ကဆုန်လသည် အပူဓာတ် လွန်ကဲသောလ ဖြစ်သည်။ မြစ်ချောင်း အင်းအိုင်များ ရေခန်းခြောက်ချိန် ဖြစ်သည်။ သို့ရာတွင် လကုန်ပိုင်းတွင် မုတ်သုံလေ ဆောင်သွေး၍ မုတ်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သည်။ မိုးရေ စွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့ သင်းပျံ့ပျံ့ကို ရှူရိုက်ရသောလ ဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်း
ပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်။
ကုဆုန်လကို မြန်မာမူအရ ပြိဿရာသီခေါ်၍ ထိုလတွင် စန်းပြည်နက္ခတ်မှာ ၀ိသာခါနက္ခတ် ဖြစ်သည်။ ယှဉ်သော တာရာမှာ တံငါတာရာ ဖြစ်သည်။ ရာသီရုပ်မှာ နွားထီးရုပ် ဖြစ်သည်။ ရာသီပန်းကား စကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်။
ယောမြို့စား အတွင်းဝန် ဦးဘိုးလိုင်၏ “ဥတုဘောဇန သင်္ဂကျမ်း” တွင် ကဆုန်လတွင် လောကသည် အလွန်ပူ၏။ အနောက်တောင်ထောင့်က လေပူတိုက်၏။ ရေကန် ရေအိုင်တို့၌ ရေသောက်သော သားငှက်တို့ဖြင့် ပြွမ်းကုန်၏။ ရေငုပ်ခြင်း၊ အစပ်၊ အချဉ်၊ အငန်၊ အပင်ပန်းခံခြင်း၊ မေထုန်မှီဝဲခြင်း၊ အဆီအစေး မရှိသော၊ ပူသော အစာတို့ကို ကြဉ်ရှောင်အပ်ကုန်၏။
ချိုဆိမ့်သော အရသာ၊ အေးသော ဖျော်ရည်၊ သကြားနှင့် လုပ်သော ပေါက်ပေါက်ဆုပ်၊ ကရေကရာ စသော မုန့်၊ ကြည်းကုန်း၌ ကျက်စားသော သားငှက်တို့၏ အသား၊ ထောပတ်၊ နွားနို့၊ ရေတံခွန်မှ ထွက်သော ရေအေး၊ ကြစုသီးနှင့် ကြံသကာတို့ကို မှီဝဲ သုံးဆောင် အပ်ကုန်၏ဟု ရေးသားခဲ့ပါသည်။
ဗုဒ္ဓဘာသာ မြန်မာတို့သည် ကဆုန်လပြည်နေ့ကို ထူးမြတ်သော နေ့အဖြစ် သတ်မှတ် ယူဆကြသည်။ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန် ဆိုသည်နှင့်အညီ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ၀င်ဆိုင်ရာ ထူးခြားသော သမိုင်းမှတ်တိုင်များ ရှိခဲ့သည်။
(၁) ဘုရားလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ ဘုရားရှင်ထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်စင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်တော် ခံယူရရှိသောနေ့သည် ကဆုန်လပြည့်နေ့ ဖြစ်သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန် လပြည့်နေ့ သောကြာနေ့ နံနက် တစ်ချက်တီး အချိန် ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ကပ၌ိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်အကြား လုမ္မိနီသာမော အင်ကြင်းတောဝယ် သုဒ္ဓေါနေမင်းကြီး၏ ရူမငြီးသော ကြင်ယာတော် မယ်တော် မာယာ၏ ၀မ်းကြာတိုက်မှ ဘုရားလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။
(၃) ဘုရားအလောင်းတော်သည် သက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်။
