စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဓာတ်ခွဲခန်းထဲက ခေါင်းဆောင်များ

by Nyolinn Htun on Monday, April 16, 2012 at 1:54am ·

သူ့ဓာတ်ခွဲခန်းထဲက ခေါင်းဆောင်များ

နိုင်ငံ့ခေါင်းဆောင်ဆိုသူများသည် ဖြစ်ရပ်မှန်သမျှကို သေ ချာဂန သိရှိထားရန်အတွက် ကြိုးစားအားထုတ်လေ့ရှိ ကြ၏။
ဖြစ်ရပ်တစ်ခု၏ အခြေအနေအရပ်ရပ်နှင့် တိကျသေချာ သော အချက်အလက်များရရှိရန် နည်းလမ်းအဖုံဖုံကို အသုံးပြု
တတ်ကြသည်။


ဆုံးဖြတ်ချက်တစ်ခု ချမှတ်သည့်အခါ မိမိ၏စိတ်ထား၊ မိမိ၏ အပြုအမူ၊ အရိုးစွဲနေပြီဖြစ်သော မိမိ၏အမူအကျင့် များကို
မလွဲမသွေ အသုံးချမိလျက်သား ဖြစ်နေတတ် သည်။ တိကျစွာဆိုရလျှင် ဆုံးဖြတ်ချက်တိုင်း၌ မိမိ၏ လက်ရာကို
အထင်းသားတွေ့ရသည်။


သတင်းရင်းမြစ်ထဲမှ မှားယွင်းသော အချက်အလက် များကို အခြေခံကာ ကောက်ချက်ချမိခြင်း၊ တွက်ချက် သုံးသပ်မိ
ခြင်း၊ လွဲမှားသော မူဝါဒချမှတ်မိခြင်းများနှင့် လည်း ကြုံရတတ်သည်။

အထက်ပါအချက်အလက်များဖြင့် ပြည့်လျှမ်းနေသော နိုင်ငံတကာသမိုင်းဖြစ်ရပ်များကိုလည်း အထင်ကရတွေ့ နိုင်ပါ၏။


အထူးသဖြင့် အမေရိကန်သမ္မတများသည် နိုင်ငံတကာ အခင်းအကျင်း၌ တစ်ထောင့်တစ်နေရာမှ ပါဝင်နေသည့် အခြား
တစ်ဘက်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အစဉ်ထိတွေ့ ဆက်ဆံနေရသည်။ ထိုအခါ မိမိတွေ့ဆုံဆွေးနွေး သို့မဟုတ်
သာမန်စကား ပြောမည့် အခြားနိုင်ငံမှ ပုဂ္ဂိုလ်သည် မည်သို့သောသူနည်း ဆိုသည်ကို သိရှိထားရန် မလွဲမသွေ
လိုအပ်သည်။ သာမန်အားဖြင့် ယင်းကိစ္စရပ်ကို နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် သတင်းထောက်လှမ်းရေးအဖွဲ့များက
ကြိုတင်ပြုစု ပေးထားလေ့ရှိသည်။ ဤသည်မှာ လုပ်ရိုးလုပ်စဉ် လုပ်ငန်း တစ်ခုသာဖြစ်ပါ၏။


သို့သော် ယင်းသို့သော တာဝန်အရ ပြုစုပေးသော အချက်အလက်များထက် ပို၍ထဲထဲဝင်ဝင် စူးစူးနစ်နစ် လေ့လာ
တတ်သည့် ပညာရှင်တစ်ဦးဦး၏ ယင်းပုဂ္ဂိုလ်အပေါ် အမြင်နှင့် သုံးသပ်ချက်ကိုလည်း သိရှိထားဖို့လိုလာပြန်သည်။
ပမာအားဖြင့် ထိုသူ၏ အမူအကျင့်၊ သူနှစ်သက်သော၊ သူမုန်း တီးသောကိစ္စများကိုပါ ကြိုတင်သိရှိထားလိုခြင်းမျိုး
ဖြစ်သည်။ အထက်ပါကိစ္စရပ်မျိုး၊ အချက်အလက်မျိုးသည် နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် ထောက်လှမ်းရေးတပ်ဖွဲ့တို့
က ပြုစုပေး သော အစီရင်ခံစာ၌ ပါမလာတတ်ကြပေ။



အထင်ကရ သမိုင်းဖြစ်ရပ်များ၌ အထက်ပါ အချက် အလက်မျိုးကို နိုင်ငံ့ခေါင်းဆောင်များက ကြိုတင်မသိရှိခဲ့ကြ၍
ဆုံးဖြတ်ချက်အမှားများ ချမိတတ်သည်ကို သိရှိထား၍ဖြစ်သည်။


ပမာအားဖြင့် စစ်အေးကာလတွင် ဆိုဗီယက်တို့၏ ထောက်လှမ်းရေး ကေဂျီဘြွီု ကို အဆင့်မြင့် ထောက်လှမ်းရေး
သမားများဖြင့် ဖွဲ့စည်းထားသည်ဟု လက်ခံထားပါလျက်၊ ဟစ်တလာ၏ မထင်မှတ်သော အပြုအမူမျိုး ရုတ်တရက်
ထလုပ်တတ်သည့် အမူအကျင့်ကို ကြိုမသိခဲ့ခြင်းကြောင့် စတာလင်၏ခန့်မှန်းမှုများလွဲခဲ့သည်။



ကေဂျီဘီ ထောက်လှမ်းရေးအဖွဲ့၏ ဟစ်တလာအပေါ် ခန့်မှန်းချက်များ၌ ယင်းအချက်မပါရှိ။ နိုင်ငံခြားရေးဝန်ကြီး
ဌာန၏တင်ပြမှု၌လည်း ယင်းအချက်တစ်စွန်းတစ်စမျှ မပါရှိခဲ့ဟုဆိုသည်။


ဟစ်တလာက ဆိုဗီယက်နိုင်ငံအား ဝင်တိုက်လိမ့် မည်ဆိုသည်ကို စတာလင် လုံးဝကြိုတင်မသိရှိခဲ့။ မခန့်မှန်းနိုင်ခဲ့ဟု
သမိုင်းသုတေသီများက သုံးသပ်ခဲ့ကြ သည်။



