက ဇွန်လ ၁၆ ရက်နေ့ တွင်ဖော်ပြသည်။သူသည် ရှစ် လသား
အရွယ်ကတည်းက အလင်းရောင်ကို ခံစားသိရှိနိုင်ပြီး မာဝမ်နီကျန် အမည်ရှိ ကလေးငယ်ကို အသက် ၂၆ အရွယ်ကိုယ်စီ
ရှိကြသော ဖခင်ဖြစ်သူ မာဒါမီဟန်နှင့် မိခင် ဆာလာမု တို့ က မွေားခဲ့ကြပြီး သူတို့ ၏ ကလေးငယ်ကို စင်ကျန်းပြည်နယ်
မြို့ တော် ဥရုံချီ ဆေးရုံသို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။ဆေးရုံတွင် ဆရာဝန်များက စစ်ဆေးကြည့်သည့် အခါ ကလေး
ငယ်သည် အလင်းရောင်ကို ခံစားနိုင်ခြင်းမှာ သူ့ တွင် အထဲမြုပ်နေသော ၀ဲဘက် မျက်လုံးပါဝင်သောကြောင့် ဖြစ်ကြောင်း
တွေ့ ရှိခဲ့ကြသည်။ယင်းနောက် အမှတ် ၄၇၄ စစ်ဆေးရုံတွင် ထပ်မံပြသရာ အထူးကု ဆရာဝန်များ က ကလေးငယ်အား
ခွစိတ်ကုသလျှင်လည်း အကြောင်းထူးမည် မဟုတ်ကြောင်း အဘယ်ကြောင့်ဆိုသော် သူ၏ မျက်လုံးတွင် မှန်ဘီလူး မပါ
ဝင်ကြောင်း ပြောကြားခဲ့သည်။



♦--------------------------------♦



ရှားရှားပါးပါး ရောဂါတစ်မျိုးကြောင့် ခေါင်း၊ခြေထောက်များနှင့်လက်များကြီးကာ
ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် လူငယ်တစ်ဦး ကြင်ဖက်ရှာဖွေလို


စိန်းမန်တက်ဇ်(၂၂ နှစ်)သည် Proteus Syndrome ဟု ခေါ်သော ရှားရှားပါးပါး ရောဂါတစ်မျိုးကြောင့် သူ၏ ခန္ဓာကိုယ်
အစိတ်အပိုင်းများသည် နေရာကွက်ပြီး အဆက်မပြတ် ကြီးထွားလာနေသည်။သူသည် ပါကစ္စတန် နိုင်ငံ လာဟိုးမြို့ 
ဆင်ခြေဖုံးတွင် နေထိုင်ပြီး ယခုအခါ ဟိုဟိုသည်သည် သွားဖို့ ပင် ခက်ခဲလာသည်ဟု သိရသည်။သူသည် ကလေးဘ၀မှ
စတင်ပြီး ထိုရောဂါကို ခံစားလာခဲ့ရခြင်းဖြစ်သည်။ဘ၀တွင် နေထိုင်ရခက်ခဲလာသော်လည်း မိတ်ဆွေများနှင့်မိသားစု၏
အားပေးထောက်ပံ့ မှုကြောင့် သူသည် ဘ၀ကို ရဲဝံ့စွာ ဖက်တွယ်ထားနိုင်ခဲ့သည်။စိန်း နှင့် သူ့ မိသားစုသည် သူ့ အတွက်
ကြင်ဖက်ရရှိစေရန်အတွက် ဆေးကုသမှု တစ်ရပ်ကို မျှော်လင့်လျက်ရှိသည်။သူ၏ဖခင်ဖြစ်သူ ဂါဇာအလီက သူ၏သား
သည် တစ်နေ့ တွင် ရောဂါ ပျောက်ကင်းကာ ဆိုက်ကားလုပ်ငန်းတစ်ခုကို ထူထောင်လျက် ဇနီးတစ်ယောက်ကို ရှာဖွေ
နိုင်လိမ့်မည် ဖြစ်ကြောင်း DM သတင်းဌာနက မေလ ၃၀ ရက်နေ့ က ဖော်ပြခဲ့ပါသည်။




♦--------------------------------♦



စက်ချို့ ယွင်းမှုကြောင့် သံချောင်းကြီးများ ခန္ဓာကိုယ်ထဲသို့ 
ဖောက်ဝင်သွားသော်လည်း တရုတ်အလုပ်သမား အသက်မသေ

တရုတ်နိုင်ငံ အရှေ့ ပိုင်း ကီကျန်ပြည်နယ်၊တေကျိုမြို့ တွင် ကျန် အမည်ရှိအလုပ်သမားတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ စက်ချို့ 
ယွင်းမှုကြောင့် သံချောင်းကြီးများ ဖောက်ဝင်သွားခဲ့သည်။သူသည် တံတားအသစ် ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွင်
အလုပ်လုပ်နေစဉ် သံချောင်းကြီးများ ထည့်သွင်းထားသည့် လှည့်စက်တစ်ခု ချို့ ယွင်းကာ ပြင်းထန်သော အရှိန်ဖြင့် သူ၏
ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်သွားခဲ့ခြင်းဖြစ်သည်။ မီးသတ်သများများသည် သူ၏ ကျောကုန်းအတွင်း ဖောက်ဝင်နေ
သော သံချောင်းများကို ဖြတ်ထုတ်ကာ သူ့ အား ဆေးရုံသို့ ခေါ်ဆောင် သွားခဲ့သည်။သံချောင်းများသည် သူ၏ ခန္ဓာကိုယ်
ညာဘက်မှ ဖောက်ဝင်ကာ ဘယ်ဘက်ပခုံးမှ ဖောက်ထွက်သွားသော်လည်း သူသည် အံ့သြဖွယ်ကောင်းလောက်အောင်
အသက်မသေ ဟု သိရသည်။ယခုအခါ သံချောင်းများကို ဖယ်ရှားရှင်းလင်းပြီးနောက် အနီးကပ်စောင့် ရှောက် ကုသနေရ
သော်လည်း အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။




♦--------------------------------♦


(သတင်းများကို http://swesonemedia.org မှ ထုတ်နှုတ်တင်ပြပါသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...