(၄) ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္ဏ၊ ဗုဒ္ဓဟေ ဆိုသည်နှင့်အညီ ဖွားဖက်တော် ခုနှစ်ပါးတွင် ပါဝင်သော ညောင်ဗုဒ္ဓဟေ(ဗောဓိပင်) သည်လည်း ကဆုန် လပြည့်နေ့တွင်ပင် ပေါက်ရောက်ခဲ့သည်။
(၅) သက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ၀ါတော် ၄၅-၀ါ၊
သက်တော် ၈၀-၌ ဘုရားရှင်သည် နယ်မာလာတိုင်း၊
ကုသိနာရုံပြည်ရှိ အင်ကြင်းတောဝယ်
ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ခြ
မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူမည့်နေ့ နံနက်ပိုင်းတွင်လည်း သုဇာတာ သူကြွယ် သမီး ဃနာနို့ဆွမ်း ဆက်ကပ်ခြင်း ခံရသည်မှာ သေနနိဂုံးရွာအနီး ညောင်ပင်ရင်းတွင် ဖြစ်သည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှာလည်း ဗောဓိညောင်ပင်ရင်းတွင်ပင် ဖြစ်သည်။
ထို့အတွက် မြတ်ဗုဒ္ဓနှင့် ပတ်သက်နေသော ဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင် မြန်မာတို့အဖို့ အလေးအနက် ကြည်ညို လေးစားဖွယ်ရာ ဖြစ်လာသည်။ သာသနာတော်ကို ရိုသေလေးစားသော မြန်မာတို့သည် တစ်ချက်ခုတ် နှစ်ချက်ပြတ် အဖြစ် ရာသီဥတုအရလည်း ဆီလျော်သော ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော် တီထွင် ကျင်းပသည်ဟု ယူဆသည်ဟု ယူဆရပါသည်။
ပုဂံခေတ်ထိုး စောလုဝန်းဘုရား ကျောက်စာတွင် မီဖုန်၊ သင်္ကြန်၊ ညောင်ရိပ်သွန်(ညောင်ရေသွန်း
မြန်မာသက္ကရာဇ် ၁၁၆၈-ခုနှစ်၌ ဘိုးတော် ဘုရားသည် ပိဋကတ်တော်နှင့် လောကီကျမ်းများကို ကူးရန်နှင့် မဟာဗောဓိပင်ကို ဖူးမြော်ရန် ရွှေတောင်သာဂဘူ၊ ရွှေတောင်သီရိစည်သူ စသည့် အမတ်ကြီးများကို အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့သည်။
မှန်နန်းရာဇ၀င်တော်ကြးတွင် မဟာဗောဓိပင် ခက်မကြီးတို့မှ ဖြာသော ခက်လက်ပေါင်း ၁၃၆-ခု ရှိသည်။ ထွာဆိုင်၊ ညှိုဆိုင်အောက်ငယ်သော ဗောဓိပင် ခက်လက်ငယ်တို့သည်ကား မရေမတွက်နိုင်အောင် အလွန်များပြားသည်။
မဟာဗောဓိ ညောင်တော်၏ အရပ်မှာ ပကတိ မြေမှ ခက်မကြီးခြောက်ခု ဖြာသည့်တိုင်အောင် အတောင် ၆၀-ကျော်သည် ဖြစ်၍ ဗောဓိညောင်တော် တစ်ပင်လုံး ရင်းဖျား ဆုံးအောင် အတောင် ၉၀-ခန့် အမြင့်ရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။
ဗုဒ္ဓဂါယာ၌ရှိသော ဖွားဖက်တော် ဗောဓိပင်ကို ဟိန္ဒူဘုရင် သသကသည် ခုတ်လှဲ ဖျက်ဆီးခဲ့သည်။ သို့ရာတွင် ထိုဗောဓိပင် အမြစ်နေရာမှ ဗောဓိပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုဗောဓိပင်သည် ၁၈၇၀-ပြည့်နှစ်တွင် ပြိုလဲသွားရာ ထိုအပင်မှ အကိုင်းကို ပြန်၍ စိုက်ပျိုးခဲ့သည်။ ယခုအခါ ဖူးတွေ့ရသော ဗောဓိသည် မူလဗောဓပင်၏ အဆက်အနွယ် ပင်ပွား ဖြစ်သည်ဟု မြန်မာစွယ်စုံကျမ်း အတွဲ-ဂတွင် ရေးသားထားပါသည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် ဗောဓိပင် စိုက်ပျိုးခြင်း