၁၉၅ဝ ခုနှစ် တောင်၊ မြောက်ကိုရီးယားစစ်ပွဲ၌ တရုတ်ကွန်မြူနစ်ခေါင်းဆောင်များ၏ စိတ်ဓာတ်နှင့် ပြုမူ တတ်ပုံ၊ တန်ဖိုး
ထားမှုများကို အမေရိကန်သမ္မတ ထရူး မင်းမသိရှိ၊ မတွက်ဆနိုင်၍ မြောက်ကိုရီးယားနိုင်ငံတွင်း သို့ဝင်ရောက်တိုက်
ခိုက်ရန် ဆုံးဖြတ်မိခြင်းသည် သမိုင်း၌ အမှားတစ်ခု အဖြစ်ကျန်ခဲ့သည်။



အမေရိကန်၊ ဖလော်ရီဒါအငူနှင့် မိုင်အနည်းငယ်သာ ကွာဝေးသော ကျူးဘားကျွန်းနိုင်ငံတွင်း၌ ဆိုဗီယက် တို့က
ဒုံးကျည်စခန်းများချထား၍ အမေရိကန်နှင့် ဆိုဗီ ယက်တို့တင်းမာမှုဖြစ်ခဲ့သည်။ ထိုစဉ်က အမေရိကန် သမ္မတ ကနေဒီ
အပေါ် ဆိုဗီယက်ခေါင်းဆောင် ခရူးရှော့ ၏အမြင်မှာ ကနေဒီသည် အသက်ငယ်သည်။ အတွေ့ အကြုံမရှိ၊ စကားပြော
လျှင်ပင် လေပျော့ကလေးနှင့်ပြော တတ်သဖြင့် နူးညံ့သည့်သဘောထားရှိသည်။ အင်နှင့် အားပြည့်စုံသော
ခေါင်းဆောင်မှုမျိုးမဟုတ်။ ကနေဒီကဲ့ သို့သော ခေါင်းဆောင်မျိုးကို အင်နှင့်အားနှင့် ဖိတွန်း လိုက်လျှင်မခံနိုင်။
နောက်ဆုတ်သွားမည်ဟု သဘော ပေါက်ထားခဲ့သည်။



ထို့ပြင် သာမန်စဉ်းစားချင့်ချိန် တတ်သည့် ပုဂ္ဂိုလ်မျိုးဆိုလျှင် ကျူး ဘားနိုင်ငံ၌ ဒုံးကျည်စခန်းဆောက် လုပ်နေရာချထား
မှုကို စွန့်စွန့်စားစား နှင့်ဖယ်ရှားရဲမည်မဟုတ်။ အာခံရဲမည် မဟုတ်ဟုလျှော့ တွက်ထားခဲ့သည်။



ဆိုဗီယက်ခေါင်းဆောင် ခရူးရှော့ ၏နားလည်ဆုံးဖြတ်မှုအမှားဖြစ်ခဲ့သည်။ ခရူးရှော့ရရှိခဲ့သည့် အစီရင်ခံစာများ၌
ကနေဒီ၏စိတ်အတွင်းသဘော တင်ပြ ချက်မပါရှိ၊ ကနေဒီ၏ဘေး၌ ဝန်းရံနေ သော အကြံပေးပုဂ္ဂိုလ်များအပေါ်
လေ့လာထားမှုမပါရှိ၍ ခရူးရှော့ အနေ ဖြင့် ဆုံးဖြတ်ချက်မှားခဲ့သည်ဟု သမိုင်း သုတေသီများက ဆိုခဲ့ကြသည်။


အထက်ပါကဲ့သို့ဖြစ်ရပ်များ၊ များစွာရှိပါ၏။ သို့ဖြစ်၍ နိုင်ငံခေါင်း ဆောင် အများအပြားသည် ထိုကဲ့သို့ အမှားမျိုး
ထပ်မံအဖြစ်မခံလိုတော့ပေ။


ထို့ကြောင့် သက်ဆိုင်ရာ နိုင်ငံ အလိုက် ဒေသဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များကို ရှာဖွေခန့်ထားကြရ သည်။
ဘာသာရပ်ဆိုင်ရာအလိုက် ပညာရှင်များကို အထူးဂရုစိုက်ရှာဖွေ၍ တာဝန်ပေးအပ်လေ့ရှိကြသည်။



အထက်ပါဖြစ်ရပ်များအပေါ် အခြေခံထားကာ အမေရိကန်ဗဟို ထောက်လှမ်းရေး CIA ၌ အဖွဲ့ငယ် တစ်ခုဖွဲ့စည်းခဲ့
သည်။ ယင်းအဖွဲ့၏ အမည်မှာ ပုဂ္ဂလစရိုက်လက္ခဏာနှင့် နိုင်ငံရေးအမူအကျင့်များ ခွဲခြမ်းစိတ် ဖြာလေ့လာရေးဗဟို
ဌာန-Center for the Analysis of Personality and Political Behavior - CAPPB ဖြစ် သည်။



ယင်းအဖွဲ့ကို ဖွဲ့စည်းထားခဲ့သည် မှာ လွန်ခဲ့သည့် နှစ် ၃ဝ ခန့်ကဖြစ် သည်။ စတင်တာဝန်ယူခဲ့သူမှာ ဂျရိုး ပို့စ်
Jerrold Post ဆိုသူဖြစ်၏။


ပို့စ်သည် လူတစ်ဦးချင်း၏ ထူး ခြားသော အမူအကျင့်၊ စိတ်ထား၊ စံထားသည့်အရာ၊ တန်ဖိုးထားသည် အရာများကို
နှစ်ပေါင်းများစွာ ခွဲခြမ်း စိတ်ဖြာလေ့လာခဲ့သည့် ပညာရှင်တစ် ဦးဖြစ်သည်။ ပို့စ်တာဝန်ယူခဲ့သည့် ထူးခြား ဖြစ်စဉ်များ
၌ အမေရိကန်သမ္မတ ဂျင် မီကာတာလက်ထက် ဒေးဗစ် စခန်း- Camp David ၌ပြုလုပ်သည့် အစ္စရေး နှင့် အီဂျစ်
ခေါင်းဆောင်တို့၏ငြိမ်းချမ်း ရေး ဆွေးနွေးပွဲသည် အဓိကအချက် ဖြစ်ခဲ့၏။



