စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အွန်လိုင်းမှာ MBA အခမဲ့ တက်နိုင်မယ့် ဝဘ်ဆိုဒ်





                                       www.themuse.com

အထက်ပါ လခ့် ဖြစ်ပါတယ်။ အွန်လိုင်းကနေ MBA လျှောက်ထား တက် ရောက်ခွင့်ရတဲ့ ဝဘ်ဆိုဒ်တွေထဲ မြန်မာပြည်က လူသိနည်းနေသေးတဲ့ ဝဘ်ဆိုဒ်ပါ။ အမေရိကန် အခြေဆိုက် တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့ စီးပွားရေး လုပ်ငန်း ကုမ္မဏီပေါင်း များစွာနဲ့ ပါတနာဖွဲ့ပြီး အွန်လိုင်း ပညာသင်ကြားရေးစနစ် ပြုလုပ်နေတဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ တကယ်အခမဲ့ ပါ။ အားသာချက်ကတော့ ကျောင်းပြီးရင် ရနိုင်မယ့် အလုပ်ပါ တစ်ခါတည်း ချိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ The Muse မှ တရားဝင် ပြောကြားထားတဲ့ အချက်ပါ။

ဝဘ်ဆိုဒ်ပေါ်က Course တွေကို လေ့လာ သင်ကြားဖို့အတွက် ငွေကြေး တစ်ပြားတစ်ချပ်မှမကုန်ကျတဲ့အပြင် အလုပ်ပါ တစ်ခါတည်း ရှာဖွေပေး မှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ အခမဲ့အနေနဲ့သာ ပြုလုပ် ထားခြင်းဖြစ်ပြီး နောက်ပိုင်းဆိုရင် Paid feature နဲ့ သီးသန့်သင်မယ့် Course တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

ဒီတော့ ကျောင်းတက်ဖို့အတွက် မိမိမှာ အင်တာနက် ရဖို့လိုပါတယ်။ ကွန်ပြူတာမရှိရင်တောင် အင်တာနက်ဆိုင်မှာ ထိုင်ပြီး သင်ယူ နိုင်ပါ တယ်။ ကျောင်းတက်ဖို့အတွက် Sign up လုပ်ရပါမယ်။ ပြီးရင် Management 101 ကုဒ်နံပါတ်ရှိတဲ့ Course ကို ပထမဦးဆုံး လေ့လာ သင်ကြားရမှာပါ။ ပေးအပ်တဲ့ Assignment တွေကိုတော့ ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

Management 101 က တစ်လပဲ ကြာမြင့်မှာပါ။ ပြီးရင် MBA က Course အတိုင်း ဆက်လေ့လာ ရမှာ ဖြစ်ပါတယ်။ MBA တင်မကပဲ အခြား ယူနိုင်သေးတဲ့ ဘာသာရပ်များလည်း ရှိသေးပြီး မိမိနှစ်သက်ရာကို Specialize လုပ်နိုင် ပါသေးတယ်။ များသော အားဖြင့်က လုပ်ငန်းခွင့မှာ လက်တွေ့ အသုံးချဖို့ လိုအပ်တဲ့ Course များ ဖြစ်ပါတယ်။ အသေးစိတ် အတွက် www.themuse.com/classes မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

ဒါကြောင့် လက်ရှိမြန်မာပြည်ကနေ MBA ကို ငွေကုန်ကြေးကျ လုံးဝ မရှိပဲ တက်ရောက်နိုင်ဖို့ ဝဘ်ဆိုဒ်ကောင်းလေးတစ်ခုကို မျှဝေ ပေးလိုက်ရပါတယ်။

www.themuse.com

အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/local-news/education/41019-free-online-mba.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...