ပြုခဲ့ကြသည်။ ကိုလိုနီကျွန်သဗောက်ဘ၀မှ လွတ်မြောက်သည်နေ့၊ လွပ်လပ်ရေး ရရှိသောန့ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ ၄-ရက်နေ့ တွင်လည်း အိန္ဒိယပြည်ရှိ မဟာဗောဓိပင် အကိုင်းကို ယူဆောင်၍ ရွှေတိဂုံဘုရား ရင်ပြင်တော် အနောက်မြောက်ထောင့်၊ အနောက်ဘက် အုတ်တံတိုင်းနှင့် မြောက်ဘက် အုတ်တံတိုင်းတို့ ဆုံရာ အနီး၌
စိုက်ပျိုးခဲ့သည်။
ထို့ပြင် ကိုလိုနီခေတ်အခါက ၁၉၀၅-ခုနှစ်လောက်တွင် ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့က စိုက်ပျိုးခဲ့သော ဗောဓိပင်လည်း ရှိခဲ့သည်။ ဗုဒ္ဓဂါယာအရပ်ရှိ ဗောဓိညောင်ပင်၏ အစေ့ကိုယူ၍ စိုက်ပျိုးခဲ့သော ဗောဓိပင်လည်းရှိခဲ့သည်။ ဗောဓိညောင်ပင် ရှိခြင်းလည် မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိခြင်းနှင့
ပင်းယခေတ်တွင် ပေါ်ထွန်းခဲ့သော ပြည်မင်း မျက်နှာရှည် ကာချင်းတွင် “စံကား ၀တ်စုံမြေ၊ သွန်းညောင်ရေ၊ ထုံးလေ တန်စကူး၊ နွေလဆန်း ဆန်လေဦး၊ ၀တ်ဆံ ရွှေသား၊ စကားပွင့်လှဦး” ဟု ရေးစပ်ခဲ့သည်။
ထိုကာချင်းက ခေတ်တစ်ခေတ်၏ ဘာသာ ယဉ်ကျေးမူ သမိုင်းတစ်ကွက်ကို ထင်ဟပ်ပြနေပါသည်။ ပင်းယခေတ်သို့ ရောက်ရှိလာသောအခါ ကဆုန်ညောင်ရေသွန်း ပွဲတော်သည် စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းကို ဖော်ညွှန်းနေပါသည်။
ဗောဓိညောင်ပင်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်သည
နန်းမြို့တော်ဟောင်း ယဉ်ကျေးမူမြို့တော်ဖြစ်သော မန္တလေးမြို့မှ နာမည်ကျော် အငြိမ့် လူရွှင်တော်ကြီး ဦးဓာတ်ခိုးသည် အငြိမ့်သဘင် ကပြသောအခါ “ကဆုန်ညောင်ရေသွန်းပွဲ လင်္ကာကြီး” ကို ရွတ်ဆိုခဲ့သည်။
လူကြီးများက နံ့သာအိုး အသီးသီးပိုက်၊ ကညာအမျိုးသမီး တစ်သိုက်က သပြေပန်း မညှိုးအောင် ရေချမ်းအိုး ကိုယ်စီ ရွက်ပြီး ဗိုလ်စည်နှက်ကာ ထီးဖြူ ရှစ်လက်နှင့်တကွ နည်းမူစနစ်မပျက် အတူပျော်မွေ့လျက်။
သူတော် ရသေ့နှင့် ဒိုးပတ်သမား၊ သည့်နောက်ကတော့ တန်ခိုး လျှပ်ကြွားအောင်၊ အဆန်းကွက် တစ်မျိုးကြည်၊ နန်းဆန်တဲ့ အိုးစည်နှင့် အတီး အဆို အက၊ အပြီးမလိုရ နယ်တစ်ခွင် ရွှင်ချို၊ မယ်ဒလင် ဘင်ဂျိုနှင့် အရပ်သားတို့က ပျော်။
ဝိသာခါ နက္ခတ်စန်းရတနာနှင့် ပြိုင်တော့၊ ပန်းစကားဝါ အခိုင်အငုံကြွသည် ကဆုန်လရာသီ အမြတ်မှာ ရွာပြည် အရပ်ရပ်သောင် ခေမေ မလွဲဖို့လို ညောင်ရေပွဲ ပြုကြတဲ့ သဘင်ပွဲကိုဗျာ စသည်ဖြင့် ရွတ်ဆို ပြခဲ့သည်။
ဆရာမင်းသုဝဏ်က “အေးရိပ်သာတဲ့ ပြည်ညောင်ညို၊ ဥသြ တွန်သံချို ဒိုးရိုစီးတဲ့ နဒီတွင်း သမင် ရေသောက်ဆင်း၊ မြက်ခင်းလဲလဲ မြေညီညီ ကံ့ကော်ဝတ်မူန် မူန်စီ၊ ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း၊ လူလေး သွားချေစမ်း” ဟု ရေးစပ်ခဲ့သည်။