အီဂျစ်သမ္မတ အန်ဝါဆာဒတ် Anwar Sadat နှင့် အစ္စရေးဝန်ကြီးချုပ် မီနာချင်ဘီဂင် Menachen Begin တို့ တစ်ဦး
ချင်း၏ ပင်ကိုစိတ်သဘော ထား၊ စရိုက်၊ သူတို့ဖြတ်သန်းခဲ့သည့် နိုင်ငံရေးဘဝ၊ မဆွကာလက ဆုံးဖြတ်ချက်ချခဲ့မှု
များပါ လေ့လာသုံး သပ်စုစည်းကာ တင်ပြခဲ့ရသည်။


ပို့စ်၏ အားထုတ်ကြိုးပမ်း၊ တီ ထွင်တင်ပြမှုကြောင့်ပင် CIA အဖွဲ့ကြီး ၌ ဌာနသစ်တစ်ခု၊ ဘာသာရပ်တစ်ခု၊ လေ့လာမှု
ရှုထောင့်တစ်ခုတိုးကာ ၁၉၇၉ ခုနှစ်၌ ထောက်လှမ်းရေး အတွက် သီးသန့်အမြင့်ဆုံးဂုဏ်ထူးဆောင် Intelligence
Medal of Merit ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရသည်။


ပို့စ်သည် ၁၉၈၇ ခုနှစ်တွင် CIA မှ အနားယူကာ ဂျော့ဝါရှင်တန် တက္ကသိုလ်၌ စိတ်ကုသမှုဌာနနှင့် နိုင်ငံရေးစိတ်ပညာ
အစီအစဉ်၏ ညွှန်ကြားရေးမှူးတာဝန်များ ထမ်း ဆောင်နေပြီဖြစ်သည်။




ပါမောက္ခ ဂျရိုးပို့စ်၏ စိတ်ဝင်စားဖွယ်ဖြစ်ရပ်အစ
ပါမောက္ခ ဂျရိုးပို့စ်က သူ၏နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်များ၏ အမူအကျင့်များ စာအုပ်အဖွင့်၌ ရေးပြ ထားသည်က
ပင် စိတ်ဝင်စားဖွယ်ဖြစ် ပါ၏။


''...ကျွန်တော်ဟာ ဘဝတစ် လျှောက်လုံး စိတ်ကုသမှုပညာရပ်နဲ့ နေလာခဲ့သူပါ။ ဒါပေမယ့် တစ်နေ့မှာ ရယ်စရာဖြစ်
ရပ်တစ်ခုလို့ ဆိုရမယ့် အဖြစ်တစ်ခုနဲ့ကြုံရပါတော့တယ်။ အဲဒီတုန်းက အမျိုးသားစိတ်ကျန်းမာ ရေးနည်းပညာသိပ္ပံ
National Institute of Mental Health မှာ ကုသရေး ဆိုင်ရာ အမှုဆောင်တာဝန်ခံတစ်ဦး အနေနဲ့ နောက်ဆုံးနှစ်
တာဝန်ထမ်း ဆောင်နေချိန်ပါ။ အစီအစဉ်ကလဲ ဆွဲပြီးသားပါ။ ဘော့စတွန်မြို့ကို ကျွန်တော်သွားရမယ်။ ဟားဗတ်
တက္ကသိုလ်ဆေးပညာဌာနလက်အောက် ခံ စိတ်ကုသရေးဌာနမှာ တာဝန်ခံအဖြစ်ခန့်အပ်ထားလို့ပါ။



''အဲဒီအချိန်မှာ ဖုန်းခေါ်သံတစ် ခုပေါ်လာတယ်။ ဆေးတက္ကသိုလ်က မိတ်ဆွေရင်းခြာတစ်ဦးက ထူးဆန်း တဲ့စကား
တွေကို ဖုန်းနဲ့ပြောခဲ့တယ်။ အလွန်ထူးဆန်းတဲ့ အလုပ်တစ်ခုပေါ် လာတဲ့အတွက် ဆွေးနွေးချင်လို့ပါတဲ့။ ကျွန်တော့်
စိတ်ထဲမှာလဲ အံ့အားသင့် ပြီးနေ့လယ်စာ စားချိန်တွေ့ရအောင် လို့ချိန်းလိုက်တယ်။



''ကျွန်တော့်အတွက် သိပ်အံ့အား သင့်သွားတဲ့ဖြစ်ရပ်နဲ့ ကြုံရတော့တာ ပါပဲ။ နိုင်ငံတကာက ခေါင်းဆောင် တွေနဲ့
ပတ်သက်တဲ့ နိုင်ငံရေးအမူ အကျင့်၊ သူတို့ရဲ့စိတ်နဲ့၊ ကိုယ်အမူ အကျင့်တွေကို တစ်နည်းတစ်ဖုံ လေ့ လာသုံးသပ်ရ
မယ့် စဦးအစီအစဉ်မှာ ကျွန်တော်က စဦးတီထွင်လုပ်ပေးရ မယ့် တာဝန်အနေနဲ့ ခန့်အပ်လိုက် တယ်ဆိုတဲ့
သတင်းကိုကြားရလို့ပါ။



''အဲဒီဌာနခွဲဟာ CIA အဖွဲ့ရဲ့ လက်အောက်မှာရှိပေမယ့် သုံးသပ်မှု၊ လေ့လာမှု စတဲ့လုပ်ငန်းအဝဝကို မိမိ တို့သဘော
ဆန္ဒအရ ဆောင်ရွက်ခွင့် ရှိပါတယ်။ ဆိုလိုတာက နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ သီး ခြားလေ့လာထား
တဲ့ သူတို့ရဲ့ဘဝ အတွင်းရေး၊ ထဲထဲဝင်ဝင် လေ့လာ ထားမှုတွေကို သမ္မတထံ တိုက်ရိုက် တင်ပြဖို့၊ နိုင်ငံခြားရေးဝန်
ကြီး၊ ကာ ကွယ်ရေးဝန်ကြီးနဲ့ အဆင့်မြင့် အစိုးရ တာဝန်ခံအရာရှိကြီးတွေအနေနဲ့ ထိပ် သီးအစည်းအဝေးတွေ
တက်ရတဲ့ အခါ လိုအပ်တဲ့အချက်အလက်တွေ ကိုတိုက်ရိုက်ပေးပို့ရပါတယ်။ အဆင့် မြင့်တွေ့ဆုံဆွေးနွေး ညှိနှိုင်း
ရတဲ့အခါ မျိုးမှာ ဘယ်သူတစ်ဦးတစ်ယောက် ကမှ ကြားကနေ တစ်ဆင့်မသွားရဘဲ ကျွန်တော်တို့ ဌာနခွဲက တိုက်ရိုက်
တင်ပြခွင့်ပေးထားတဲ့အဓိပ္ပာယ်ပါ။



