စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာတွေအသိနည်းတဲ့ပြည်ပရောက် မြန်မာနွယ်ဖွားရုပ်ရှင်မင်းသားတစ်ယောက်

ကျွန်တော်ဒီတစ်ခေါက်တော့ မြန်မာတွေအသိနည်းတဲ့ ပြည်ပရောက်နာမည်ကြီး မြန်မာနွယ်ဖွားရုပ်ရှင်မင်းသားတစ်အကြောင်းရွှေမြန်မာတွေကို ဖေါက်သယ်ချချင်လို.ပါ ။ ကျွန်တော် သူမြန်မာလူမျိုးဆိုတာစသည်တာ ကျွန်တော် ၂၀၀၈ ခုနှစ်ဖိလစ်ပိုင်နိုင်ငံကိုရောက်တုန်းကပါ ။
စားသောက်ဆိုင်တစ်ခုမှာစားနေတုန်းသူ.ကို ABS-CBN Channel က အင်တာဗျူးနေတာကိုကြားလိုက်တော့ ကျွန်တော်စားလက်စ အစားအသောက်ကိုချပြီး တီဗွီကိုစိတ်ဝင်တစားကြည့်လိုက်မိပါတယ်။ တင်ဗွီအင်တာဗျူးသူကို မြန်မာဆိုတာကိုသိပ်ပြီးမသိကြတဲ့ဖိလစ်ပိုင်တွေကြားမှာ သူကသူကိုယ်သူ မြန်မာကပြားပါလို.ပြောသွားလို.ပါ။
Burmese လို.ပြောတော့ အင်တာဗျူးတဲ့သူကမသိတော့ မြန်မာ၊မြန်မာ လို.ထပ်ခါတလဲလဲ ပြန်ဖြေခဲ့တာကိုအခုထိအမှတ်ရလို.ပါ ၊ ဒါပေမယ့် အဲ့ဒီတုန်းက တစ်ခြားမြို.တစ်မြို.ကိုခရီးထွက်ရမှာဆိုတော့
စိတ်လောနေတာနဲ.သူနာမည်လည်းကောင်းကောင်း မမှတ်မိလိုက်ဘူး ၊ အခုမှအင်တာနက်ပေါ်မှာမွေနှောက်ရင်းသွားတွေ.တာနဲ.ပြန်သတိရလိုတင်လိုက်တာ ။
သူဟာ Australia နိုင်ငံသားတစ်ယောက်ဖြစ်ပေမယ့် မိမိမျိုးနွယ်ကို မမေ့တတ်သူဖြစ်သောကြောင့်ဂုဏ်ပြုတဲ့သဘောနဲ.ရေးလိုက်တာပါ ။
သူကတော့ ဖိလစ်ပိုင်နိုင်ငံရုပ်ရှင်လောကမှာအောင်မြင်မှုရနေတဲ့
Marc Nelson အကြောင်းပါ။ နာမည်အပြည့်အစုံကတော့ Marc Saw Nelson ပါ။
ဖေဖေါ်ဝါရီလ ၁၄ ရက်မွေးပြီး ၊ (နှစ်မသိရ) ၊ စကောတလန်၊မြန်မာနွယ်ဖွားအမေ နဲ. မြန်မာတစ်ရုတ်နွယ်ဖွားအဖေတို.ကမွေးဖွားတာပါ ။နောက်ပိုင်း Australia မှာအခြေချနေထိုင်ခဲ့ပြီး ဖိလစ်ပိုင်ရုပ်ရှင်လောကကိုဝင်ရောက်ပြီးအောင်မြင်ကျော်ကြားလာသူပါ။ သူကို l Sports Unlimited on ABS-CBN , The Duke with Rovilson Fernandez in AXN Asia, and Dare Duo (also with Rovilson) on QTV 11 ဖိလစ်ပိုင်ရဲ့တဲ့နာမည်ကြီးတီဗွီ Channel တွေမှာတွေ.နိုင်မြင်မှာပါ ။
သူ.ရဲ့ Official Website ကတော့ http://marcnelsononline.com/ ပါ ။
သူ.အကြောင်းအချက်အလက်အချို.ကို ၀ီကိမှာလည်းရှာဖွေတွေ.နိုင်ပါတယ် ။
Youtube မှာလည်းရှာဖွေကြည့်ရှုနိုင်ပါတယ် ။
တဆင့်ဖော်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...