မြန်မာပြည် အရပ်ရပ်တွင် ညောင်ပင်များ ပေါက်ရောက်လေ့ ရှိသည်။ အပင်သည် ကြီးမားခြင်း၊ အရိပ်အာဝါသ ကောင်းခြင်း၊ အေးမြစေခြင်း ထည်ထည်ဝါ၀ါ မြင်တွေကရခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသည်။ ရွာဦး ရွာထိပ်တွင် အထင်ကရ မြင်တွေ့ရသော ပ ညောင်ပင်ကြီးများသည် ရွာ့ကျက်သရေကို ဆောင်နေသည် သာမက ကျေးရွာများ၏ အလှကျက်သရေကိုလည်း ဖြစ်သေည်။
ကဆုန်ညောင်ရေသွန်း ပွဲတော်ကို ပဒေသရာဇ် ခေတ်မှသည် ယနေ့ထက်တိုင် ကျင်းပနေဆဲ ဖြစ်သည်။ မြို့ကြီး ပြကြီးမှ ကျေးလက် တောရွာ ဇနပုဒ်အထိ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းသည် ဘာသာယဉ်ကျေးမူ အတွက် သာမက သစ်ပင် ပန်းပင် စိမ်းလန်းစိုပြည်ရေးကိုလည်း
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မှုစဉ် သတ္တ၀ါ ဝေနေယျတို့အား ချီးမြှောက်ရန်အတွက် ဒေသစာရီ ကြွချီတော်မှုလေ၏။ ထိုအခါ သာဝတ္ထိမြို့သူ မြို့သားတို့သည် ဘုရားရှင်အား ပူဇော် ကန်တော့ကြရန် ပန်းနံ့သာ လှူစရာများကိုယူဆောင်လျက် ဇေ၀န် ကျောင်းတော်သို့ သွားကြကုန်၏။ ဇေတ၀န် ကျောင်းတော်သို့ ရောက်သောအခါ ဘုရားရှင် မရှိသည့်အတွက် ပူဇော်ခွင့်မရကြလေကုန်။ ထိုအခါ မိမိတို့ ယူဆောင်ခဲ့သော ပန်းနံ့သာများကို ဂန္ဓကုဋီကျောင်းတိုက်၏ တံခါးဝ၌ ချထားကြကုန်လျက် ပြန်လာခဲ့ကြကုန်၏။
ထိုအကြောင်းကို အနာထပိဏ်သူဌေးကြီးသိရသည့်အခ
ဤသို့ ဗောဓိပင်ကို စိုက်ပျိုးထားခြင်းသည် ဇေတန်ကျောင်းတော်၌ ငါဘုရား အမြဲသီတင်းသုံးနေတော်မှုသည် နှင့် အတူတူပင်ဖြစ်လတ္တံ့ဟု မိန့်ကြားတော်မှုခဲ့သည်။
သာဝတ္ထိမြို့သူမြို့သားတို့သ
ဤကဆုန်လသည်ကား လွန်ခဲ့သောနှစ်က ရွာသွန်းခဲ့သော မိုးနှင့်လည်း အလွန်ဝေးကွာလာခဲ့သည် နောက်လာ ခဲ့သည် နောက်လာမည့် မိုးကလည်းမရွာသေးချေ။ သို့ဖြစ်ရကား ဤကဆုန်လသည် ရေများခန်းခြောက်နည်းပါး ကာ မြေဓာတ်၌ ရေအပြတ်ဆုံးလဖြစ်လေသည်။ လူတို့သည် ဘုရားအလောင်းတော် ဘုရားအဖြစ် ရောက်တော် မှုရာ မဟာဗောဓိပင်မှ ကူးယူစိုက်ပျိုးခဲ့သော ဤမဟာဗောဓိပင်ကို ဘုရားရှင်၏ကိုယ်စား ကိုးကွယ်ရာ ရှားပါးအဖိုးတန်ဝတ္ထုအဖြစ် လေးစားကိုးကွယ်ခဲ့ကြသည်။ ထိုရှားပါးအဖိုးတန်လှသော မဟာဗောဓိပင် သေမသွားစေရန် ရည်ရွယ်၍ ရေအပြတ်ဆုံးလဖြစ်သော ဤကဆုန်လတွင် မဟာဗောဓိပင်ကို ညောင်ရေသွန်း လောင်း၍ ပူဇော်ကြခြင်းဖြစ်ပါသည်။ ဤမဟာဗောဓိပင်သည် စေတီ(၄)မျိုးတို့တွင် ပရိဘောဂစေတီတတော် ဖြစ်သည်။
ဤကဆုန်လဟူသော စကားရပ်၌ ကဆုန်ဟူသော အခေါ်အဝေါ်သည် “ကဆိန္န” ဟူဠေိကို “ကဆုန်” ဟု မြန်မာမှုပြုထားသော ပါဠိသတ်ဝေါဟာရ အမည်ဖြစ်သည်။ ဤ ကဆိန္န၌ (က=ရေ၊ ဆိန္န=ပြတ်သည်) ကဆိန္န=မြေဓာတ်မှာ ရေပြတ်သောလဟု အဓိပ္ပာယ်ရသည်။ ကံ=ဥဒကံ ဆိန္နတိ ဧတ္ထာတိ ဣတိ-ထိုကြောင့် ၊ ကံဆိန္နမည်၏ဟုလည်း ဆိုကြသေး၏။ ဤသို့ ရေအပြတ်ဆုံးလဖြစ်သော ဤကဆုန်လ၌ မဟာဗောဓိပင် သေမသွားစေရန်နှင့် ဘုရားရှင်ကိုယ်စား ကိုးကွယ်သောအားဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြခြင်း ဖြစ်ပေသည်။