''ကျွန်တော့်အနေနဲ့ စိတ်ပါဝင် စားခဲ့တဲ့ လုပ်ငန်းသဘာဝတစ်ခုလဲ ဖြစ်နေပါတယ်။ မတူကွဲပြားတဲ့အမူ အကျင့်ရှိတဲ့
လက္ခဏာတွေကို နှစ် ပေါင်းများစွာ စုစည်းထားတတ်တဲ့ ပညာရပ်ဆိုင်ရာကိစ္စမျိုးကို ကျွန်တော် ကစိတ်ဝင်စားတဲ့သူ
ပါ။ ကျွန်တော့် အတွက် ပညာရပ်ဆိုင်ရာမှာ ထပ်မံ သုတေသနလုပ်နေသလို၊ ပညာရပ် ဆိုင်ရာ နယ်ပယ်သစ်တစ်ခုထဲ
ပြန် လည်ကျက်စားရသလိုအဖြစ်မျိုးဆိုတာ ပညာရှင်တွေ ပီတိခံစားနိုင်တဲ့ဘဝမျိုး ပြန်ရောက်ခဲ့ရပါတယ်။



''စီမံကိန်းတစ်ခုကို နှစ်နှစ်ကြာ ခွဲခြားသတ်မှတ်ပြီး၊ ၂၁ နှစ်အကြာ မှာတော့ အဲဒီစီမံကိန်းဟာ လုံးဝပြီး စီးသွားခဲ့ပါ
တယ်။ ၁၉၆၅ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်ကာလအထိပေါ့။ အဲဒီ ၂၁ နှစ်ကာလဟာ နှစ်ပေါင်းရှည်ကြာ လှတဲ့ ပညာရပ်
ဆိုင်ရာ ပင်ပန်းခြင်း ကြီးစွာ စွန့်စားဖြတ်သန်းခဲ့ရတဲ့ ခရီး ရှည်ကြီးတစ်ခုလို့ ဆိုနိုင်ပါတယ်။



''အခုတော့ ပုံသဏ္ဌာန်တစ်ခု အနေနဲ့ အထင်အရှားတွေ့နေရပါပြီ။ စိတ်ကုသမှုပညာရပ်အရ လူတစ် ယောက်မှာ
အတိတ်နဲ့ပစ္စုပ္ပန်က ရရှိ လာတဲ့အတွေ့အကြုံတွေကနေ သူ့ အတွက်သီးခြား ပြုမူတဲ့ပုံစံ sychodynamic Psychiatry
ပညာရပ် တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပညာရပ်အတွက်လုံလောက်မှုမရှိ တော့ဘူးဆိုတာလဲ တွေ့လာရပါတယ်။


''နိုင်ငံရေး ခေါင်းဆောင်တွေကို လေ့လာသုံးသပ်တဲ့အခါ တိကျသေ ချာတဲ့ အချက်အလက်တွေရဖို့ဆိုတာ ကတော့
နိုင်ငံရေးသမားတစ်ယောက်အတွက် နိုင်ငံရေးအခင်းအကျင်း၊ ဝန်းကျင်၊ သူဖြတ်သန်းခဲ့တဲ့ကာလမှာ သူ ဘယ်လိုပြုမူ
ဆက်ဆံခဲ့သလဲ၊ သူ့နိုင်ငံရေး အမြင်တွေမှာ ဘယ် အချက်တွေပါနေသလဲ။ ဘယ်အချက် တွေက လွှမ်းမိုးထားသလဲ။
ဘယ် အချက်တွေ ရှာလို့မတွေ့ရသလဲ။ ဘယ်အချက်တွေ လိုအပ်နေသလဲ။ ဆုံးဖြတ်ချက်ချတဲ့အခါ လိုအပ်နေတာ
က ဘာတွေလဲ။ ဒါတွေကို စိတ်ကုသ မှုဆရာဝန်နဲ့ စိတ်ပညာရှင်တွေက သူ့ ကဏ္ဍနဲ့သူ ခွဲခြမ်းစိတ်ဖြာလေ့လာ
ကြတာပဲ ဖြစ်ပါတယ်။



''ဒါကြောင့်လဲ ကျွန်တော်ဦး ဆောင်ဖွဲ့စည်းခဲ့ရတဲ့ ဌာနခွဲအတွက် အထူးလိုအပ်တဲ့ ကျွမ်းကျင်သူ ပညာရှင်တွေကိုပါ
ရှာဖွေရပါတယ်။ မနုဿ ဗေဒဆိုင်ရာ ယဉ်ကျေးမှုအချက် အလက်တွေအထိ ဖြည့်ဆည်းထားခဲ့ ရပါတယ်။


''ယဉ်ကျေးမှုဟာ လူတစ်ဦးရဲ့ ပုံပန်းသဏ္ဌာန်ကို ဘယ်လိုဖော်ဆောင် သလဲ။ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေး၊ နိုင်ငံရေး
နဲ့သိပ္ပံပညာ။ ခေါင်းဆောင် ဖြစ်လာရတဲ့အကြောင်းရင်း။ စိတ် ပညာနဲ့ကုသမှု။ လူမှုစိတ်ပညာနဲ့ သမိုင်းဘာသာရပ်
စတဲ့အကြောင်း အရာတွေကို သူ့ဘာသာရပ်ခေါင်းစဉ် နဲ့သူ ကျွမ်းကျင်သူတွေက ရှာဖွေ လေ့လာပေးခဲ့ပါတယ်။



