စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို


ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံ ရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ် ခဲ့ ပါတယ်။ 

ရှားပါး ဦးနှောက် ဆက်စပ် ရောဂါ တစ်ခု ဖြစ်နေပြီး ဈေးအကြီး ဆုံး အော်ပရေးရှင်း တစ်ခု ဝင်ရမှာမို့ ကလေးငယ် ရဲ့ မိဘ ဖြစ်သူ တို့က ရော်နယ်ဒို ဝတ်ပြီးသား ဂျာစီ အဟောင်း တစ်ထည် နဲ့ ဖိနပ် အဟောင်း တစ်စုံလောက် ပေးဖို့ တောင်းဆို ပါတယ်။ ယင်း အင်္ကျီနဲ့ ဖိနပ်ကို ရောင်းချလို့ ရမှာ ကလေးငယ် အော်ပရေးရှင်း အတွက် ငွေရမှာ မို့ ဖြစ်ပါတယ်။ ကုသ စရိတ်က အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုး ရှိပါတယ်။

ဒါနဲ့ ရော်နယ်ဒိုဟာ ဂျာစီ တစ်ထည်နဲ့ ဖိနပ် တစ်ရံ အဖြစ် အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုးရှိတဲ့ ငွေလက်မှတ် ကို ပေးပါတယ်။ ပြီးတော့ ကလေးငယ် ရဲ့ ဆေးကုသမှု အတွက်ကိုလည်း ကူညီ ထောက်ပံ့ ခဲ့ပါ သေးတယ်။ သူ့ရဲ့ ကူညီ ထောက်ပံ့မှုကြောင့် ကလေးငယ်ဟာ အသက်ရှင်သန် ခဲ့ ပါတယ်။
 
ရော်နယ်ဒိုဟာ ယခုလို ကူညီမှု အသေးစားပေါင်း များစွာကို ကူညီခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ၊ ဆင်းရဲနွမ်းပါးမှုနဲ့ အစာရေစာ ရှားပါးမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေမှာလည်း ဦးဆောင် လုပ်ကိုင် ပေးလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref:yahoo

အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/international-news/europe/41020-ronaldo-donated-to-a-child-s-operation.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...