သင်္ကြန်ကျတော့မယ်ဆိုတော့ ငယ်ငယ်က အတာအိုးထိုးဘို့ ခြုံတိုးပြီး အတာပန်းတွေ၊ အရွက်တွေ ခူးတာ သတိရတယ်။ တို့ငယ်ငယ်က အိမ်အနားမှာ တောစပ်လေးရှိနေတော့ အဲဒီမှာ တောပန်းတောင်ပန်းတွေ၊သစ်ပင်တွေအလွန်ပေါတာကလား။ ဈေးကလဲအတော်ဝေးတော့ အတာအိုးအတွက် အပင်ပန်းခံသွားဝယ်မနေတော့ပဲ တောထဲပဲလိုက် ခူးကြတာပဲ။
နောက်ပြီးမှတ်မိတာ သင်္ကြန်ချိန်ခါဆို တောထဲမှာ ပန်းလေးတွေ ရောင်စုံလှိုင်လှိုင်ပွင့််ကြတယ်။ အဲဒီပန်းတွေကိုလည်း နာမည်မသိတော့ သင်္ကြန်ပန်းခေါ်ကြတာ။ ပန်းမသိ သင်္ကြန်ပန်းပဲဆိုတောင် ပြောစမှတ်ပြုကြတယ်။ နောက်မှ ကိုယ်ခေါ်တဲ့ ခရမ်းရောင် သင်္ကြန်ပန်းကို ပျဉ်းမပန်းတဲ့။ သင်္ကြန်နားနီးလို့ ငယ်မူပြန်ပြီး အမှတ်တရ အတာပန်းတွေ လိုက်ခူးချင်ပေမဲ့ စလုံးမြို့ကြီးမှာတော့ဖြင့် ဒဏ်ရိုက်မှာကြောက်လို့ မခူးရဲပေါင်…။
အွန်လိုင်းက ဂူဂဲတောထဲမှာပဲ လိုက်ရှာခူးတော့မယ်။
အွန်လိုင်း အတာအိုး (ရေးသားသူ - တီတီဆွိ)
သင်္ကြန်အကြိုနေ့ရောက်တာနဲ့ အဖွားက အိမ်ရှေ့မှာ ခုံလေးခင်းပြီး အတာအိုးလေးတပြင်ပြင်နဲ့ဖြစ်နေပြီ။ သကြားမင်းကိုကြိုဘို့တဲ့။ အဲသာဆို တို့ သူငယ်ချင်းတွေ မြွေမကြောက်၊ဘာမကြောက်နဲ့ တောတိုးပြီး အဖွားမှာတဲ့ အရွက်တွေအပြင် တောထဲက လှတယ်လို့ထင်တဲ့ ပန်းတွေ တပွေ့တပိုက်နဲ့ ခူးပြီး ပြန်လာတာပျော်စရာ။
အဲဒီတုံးက မာလကာရွက်၊ ဇီးရွက်၊ အုန်းရွက်၊ ကန့်ကော်ရွက်၊သပြေရွက်၊ မြေဇာရွက် အစရှိသဖြင့် အဖွားမှာတာခူးရတာ။ ရေတမာရွက်လဲပါတယ်ထင်တာပဲ။ သင်္ကြန်ချိန်မှာပွင့်တဲ့ ပိတောက်ပန်းတို့ဘာတို့လဲ အတာအိုးလေး ဝေစည်အောင် ထည့်ရသေးတယ်။ ပထမတော့ ဒီအရွက်တွေနဲ့ အတာအိုးထိုးတာ အဓိပ္ပါယ်ကို မသိဘူးရယ်။ အဘွားခူးခိုင်းတာ ခူးလိုက်တာပဲ။ နောက်မှ အဖွားက ၇ရက်သားသမီးများ ကျန်းမာချမ်းသာဘို့ရည်ရွယ်ပြီး နေ့နံ ၇ရက်ပြည့်အောင် အရွက်ကလေးတွေအစုံ ထည့်ရတယ်ဆိုတာ ပြောပြတယ်။ ဥပမာ တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊သြဇာရွက် ၊ တနင်္လာအတွက်ဆို ... က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ ... အင်္ဂင်္ါဆို ဇီးရွက်၊ ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊ ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊ သောကြာဆိုသပြေပန်း၊ စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့်ပေါ့။
ထူးဆန်းတာက အတာအိုးကို အဲလိုအရွက်တွေပဲ နေ့နံသင့်အောင် ထည့်တာများတယ်။ အိမ်မှာ နှင်းဆီပန်းတွေစိုက်လို့ နှင်းဆီလှိုင်လှိုင်ပေါပေမယ့် စနေအတွက်ဆို နှင်းဆီပန်းဘယ်တော့မှ မထည့်ပဲ တမာရွက်ပဲထည့်တာ ရှေးကအယူမှို့ စွဲနေသလား စဉ်းစားရတယ်။
ထူးဆန်းတာက အတာအိုးကို အဲလိုအရွက်တွေပဲ နေ့နံသင့်အောင် ထည့်တာများတယ်။ အိမ်မှာ နှင်းဆီပန်းတွေစိုက်လို့ နှင်းဆီလှိုင်လှိုင်ပေါပေမယ့် စနေအတွက်ဆို နှင်းဆီပန်းဘယ်တော့မှ မထည့်ပဲ တမာရွက်ပဲထည့်တာ ရှေးကအယူမှို့ စွဲနေသလား စဉ်းစားရတယ်။
နောက်ပြီးမှတ်မိတာ သင်္ကြန်ချိန်ခါဆို တောထဲမှာ ပန်းလေးတွေ ရောင်စုံလှိုင်လှိုင်ပွင့််ကြတယ်။ အဲဒီပန်းတွေကိုလည်း နာမည်မသိတော့ သင်္ကြန်ပန်းခေါ်ကြတာ။ ပန်းမသိ သင်္ကြန်ပန်းပဲဆိုတောင် ပြောစမှတ်ပြုကြတယ်။ နောက်မှ ကိုယ်ခေါ်တဲ့ ခရမ်းရောင် သင်္ကြန်ပန်းကို ပျဉ်းမပန်းတဲ့။ သင်္ကြန်နားနီးလို့ ငယ်မူပြန်ပြီး အမှတ်တရ အတာပန်းတွေ လိုက်ခူးချင်ပေမဲ့ စလုံးမြို့ကြီးမှာတော့ဖြင့် ဒဏ်ရိုက်မှာကြောက်လို့ မခူးရဲပေါင်…။
အွန်လိုင်းက ဂူဂဲတောထဲမှာပဲ လိုက်ရှာခူးတော့မယ်။
အွန်လိုင်း အတာအိုး (ရေးသားသူ - တီတီဆွိ)
No comments:
Post a Comment