''ပုံစံတစ်ခုအနေနဲ့ ပြောရရင်၊ နိုင်ငံတကာက ခေါင်းဆောင်တွေအား လုံးကို အနီးကပ်လေ့လာမှုတွေလုပ်ခဲ့ ကြပါတယ်။
ပုဂ္ဂိုလ်တစ်ဦးချင်းကို အဖွဲ့တစ်စုဖွဲ့ပြီး သူ့ကျွမ်းကျင်ရာ ဘာ သာရပ်၊ သူ့လေ့လာထားရာ ရှုထောင့် ကနေ အပြန်ပြန်
အလှန်လှန် သုံးသပ် ကြတာပါ။


''ဥပမာအဖြစ်ပြောရရင် စိတ်ကု သမှုပညာရှင်က သူ့တာဝန်နဲ့၊ သူ့ နည်းနဲ့သူချည်းကပ်နေတဲ့အခါ သူနဲ့ အတူ
မနုဿဗေဒပညာရှင်ကလဲ အနားကနေ သူ့အမြင်နဲ့သူလေ့လာနေ တဲ့သဘောပါ။ တစ်ချိန်တည်းမှာ စိတ် ကုဆရာဝန်
ကလဲ သူ့အနေနဲ့ ဘယ် လိုပုံ ဘယ်လိုနည်းနဲ့ကုသရင် အဖြေတစ်ခုရမလဲလို့ အနားကနေ စောင့် ကြည့်လေ့လာနေ
တဲ့ သဘောပါ။ သူတို့နဲ့အတူ နိုင်ငံရေး လူမှုဗေဒပညာ ရှင်တွေလဲ ရှိနေပါတယ်။


''အခုလို လေ့လာမှုတွေ ပြုလုပ် ကြတဲ့ စူးစမ်းမှုမျိုးကို မူဝါဒချမှတ်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးတွေက သိပ် သဘောကျ
စိတ်ဝင်စားခဲ့ကြပါတယ်။


''အဲဒီအချိန်မှာ အရေးပါတဲ့ ဖြစ်ရပ်တစ်ခုကလဲ ပေါ်ပေါက်ခဲ့တယ် လေ။ ဒါကလဲ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ကြီးတွေ
အတွက် ပြင်ဆင်ပေး ရဖို့ လက်ခံလိုက်ရတဲ့ စီမံကိန်းလို ကိစ္စရပ်တစ်ခုပါပဲ။


''အဲဒါကတော့ ဒေးဗစ်စခန်း Camp David မှာကျင်းပမယ့် ထိပ် သီးအစည်းအဝေးအတွက် အသင့်ဖြစ် စေဖို့
စီစဉ်ပေးရခြင်းပါ။ ''ဒေးဗစ်စခန်းမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် မီနာချမ်ဘီဂင်နဲ့
အီဂျစ်သမ္မတကြီး အန်ဝါဆဒတ် တို့ တက်ရောက်မှာဖြစ်ပါတယ်။

''ဒီအစီအစဉ်ကို တာဝန်ယူ ကျင်းပပေးခဲ့ရတဲ့ ပုဂ္ဂိုလ်ကတော့ အမေရိကန်သမ္မတ ဂျင်မီကာတာပဲ ဖြစ်ပါတယ်။
သမ္မတကာတာရဲ့ညှိနှိုင်း အကြံပြုဖိတ်ခေါ်ချက်နဲ့ ၁၉၇၈ ခုနှစ် မှာ အထက်ဖော်ပြပါ ပုဂ္ဂိုလ်ကြီးနှစ်ဦး တွေ့ကြတာပါ။


''သမ္မတကာတာ ကြိုတင်ပြော ထားတာကတော့ ကျွန်တော်တို့ရဲ့လေ့ လာသုံးသပ်မှုတွေကနေ ထွက်ပေါ်လာမယ့်
အဖြေဟာ သိပ်အရေးပါတယ် တဲ့။ ဘာကြောင့်လဲဆိုတော့ အဲဒီ အဖြေကိုကြည့်ပြီး နှစ်ဘက်ညှိနှိုင်းမှု ဆွေးနွေးပွဲ
အတွက် သူက မဟာဗျူဟာ နည်းဗျူဟာတွေချတဲ့အခါမှာ အဓိက အချက်ဖြစ်နေမှာမို့လို့ ဆိုပါတယ်။


''ဆိုလိုတာက ဒေးဗစ်စခန်းဆွေး နွေးပွဲရဲ့ အခြေခံအချက်တွေကို ကျွန် တော်တို့တွေ့ရှိချက်တွေနဲ့ ခင်းကျင်း ပြီးနည်း
ဗျူဟာတည်ဆောက်ရမယ့် အဓိပ္ပာယ်ပါ။ ''ဒေးဗစ်စခန်း ဆွေးနွေးပွဲပြီး သွားတဲ့အခါမှာ သမ္မတကာတာက ကျွန်တော်တို့
ပြင်ဆင်ပေးလိုက်တဲ့ အထက်ပါပုဂ္ဂိုလ်ကြီးနှစ်ဦးရဲ့ ကိုယ် ရေးကိုယ်တာ၊ အမူအကျင့်တွေနဲ့ ပတ်သက်တဲ့ တင်ပြချက်
တွေဟာ ပြီး ပြည့်စုံလွန်းလို့၊ သူ့အနေနဲ့ တစ်လုံး တစ်ပါဒမှ ပြင်ဆင်ဖို့ မလိုခဲ့ဘူးလို့ ချီးကျူးစကားပြောခဲ့ပါတယ်။




၉။၁၁ နှင့်ပတ်သက်၍ ဂျရိုးပို့စ်၏အမြင်
စက်တင်ဘာ ၁၁ ရက်၊ ၂ဝဝ၁ နေ့သည် ကမ္ဘာကြီးတစ်ခုလုံးပြောင်း လဲသွားသည့်နေ့ဖြစ်သည်ကို ကျွန် တော်တို့
သိပြီးဖြစ်ပါ၏။ ထိုဖြစ်ရပ် သည် မြေငလျင်တစ်ခုလှုပ်ခတ်လိုက် သည့်အလား ပြောင်းလဲကြီးတစ်ခု အခြေအနေ
သို့ကမ္ဘာကြီးရောက်သွားသည်ဟု ယူဆ၍ရသည်။


