စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ဇနီး မီးဖွားပြီးချိန်မှာ

                         

မိသားစုထဲက ကလေးတစ်ဦး ဝင်ရောက်လာ တာဟာ မိသားစုဘဝကို ပိုအဓိပ္ပာယ်ရှိလာ စေသလို ပျော်ရွှင် ကြည်နူးဖွယ်ရာလည်း ကောင်းပါတယ်။

ဒါပေမယ့် ကလေးတစ်ဦး ဝင်လာတာကြောင့် သင်နဲ့ သင့်ဇနီးကြား ဆက်ဆံရေးကတော့ ပြောင်းလဲ သွားနိုင်ပါတယ်။ သားဦးမိဘ ဖြစ်ကာစမှာ သင်နဲ့ သင့်ဇနီးရဲ့ ခံစားချက် တွေဟာ အရင်ကနဲ့ မတူဘဲ ပြောင်းလဲသွား တတ်ပါတယ်။ အထူးသဖြင့် ကလေး မွေးထားပြီးကာစ သင့်ဇနီးမှာဆိုရင် အရင်ကနဲ့လုံးဝမတူတဲ့ စိတ်ခံစားမှု အသစ်တွေကို ရရှိခံစားနေရတတ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်မှာ သင့်အနေနဲ့ သင့်ဇနီးကို ဖေးမကူညီနိုင်ဖို့ အရေးကြီးပါတယ်။

၁။ ကြင်နာ ယုယပါ

ကလေးတစ်ဦးကို ကိုးလလွယ်ပြီး ဆယ်လမှာ မွေးထားရတဲ့အတွက် သင့်ဇနီးဟာ များများအနားယူဖို့ လိုအပ်နေပါတယ်။ သင့်ဇနီးအနေနဲ့ မိခင်နို့ချို တိုက်ကျွေးချိန်မှာလည်း ဘေးကနေ ကူညီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ သင်တို့မှာ စီးပွားရေးအဆင်ပြေရင် သင့်ဇနီး ပြန်ကောင်းလာအောင် အနားယူနေချိန်မှာ အိမ်ကိစ္စအဝဝအတွက် အငှားထားရှိပါ။ သင့်အနေနဲ့ သင့်ဇနီးနဲ့ ကလေး ကျန်းမာစေဖို့ တတ်နိုင်သမျှ ကူညီဖေးမပြီး ဂရုစိုက်ပေးပါ။

၂။ ဆေးခန်းလိုက်ပို့ပါ

ကလေးမွေးပြီး ၄-၆ ပတ်လောက် ကြာတဲ့အခါ သင့်ဇနီးဟာ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တွေ့ဆုံဖို့ လိုအပ်ပါတယ်။ ဗိုက်ခွဲပြီး ကလေးမွေးခဲ့ရင် ဝမ်းဗိုက်ချုပ်ရိုး အခြေအနေကြည့်ဖို့၊ နောက်ကိုယ်ဝန်မရရှိအောင် သန္ဓေတားနည်းလမ်း အကြောင်း တိုင်ပင်ဆွေးနွေးဖို့၊ ဖြစ်နိုင်ရင် သန္ဓေတားဆေးထိုးနိုင်ဖို့ စတဲ့အခြေအနေတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်တာပါ။သင့်ဇနီးဟာ ဆေးခန်းသွားဖို့ မေ့လျော့နေရင် သင့်အနေနဲ့ သတိပေးပြီး ဆေးခန်းကို လိုက်ပို့ဖို့ လိုအပ်ပါတယ်။

၃။ သင့်ဇနီးအလိုကို လိုက်လျောပါ

ကလေးမွေးပြီး ခြောက်ပတ်ကြာမှသာ ဖိုမကိစ္စ ဆောင်ရွက်ဖို့ စိတ်ချရပြီလို့ ဆရာဝန် အများစုက ဆိုတတ်ကြပါတယ်။ ဒါပေမယ့် တချို့အမျိုးသမီးတွေအနေနဲ့ ဒီထက်ပိုပြီး အချိန်ယူဖို့ လိုအပ်နေတတ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် အပေါ်မှာ မူတည်နေတတ်သလို ရိုးရိုးကလေး မွေးထားတဲ့အတွက် မွေးလမ်းကြောင်းဝချဲ့ ထားတဲ့ ဒဏ်ရာအပေါ်မှာလည်း မူတည်တတ်ပါတယ်။ ဒါ့အပြင် တချို့ အမျိုးသမီးတွေဟာ မွေးကင်းစကလေးအပေါ်မှာ အချိန်ပြည့် အာရုံ စိုက်နေပြီး ဂရုစိုက် စောင့်ရှောက် နေရတဲ့အတွက် ဖိုမကိစ္စကို စိတ်ပါဝင်စားမှု နည်းသွား တတ်ပါတယ်။ ကလေးမွေးပြီးချိန်မှာ ဖိုမကိစ္စ စိတ်မဝင်စားတာဟာ တချို့အမျိုးသမီးတွေ အတွက် ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါကြောင့် သင့်ဇနီးကို နားလည်ပေးဖို့ လိုအပ်ပါတယ်။

၎။ ကလေးမွေးပြီး စိတ်ဓာတ်ကျနေရင် များများ ဂရုစိုက်ပေးပါ

သားဦး မိခင်တွေရဲ့ တစ်ဝက်ကျော်ဟာ ကလေးမွေးပြီးချိန်မှာ ဝမ်းနည်းခြင်း၊ စိတ်တို စိတ်ဆတ်ခြင်း၊ စိတ်ပူပန် သောက များခြင်းစတဲ့ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေ ခံစားရ တတ်ပါတယ်။ ကံကောင်းတာက အမျိုးသမီးအများစုဟာ တစ်ပတ်လောက်အတွင်း ဒီလက္ခဏာတွေကနေ ကင်းဝေးသက်သာသွားတတ်တာပါပဲ။

သင့်ဇနီး ခံစားနေရတဲ့ စိတ်ဓာတ်ကျဝေဒနာဟာ တစ်ပတ်ကျော် ကြာနေပြီး သူ့အလိုလို မပျောက်သွားဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကုသမှုခံယူဖို့ လိုအပ် ပါတယ်။ သင့်ဇနီးဟာ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေ ခံစားနေရရင် သင့်အနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ဟန်မပြဘဲ ပိုမိုကြင်နာယုယပေးဖို့ အရေးကြီးပါတယ်။


မြ၀တီ

https://www.facebook.com/royalheromedia/photos/a.452811328083074.110728

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...