စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝါတွင်းမှာ တို့တတွေ ဘာလုပ်သင့်သလဲ ?


ဘုရားရှင်လက်ထက်တော် အခါက ရဟန်းတော်များဟာ ဘယ်ဒေသမှာ ရောက်ရောက် ၁-နှစ်ကို ၂-ခေါက် ဘုရားရှိရာကိုလာကြပါတယ်။ ဒါဖြင့် ဘယ်အချိန်တွေလာတာလဲ ၊ ဘာလုပ်မလို့ လာကြတာလဲဆိုတော့...........



ဝါဆို ဦးမှာ တစ်ခေါက်လာတယ်၊ ဘာလုပ်ဖို့လဲ ဆိုတော့ ဘုရားရှင်ဆီက မိမိတို့နှင့် သင့်လျော်မည့် ကမ္မဋ္ဌာန်း(အားထုတ်သင့်သည့်တရား)၊(တရားရဖို့ရာ သင့်လျော်မည့်) ဒေသတို့ကို  မေးမြန်းလျောက်ထားဖို့ရာ လာကြတာပါတဲ့။

ဒုတိယ တစ်ခေါက်က ဘယ်အချိန်လာတာလဲဆိုတော့ ၀ါကျွတ်တဲ့အခါ ( သီတင်းကျွတ်ပေါ့ဗျာ) ဘုရားဆီကို လာကြတယ်။ ဘာတွေလုပ်ဖို့လဲ ဆိုတော့ မိမိတို့ ၀ါတွင်းသုံးလပတ်လုံး ကျင့်သုံးအားထုတ်မှုမှ ရရှိလာတဲ့ အောင်မြင်မှုကိုလျှောက်ထားဖို့ ပါတဲ့။


ဒီလောက်ဆို ဉာဏ်ကောင်းတဲ့ မိတ်ဆွေများက ရိပ်မိလောက်ပြီ။

တို့တတွေ ဘာလုပ်သင့်သလဲ ? ဘာတွေသင်္ခန်းစာ ယူကြမလဲ ? အော် အရှင်ဘုရားလေးကလဲ ခက်ပါတော့မယ်။ ရဟန်းတွေလုပ်ကြတာ တပည့်တော်တို့နှင့် ဘာဆိုင်လို့လဲ ?

တပည့် တော်တို့နှင့် ရဟန်းတော်တွေကို မနှိုင်းပါနှင့်ဘုရား။ တပည့်တော်တို့က ကိုယ့်ဝမ်းစာရေးအတွက် ပြေးလွှားလုပ်ကိုင်နေရတာ။ ဘယ် ကမ္မဋ္ဌာန်းတရားမှလဲ အားထုတ်ဖို့ အချိန်ရမှာ မဟုတ်ဘူး။ ဒီလိုလေးများ ပြောဆိုလာဖွယ်ရာရှိပါတယ်။

ဘုရားရှင်ရဲ့တရားတော်များဟာ သူတပည့်သား ရဟန်းတော်၊ ရဟန်းမတွေ ကို  (Direct) ဟောပြောဆုံးမထားခဲ့တဲ့

တရားတွေဖြစ်လျှင်လည်း (Indirect) နည်းနဲ့ ဒါယကာ ၊ ဒါယိကာမတွေကိုလည်း ဟောတယ်လို့ ကောက်ယူရပါတယ်။သတ်မှတ်လို့ရပါတယ်။

 ကဲဒါဖြင့် ကိုယ်တော်ရယ် တပည့်တော်တို့က ဘာလုပ်ရမှာလဲ ....ဆိုတော့
 
ဝါဆိုဦးမှာ မိမိတို့လေးစားအပ်တဲ့ ဆရာတော်တစ်ပါးပါးထံ သွားလျောက်ပါ။ တပည့်တော်တို့ ၀ါတွင်းမှာ ဘယ်လိုတရားတော်များ အားထုတ်သင့်ပါသလဲ ( အားထုတ်ဖို့ရာ အချိန်မပေးနိုင်သူများက ဘယ်လိုဂါထာတော်၊ ပရိတ်တော် များ

ဘယ်နှစ်ခေါက်လောက် ၇ွတ်ပွားသင့်ပါသလဲ) ဒီလိုလျောက်ထားရမှာပါ။ ဒီအချိန်လေးကို လောက ဝေါဟာရနဲ့ပြော
 ရင်တော့ သင်တန်းယူချိန်(training time) လို့ဆိုရမှာပေါ့။

 ရဟန်းတော်များ ၀ါတွင်း၃လပတ်လုံး တရားအားထုတ်ကြသလို မိမိတို့လဲ မိမိနှင့် သင့်လျော်တဲ့ တရားအလုပ်လေးကိုကျိုးစား အားထုတ်ကြရမှာပါ။ ဒီအချိန်လေးကို လောက ဝေါဟာရနဲ့ ပြောမယ်ဆိုရင် ကျင့်သုံးချိန်(practicing time)လို့ ဆိုရပါမယ်။


 နောက် ၀ါကျွတ်လို့ ရဟန်းတော်များ ဘုရားထံလာပြီး သူတို့ရဲ့ အောင်မြင်မှုကို လျှောက်ထားကြသလို ....
 မိမိတို့မှာလဲ ၀ါတွင်းသုံးလပတ်လုံး ဘယ်တရားတော်ကို အားထုတ်တာ ဘယ်အဆင့်ရောက်ပါပြီ။
 ဘယ်လိုဂုဏ်တော်၊ ပရိတ်တော် ၊ ဂါထာတော်များကို ရွတ်ဖတ်ပူဇော်တာ ဘယ်လိုကောင်းကျိုးချမ်းသာများ ရပါပြီဆိုတာကိုလျှောက်ထားရပါမယ်တဲ့။ ဒီအချိန်ကို လောကဝေါဟာရနှင့်ပြောရလျှင် မိမိအောင်မြင်မှုကို ပြောဆိုလျှောက်ထားရမယ့်

အချိန်( congratulated time ) လို့ ပြောရမှာပါ။


 ကဲ ဒီလောက်ဆို ၀ါတွင်းမှာ တို့တတွေ ဘာလုပ်သင့်သလဲဆိုတာ သဘောပေါက်လောက်ပါပြီ။
 သဒ္ဓါတရား (confidence) တည်းဟူသော လက်ဖြင့် ၀ါဆိုဦးလက်ဆောင်လေးကို ယူနိုင်ကြပါစေလို့ ဆန္ဒပြုရင်း...........

မေတ္တာဖြင့်

အရှင်ပညာဝံသ (ဥပဒေ)၊ (B.A) 1st year (S.B.A)

ရွှေမဂ္ဂင်စာသင်တိုက် ၊ မန်းတောင်ခြေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...