အယ်လ်ကိုင်ဒါအသေခံ ပြန်ပေး သမားများ၏ပူးပေါင်းတိုက်ခိုက်မှုသည် နယူးယောက်နှင့် ဝါရှင်တန်ဒီစီတို့ အား
အဓိကပစ်မှတ်ထားခြင်းဖြစ်၏။ အမေရိကန်တို့၏ စွမ်းအားလက္ခဏာ ပုံရိပ်ကို တိုက်ခိုက်ခြင်းဟုဆိုနိုင်၏။


အမေရိကန်စွမ်းအား လက္ခဏာ ပြယုဂ်များမှာ နိုင်ငံ၏ စီးပွားရေး နိမိတ်ပုံဖြစ်သည့် ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန။
အမေရိကန်နိုင်ငံ၏ စစ်ရေး အင်အားကြီးမားမှု နိမိတ်ပုံဖြစ်သည့် ပဉ္စဂံပုံ ပင်တာဂွန်စစ်ဌာနချုပ်။ အမေရိ ကန်၏ နိုင်ငံ
ရေးနိမိတ်ပုံဖြစ်သော အိမ် ဖြူတော်နှင့် ကက်ပီတယ်လွှတ်တော် အဆောက်အအုံ။


ထိုနေရာအားလုံးသာ ထိခိုက် ပျက်စီးသွားပါက အမေရိကန်နိုင်ငံ သားအားလုံး၊ နိုင်ငံတစ်ခုလုံး ထိန်း ချုပ်၍မရနိုင်
သည့် အဖြစ်မျိုးနှင့် ရင် ဆိုင်ရနိုင်သည်။


ယင်း 9/11 ဖြစ်ရပ်နှင့် ရင်ဆိုင်ခဲ့ ရပြီး သီတင်းတစ်ပတ်အကြာ၌ ကွန် ဂရက်လွှတ်တော်တွင်း သမ္မတဘုရှ် မိန့်ခွန်းပြော
စဉ် မေးခွန်းတစ်ခု ဖော် ထုတ်ကာ မေးမြန်းခဲ့သည်။ ''ဘာ ကြောင့် သူတို့က ကျုပ်တို့ကို အခုလို မုန်းတီးကြရတာလဲ''။
ထို မေးခွန်း နှင့် တစ်ဆက်တည်း အခြားမေးခွန်းများစွာတို့ပေါ်ထွက်လာခဲ့သည်။


လူနည်းစု အကြမ်းဖက်သမား တစ်ဖွဲ့အား တစ်ခုတည်းသော မဟာ အင်အားကြီးနိုင်ငံကြီးက ဒူးထောက် အညံ့ခံရသည့်
အဖြစ်မျိုးရောက်စေရန် အဘယ်သို့သော လုပ်ရပ်မျိုး ကျူး လွန်ခဲ့မိကြပါသနည်း။


အမေရိကန်နိုင်ငံအား ဦးတည် ထားသည့် ယင်းကဲ့သို့ ပြင်းထန်သော မုန်းတီးမှုသည် အဘယ်သို့ဖြစ်ပေါ် လာရပါ
သနည်း။ ယင်းသို့ပြုလုပ်ခဲ့ သောသူများသည် စစ်မှန်သော ယုံ ကြည်ချက်ရှိသူများ ဖြစ်ပါလျက် သူ တို့၏ဘဝများကို
လိုလိုလားလား စွန့် လွှတ်သည့်နည်းတူ အခြားထောင် ပေါင်းများစွာသောသူများ သေကြေ ဒဏ်ရာရစေရန်ပြုလုပ်ခဲ့
ခြင်းသည် ဘုရားသခင်၏အလိုတော်ဟု အဘယ် ကြောင့် ဆိုခဲ့ကြပါသနည်း။



မိမိ၏နောက်လိုက်နောက်ပါ များကို မှိုင်းတိုက်၍ မီးလောင်ရာလေ ပင့်သည့် အလုပ်မျိုး လုပ်ခဲ့သည့် အို စမာဘင်လာဒင်
ဆိုသော လူသည် အဘယ်သို့သော ပုဂ္ဂိုလ်မျိုးနည်း။


အထက်ပါမေးခွန်းများသည် နိုင်ငံရေးစိတ်ပညာ၏ ကိုယ်ကျင့် တရားဆိုင်ရာ၌ ပြဿနာများစွာ ရှိနေ ကြောင်းပြသနေ
သည့် မေးခွန်းများဖြစ် သည်ဟု ဂျရိုးပို့စ်က ယူဆသည်။


တစ်ဆက်တည်းတွင် မိမိနောက် လိုက်နောက်ပါများ တကောက် ကောက်လိုက်ပါစေရန် ဦးဆောင်နိုင် ခဲ့သည့်
ခေါင်းဆောင်သည် မည်သို့ သော ခေါင်းဆောင်မျိုးနည်း။

ခေါင်းဆောင်နှင့် နောက်လိုက် များကြား ချည်နှောင်ထုံးဖွဲ့ထားသော စွမ်းအားကား အဘယ်အရာနည်း။


လူကို လူသားမဆန်စေရန်နှင့် လူသားမျိုးနွယ်အချင်းချင်း မျိုးတုံး ရှင်းလင်းသုတ်သင်လိုမှုအတွက် စိတ် ပညာရပ်
ဆိုင်ရာ အခြေခံသည် အဘယ်အရာနည်း။


ခေါင်းဆောင်ဆိုသူများ၏ အမူ အကျင့်၊ ကိုယ်ရည်ကိုယ်သွေးနှင့် နိုင်ငံရေးကိုယ်ကျင့်တရားများသည် အခြေခံအချက်
ဖြစ်သည်။ ယင်းအရာ များကို သဘောပေါက်နားလည်ထား ခြင်းမရှိဘဲ၊ အထက်ပါမေးခွန်းများကို ဖြေနိုင်စရာ
အကြောင်းမရှိပေ။ ဂျရိုးပို့စ်က ဌာနခွဲတစ်ခုကိုတည် ထောင်ဖွဲ့စည်းခွင့်ရပြီး လုပ်ငန်းစဉ်မူ များချမှတ်၊ နှစ်ပေါင်း ၂ဝ
ကြာ နိုင်ငံ တကာခေါင်းဆောင် တစ်ဦးချင်း အပေါ် အနီးကပ် သတင်းစုဆောင်း၊ လေ့လာသုံးသပ်ခဲ့သည့် သုတေသန
ရလဒ်ကို သူ၏စာအုပ်၌ ဖော်ပြထား ခဲ့သည်။



