စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခဝဲခြံ မျက်မမြင်ကျောင်းတွင် အသံလှူဒါန်းမှုပြုလုပ်နိုင်



မရမ်းကုန်းမြို့နယ်ရှိ ခဝဲခြံမျက်မမြင်ကျောင်းတွင် အသံလှူဒါန်းမှုများပြုလုပ်နိုင်သော်လည်း သိရှိသူနည်းပါးနေသေးသောကြောင့် ကျောင်းနှင့်နီးစပ်ရာများသာ လာရောက်လှူဒါန်းမှု ရှိနေသေးတယ်လို့ ဒီနေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာမှာ ဖတ်လိုက်ရပါတယ်..

အသံလာရောက်လှူဒါန်းလိုသူများအနေဖြင့် မိမိနှစ်သက်ရာ စာအုပ်တစ်အုပ်ကို ဖတ်ပြ၍ သော်လည်းကောင်း၊ ၎င်းကျောင်းရှိ စာအုပ်များထဲမှသော်လည်းကောင်း ဖတ်ပြ၍ စာဖတ်သံကို အသံသွင်းယူထားကာ CD ထုတ်၍ ကျောင်း၏ Audio Book Library တွင်ထားရှိသွားမည်ဖြစ်ပါသည်

အသံလှူဒါန်းလိုသူများအနေဖြင့် ၎င်းကျောင်းရှိ အသံဖမ်းအင်ဂျင်နီယာနှင့် မိမိလှူဒါန်းလိုသောနေ့ရက်၊ ဖတ်ပြမည့် စာအုပ်ကို ကြိုတင်ပြောထားရန် လိုအပ်ပြီး
အမှတ် ၁၆၅၊ ဗဟိုလမ်း၊ ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ခဝဲခြံမျက်မမြင်ကျောင်းသို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်..

Daily ELEVEN နေ့စဉ်သတင်းစာမှာ ဖတ်လိုက်ရတာကို ပြန်လည်ကုသိုလ်ယူ ဝေငှပါတယ်..

သွားရောက်လှူဒါန်းလိုက်ကြပါဦး သူငယ်ချင်းတို့ရေ....

Post by~ K Y S


https://www.facebook.com/246381952183310/photos/a.246409382180567.1073741827.24

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...