စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ဆံပင်အရှည်ဆုံးကျေးရွာ..


ကမ္ဘာ့ နေရာဒေသ အသီးသီးက လူမျိုးတိုင်း လူမျိုး တိုင်းမှာ ကိုယ်ပိုင်ရိုးရာ ယုံကြည် မှုဓလေ့စရိုက် ကိုယ်စီရှိကြပါ တယ်။ အခုဒီတရုတ် အမျိုးသမီး တွေဆိုရင် ရိုးရာယုံကြည်မှုတိုင်း ဘိုးဘွားအစဉ်အဆက် ဆံပင်ရှည် ထားလာခဲ့ကြတာပါ။ ဒါကြောင့် သူတို့နေတဲ့ ရွာကိုတောင် ကမ္ဘာ့ ဆံပင်အရှည်ဆုံးရွာအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့က အသိအမှတ်ပြု လိုက်ပါပြီ။
တရုတ်နိုင်ငံ Huangluo Yao ကျေးရွာက လူနည်းစု Red Yao မျိုးနွယ်ဝင် အမျိုးသမီးတစ်ဦးရဲ့ ပျမ်းမျှ ဆံပင် အရှည်ဟာ (၅.၅)ပေရှိပြီး အရှည် ဆုံး (၆.၈) ပေခွဲအထိ ရှိကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အံ့ဩစရာ ကောင်းတာက သူတို့တစ်သက် အိမ် ထောင်ဖို့ ကြင်ဖက်မရှာခင် အသက် (၁၆)နှစ်အရွယ်မှာပဲ တစ်ကြိမ် ဆံပင် ညှပ်လေ့ရှိကြပါသတဲ့။
သူတို့ရဲ့ခင်ပွန်း နဲ့ သားသမီးတစ်ဦးဦးမြင်တာကိုပဲ အလွန်တန်ဖိုးထား လိုလားကြပါ တယ်။ ယောကျာ်းလေးတစ်ဦးကျွRed Yao မိန်းကလေးတစ်ဦးရဲ့ ဆံပင် ကို အမှတ်မထင် တွေ့ခဲ့မယ်ဆိုရင် အဲဒီယောကျာ်းလေးက မိန်းကလေးရဲ့ မိသားစုနေအိမ်မှာ သားသမက်အဖြစ် (၃)နှစ်မနေမဖြစ် နေပေးရပါသတဲ့။ အရင်တုန်းကဆိုရင် သူတို့ရဲ့ ဆံပင် ရှည်ကို မိသားစုဆွေမျိုးသားချင်း တွေကိုပဲ မြင်ခွင့်ပေးခဲ့ကြတာပါ။
အဲဒီ အစဉ်အလာကို ၁၉၈၇ ခုနှစ်မှာ စွန့် ပယ်ပြီး အခုတော့ သူတို့ရဲ့ရွာမှာ ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသ နေကြပါပြီ။ ဆံပင်ရှည်ရွာဆိုရင် တရုတ်နိုင်ငံမှာမသိသူမရှိသလောက် ပါပဲတဲ့။ ဒီလို ဆံပင်အရှည်ထား ခြင်းအားဖြင့် ကံကောင်းထောက်မ မှုတွေရရှိပြီး အသက်ရှည် ကျန်း မာချမ်းသာတတ်တယ်လို့ Red Yao လူမျိုးတွေက ယုံကြည်ကြပါ တယ်။ ဆံပင်ရှည်လေ ကံကောင်း လေပဲလို့ သူတို့က ယုံကြည်တာ ပါ။ နွေရာသီနဲ့ ဆောင်းဦးလတွေ ရောက်ပြီဆိုရင် Jinjiang မြစ်မှာ သူ တို့ရဲ့ ဆံပင်တွေကို ဆေးကြော လေ့ ရှိကြပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...