သုတေသနပညာရှင် ဂျရိုးပို့စ် သည် သူ၏ရုံးခန်းအတွင်း စားပွဲ၌ ထိုင်၍အချက်အလက်များ စုဆောင်း၊ စာကြည့်တိုက်
အတွင်းမှ စိတ်ပညာ ကျမ်းများ လှန်လှောရှာ၊ လူမှုဗေဒ ပညာရှင်များ၏ သီအိုရီများ၊ ရှင်းလင်း ချက်များကိုသာဖတ်ရှု
ကာ အခန်း တွင်း၊ နိုင်ငံတွင်း၌ အောင်းနေခဲ့သည် မဟုတ်ပေ။



၁၉၉၈ ခုနှစ်၊ ကင်ညာနှင့် တန် ဇန်းနီးယားနိုင်ငံရှိ အမေရိကန်သံရုံး များကို ဗုံးပေါက်ခွဲခဲ့သည့် အကြမ်း ဖက်သမားများ
အားဖမ်းမိပြီး၊ ၂ဝဝ၁ ခုနှစ်၌ ရုံးတင်စစ်ဆေးသည့် တရားရုံး သို့လည်း ကိုယ်တိုင်သွားရောက်ကာ တရားခံများ၏
ထွက်ဆိုချက်နှင့် သူ တို့၏ယုံကြည်မှုဆိုင်ရာ အကြောင်းခံအခြေခံအချက်များကို လေ့လာသိရှိ ခွင့်ရခဲ့သည်။



အကြမ်းဖက်သမားတို့သည် အဓိပ္ပာယ်မဲ့၊ မိုက်ရူးရဲ၊ အပြုအမူပြု လုပ်နေသူဟု ပို့စ်က လက်သင့်မခံ ပေ။ ခိုင်မာသော
စိတ်အခြေခံအချက် များရှိသည်။ လူမှုရေးရှုထောင့်၊ နိုင်ငံ ရေးရှုထောင့်၊ ဘာသာရေးရှုထောင့် များစွာက ပံ့ပိုးပေးခဲ့
သည်ဟု ပို့စ်က နားလည်ထားပြီးဖြစ်သည်။ ပို့စ်သည် သူ့လုပ်ငန်းအတွက် သူသုတေသန ပြုလုပ်ခြင်းသာဖြစ်၏။



ပို့စ်သည် ၂၁ ရာစုကာလ၌ ရှေ့ တန်းနေရာသို့ရောက်နေသော အကြမ်းဖက်သမားနှင့် အကြမ်းဖက် လုပ်ရပ်များ၏
ရင်းမြစ်ကိုရှာဖွေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းအရာနှစ်ခုသည် ယနေ့လူ့အဖွဲ့ အစည်းတစ်ခုလုံး
ထိတ်လန့်စေရန် ပြုလုပ်နေသော အကြောင်းအရာနှစ်ခု ဖြစ်နေ၍ဟု သူသဘောပေါက်၏။



ထို့ကြောင့် ပို့စ်သည် ကုန်လွန် ခဲ့သည့်နှစ်များစွာအတွင်း အရှေ့ အလယ်ပိုင်းနှင့် အစ္စရေးနိုင်ငံရှိအကျဉ်း ထောင်
များအတွင်းသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသသား အကြမ်းဖက်သမား ဟု သတ်မှတ်
ခံထားရသူ ၃၅ ဦးနှင့် တွေ့ဆုံသည်။ မေးမြန်းစုံစမ်းခဲ့သည်။


ပို့စ်၏ စုံစမ်းလေ့လာမှုမှာ အထူး ပြည့်စုံခဲ့သည်ဟု ဆိုနိုင်ပါ၏။ ဖြစ်ရပ် မဖြစ်ပွားမီ သီတင်းတစ်ပတ်အချိန်ထိ ပို့စ်သည်
အချက်အလက်အပြည့်အစုံ ရခဲ့သည်။


ထိုအချိန်၌ပင် ပို့စ်သည် အိုစမာ ဘင်လာဒင်၏ ဘဝပုံရိပ်အတိအကျ ကိုပုံဖော်ပြသနိုင်ခဲ့သည်။


အိုစမာဘင်လာဒင် အပါအဝင် အကြမ်းဖက်သမားဆိုသူများသည် အဘယ်သို့သော ပုဂ္ဂိုလ်များနည်း။ အဘယ်သို့
သော အမူအကျင့် ရှိကြ သနည်း။ ဌာနေ အမေရိကန်နိုင်ငံသား များနှင့် ထွေးရောယှက်တင် ခင်မင်စွာ နေထိုင်သည်။
သို့ပါလျက် မိမိနှင့် အတူနေထိုင်သူ ထောင်ပေါင်းများစွာ ကို သေလမ်းပို့သည့်ရည်ရွယ်ချက် ကား အဘယ်အရာနည်း။

ယင်းမေးခွန်းကို လူအများက အောက်ပါအတိုင်းဖြေကြပါလိမ့်မည်။


အကြမ်းဖက်သမားဟူသည် ရူး မိုက်သောသူများဖြစ်သည်။ စိတ် မမှန်သော အရူးများသာဖြစ်သည်။ သာမန်လူများ
မဟုတ်။ သာမန်လူသား တို့သည် ထိုသို့သောအလုပ်၊ အပြု အမူများ ပြုမည်မဟုတ်ဟူ၍...။


အမှန်တကယ် အရင်းစစ် အဖြေရှာကြည့်သည့်အခါ၊ အယ်လ် ကိုင်ဒါအကြမ်းဖက်သမားအားလုံး သည် စိတ်ဓာတ်
အခြေအနေအရ သာ မန်လူများနှင့် တန်းတူရှိသူများသာ ဖြစ်သည်ဟု ပို့စ်က အဖြေထုတ်ပြခဲ့ သည်။