ထိုဗောဓိပင်ကို ပူဇော်သော အစဉ်အလာသည် မြန်မာနိုင်ငံတွင် ပုဂံခေတ်၊ ပင်းယခေတ်တို့ကပင် ရှိနေသည်ဟု (သက္ကရာဇာ် ၅၆၃၊ သင်ကြီးညောင်အုပ် ကျောက်စာတို့အရ) သိရလေသည်။ယနေ့အချိန်အထိ ဗုဒ္ဓဘာသာ မြန်မာတို့သည် ညောင်ရေသွန်းပွဲတော်ကို မြန်မာယဉ်ကျေးမှုတစ်ရပ်အဖြစ်
ဤကဆုန်လပြည့်နေ့သည်
ဘုရားအလောင်းတော်ဗျာဒိတ်တော
ဘုရားဖြစ်မည်ဘ၀တွင် ဖွားတော် မှုရာနေ့၊
ဘုရားဖြစ်တော်မှုသောနေ့၊
ပရိနိဗ္ဗာန်စံတော်မှုသောနေ့အာ
နေ့ထူးနေ့မြတ်ကြီးဖြစ်သော ကြောင့် ဤကဆုန်လပြည့်နေ့တွင်
ဘုရား၏ကိုယ်စား ကိုးကွယ်သောအားဖြင့် ဗောဓိပင်ကို
ရေသွန်းလောင်း ပူဇော်ခြင်းသည် ကောင်းမြတ်သော ဗုဒ္ဓယဉ်ကျေးမှုလာ မြန်မာ့ဓလေ့ထုံးစံတစ်ရပ်အဖြ
မင်္ဂလာကြီးပင် ဖြစ်ပေသည်။
- ( သာရဝေါစိုးကြည်)
Dhamma Danã Source ►
www.facebook.com/
https://www.facebook.com/youngbuddhistassociation.mm/photos/a.32227835778218
Get a list of top 8 Licensed, Insured, Pre-screened & Reliable Packers and Movers, and Movers and Packers. Request free quotes to compare and select the best one.
ReplyDeletePackers and Movers bangalore
Packers and Movers pune
Packers and Movers delh
Packers and Movers gurgaon
Packers and Movers noida
http://www.top8list.in/packers-movers-bangalore/
http://www.top8list.in/packers-movers-pune/
http://www.top8list.in/packers-movers-delhi/
http://www.top8list.in/packers-movers-gurgaon/
http://www.top8list.in/packers-movers-noida/
http://www.top8list.in/
Packers and Movers bangalore
movers and packers bangalore
packers and movers in bangalore
movers and packers in bangalore
Top8List.in offer pre-screened, licensed and insured Packers and Movers in Bangalore. Get free Movers and Packers Bangalore quotes to compare and select the best one.
for more information visit:
http://www.top8list.in/packers-movers-bangalore/
Packers and Movers delh
movers and packers delhi
packers and movers in delh
movers and packers in delh
Top8List.in offer pre-screened, licensed and insured Packers and Movers in Delhi. Get free Movers and Packers Delhi quotes to compare and select the best one.
for more information visit:
http://www.top8list.in/packers-movers-delhi/