စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဈေးကွက်အ၀င်ဆုံး ကစားသမား ရော်နယ်ဒို



ကမ္ဘာ့အားကစားလောက ဈေးကွက်စီးပွားရေး သုတေသနအဖွဲ့ Repucom မှ ကောက်ယူခဲ့သည့် စစ်တမ်းများအရ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဈေးကွက်တွင် အအောင်မြင်ဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။ ၂၀၁၃ခုနှစ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရခဲ့သည့် ရော်နယ်ဒိုမှာ ၂၀၁၃-၁၄ ရာသီအတွင်း ရီးရဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားနှင့် စပိန်ဘုရင့်ဖလားများ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး လူသိများ ထင်ရှားခြင်းကြောင့် ဈေးကွက်အ၀င်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

ကမ္ဘာအနှံ နာမည်ကျော်ကြားမှု ၊ ပရိသတ် များပြားခြင်း၊ ပရိသတ်များအပေါ် လွှမ်းမိုးနိုင်မှု အပါအ၀င် အချက် (၈)ချက်ဖြင့် Repucom က ဈေးကွက်သုတေသန ပြုလုပ်ခဲ့ပြီး နိုင်ငံ ၁၃နိုင်ငံမှ လူ ၆၅၀၀၏ သဘောထားအမြင်များကို တောင်းခံခဲ့ရာတွင်
ရော်နယ်ဒိုမှာ ဈေးကွက် အောင်မြင်မှု ၇၉.၄၉ ရရှိခဲ့သည်။ ရော်နယ်ဒိုသည် ဖေ့ဘွတ် ပရိသတ် ၈၂သန်း၊ တွစ်တာတွင် ထောက်ခံအားပေးသူ ၂၆သန်း ရရှိထားပြီး ကမ္ဘာပေါ်တွင် ၎င်းကို သိရှိသူ ၈၃.၈၇ရာခိုင်နှုန်းအထိ ရှိနေသည်ဟု Repucom မှ ဖော်ပြထားသည်။

တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု (၄)ကြိမ်ဆက် ရရှိခဲ့သည့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီမှာ ဒုတိယ ဈေးကွက်အ၀င်ဆုံး ကစားသမားအဖြစ် ရပ်တည်နေကာ ဘာစီလိုနာ နောက်ခံလူ ပီကေး၊ ချဲလ်ဆီး တိုက်စစ်မှူး တောရက်စ်၊ မန်ယူ တိုက်စစ်မှူး ရွန်နီတို့ ဈေးကွက်အ၀င်ဆုံး ထိပ်တန်းကစားသမား (၅)ဦးစာရင်းတွင် အစဉ်လိုက် ရပ်တည်ခဲ့ကြကြောင်း သိရသည်။

@z (ရိုးရာလေး)


https://www.facebook.com/photo.php?fbid=701247353251853&set=a.24791

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...