သို့သော် စိတ်ပညာရှုထောင့် အရဆိုရပါလျှင် သူတို့အားလုံးသည် မူရင်းစိတ်ကို စံနစ်တကျ နေရာရွှေ့ ခံထားရ
သူများဖြစ်သည်ကမူ ငြင်းဖွယ် ရာမရှိပေဟုဆိုသည်။ ဖြစ်ရပ်အမှန်မှာ အကြမ်းဖက် သမားအားလုံးသည် သူတို့၏
ပုဂ္ဂလိ ကခံစားမှု အားလုံးကိုဖယ်ခွာထားသူ များသာဖြစ်ပြီး သူတို့ကိုယ်စားပြု သည့်ကိစ္စမှာ သူတို့လုံခြုံရေးအတွက်
စွန့်စားမှုသာဖြစ်၏။ အထက်ပါ ခံယူချက်နှင့် အသေ ခံအကြမ်းဖက်သမားအများစုကို ဟား မားစ်၊ အစ္စလာမစ်ဂျီဟဒ်
နှင့် ဟဇ္ဇဘို လာတို့အဖြစ် အစ္စရေးနိုင်ငံအရေး၌ တွေ့နေရခြင်းဖြစ်သည်။ သူတို့အားလုံး၏ အသက် အရွယ်မှာ ၁၇
နှစ်မှ ၂၂ နှစ်အတွင်း ပညာမဲ့၊ အလုပ်လက်မဲ့၊ အိမ်ထောင် မဲ့များဖြစ်သည်။



အစ္စရေးအသေခံဗုံးခွဲသူများက မူ အစ္စလာမစ်အကြမ်းဖက်သမားများနှင့် မတူ။ စိတ်ဓာတ်မခိုင်မာ။ ပုံစံတကျ ဖွဲ့စည်း
ထားသည့် လူငယ်များမဟုတ်။ သူတို့က အနာဂတ်အတွက် ရည်စူး ၍လုပ်ဆောင်သည်။ သူတို့ကို စုစည်း စဉ်
ကတည်းက ထိုသို့သောရည်ရွယ် ချက်နှင့်။ သူတို့ဦးနှောက်ကို ဝါဒမှိုင်း တိုက်သည်။ Brain Washing လုပ် သည်။
ဘဝ၌ ထိုသို့ပြုလုပ်မှ အဓိပ္ပာယ်ရှိလာမည်။ လူ့အဖွဲ့အစည်း အတွင်း၌ဂုဏ်ပြုခံရမည်။ အာဇာနည် လိုဖြစ်လာမည်။
ကျန်ရစ်သော မိဘများလည်း အခွင့်အရေးရမည်။ ငွေကြေးထောက်ပံ့မှုပါရမည်ဟု သွေး ဆောင်ခံရသူများဖြစ်၏။


တစ်ကြိမ်တွင် အကြမ်းဖက်သ မားတစ်ဦးနှင့် ပို့စ်တွေ့သည်။ အသေခံ- Suicide ဆိုသောစကားလုံးကို ပို့စ် ကသုံး
လိုက်မိသည်။ ထိုပုဂ္ဂိုလ်က သူ့ ကိုစော်ကားသည်ဟု ဒေါသတကြီး ပြန်ပြောသည်။


အသေခံခြင်း၊ မိမိကိုယ်မိမိ သတ်သေသည့ှ်ကငခငိန စကားလုံး ကိုမသုံးဖို့တားမြစ်သည်။ Suicide စကားလုံးက
အားမရှိ။ ချည့်နဲ့။ ကိုယ်ကျိုးသက်သက်အဓိပ္ပာယ်။ စိတ် ခွန်အားမရှိသည့် အခြေအနေကြောင့် ဖြစ်ပေါ်သည့် ခံစားမှု
ဖြစ်သည်။ သူတို့ လုပ်ရပ်သည် Istishad အစ္စတီဟဒ် သာဖြစ်သည်။ အာဇာနည်တို့၏ လုပ် ရပ်။ အလ္လာအတွက်
အနစ်နာခံ၊ စွန့် လွှတ်မှုဖြစ်သည်ဟု ပြန်ပြောခဲ့၏။




နိဂုံး
ဂျရိုးပို့စ်သည် ယခင်ဆိုဗီယက်၊ ယခုရုရှားနိုင်ငံမှခေါင်းဆောင်များ၊ တရုတ်နိုင်ငံမှ မော်စီတုန်း၊ တိန့် ရှောက်ဖိန်၊
ကျိုးအန်းလိုင်တို့သာမက အရှေ့တောင်အာရှ ဖိလစ်ပိုင်နိုင်ငံမှ ခေါင်းဆောင်များထိ အသေးစိတ်လေ့ လာခဲ့သည်။
သူ့တွေ့ရှိချက်များကို သူ့စာအုပ်၌ဖော်ပြခဲ့သည်။



အကြမ်းဖက်သမားထဲမှ အဖွဲ့ ခေါင်းဆောင်များကိုလည်း အလွတ် မပေးခဲ့ပေ။ ပို့စ်သည် မည်သို့ပင်လေး လေး
နက်နက် စူးစူးနစ်နစ် သူ့အလုပ် ကိုနှစ်၍ လုပ်ကိုင်သည်ဖြစ်စေ၊ ၁၉၈၇ ခုနှစ်တွင် သူဦးစီးတည်ထောင်သော အဖွဲ့မှ
အနားယူကာ တက္ကသိုလ်ပညာ ရပ်အသိုင်းအဝိုင်းသို့ ပြန်သွားခဲ့သည်။ သူရောက်ရှိသွားရာ တက္ကသိုလ်ရှိစိတ် ပညာ၊
စိတ်ကုသရေးဌာနများ၌လည်း နိုင်ငံတကာရှိ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးများ၏ အမူအကျင့်များ လေ့လာရသည့်
ဘာသာရပ်ကို သင် ကြားပို့ချလျက်ရှိသည်။


ပို့စ်သည် သုတေသီပညာရှင် ပီ သစွာ သူ့နေရာကို သူရွေးချယ်၍ သူ ပြန်လည်အခြေချရမည့်နေရာဝန်းကျင် ကို
သိသူဟု ဆိုရပါလိမ့်မည်။




စိုးမင်းဦး
ource: By Jerrold Post.
Leaders and Their Followers
The Psychology of Political Behavior
စိုးမင်းဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...