စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သွားရောဂါ နှင့် ချောင်းဆိုးအတွက် နနွင်း


နနွင်းကို သွားရောဂါအတွက် ကုသနိုင်ပါတယ်

နနွင်းဟာ တကယ်ကို တန်ဖိုးရှိသော ဆေးဘက်ဝက် အပင်တစ်မျိုး ဖြစ်ပါတယ်။
ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပြီး အဲဒီ အထဲကမှ သွားရောဂါ
အတွက် ကုထုံးလေး တစ်မျိုးကို မျှဝေပေး လိုက်ရပါတယ်။

နနွင်းမူန့်ကို ရေနွေးဖြင့် ဖျော်လိုက်ပါ။ ထိုဖျော်ပြီးသား အရည်ကို ငုံပေးခြင်း
အားဖြင့် သွားကိုက်ခြင်း ၊ သွားနာခြင်း ၊ သွားဖုံရောင်ခြင်း စတဲ့ သွားရောဂါ
အမျိုးမျိုးကို သက်သာစေနိုင် ပါတယ်။ နောက်တစ်နည်း ကတော့ ဆားများများ
ထည့်ပြီး သောက်ပေးခြင်း အားဖြင့် ထိုရောဂါတွေကို သက်သာစေနိုင် ပါတယ်။

နနွင်းမှုန့်ကို သွားကြားထဲ သိပ်ပေးခြင်း အားဖြင့်လည်း ရောဂါသက်သာစေနိုင်
ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ

 https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.3


ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ

ချောင်းဆိုးနေသူတွေ အတွက် တကယ်ကို ကောင်းမွန်ပြီး ငွေကြေး အကုန်အကျ သက်သာစေတဲ့ နည်းလမ်းလေး တစ်ခုမို့ မျှဝေပေးလိုက်ရဖြင်းပင် ဖြစ်ပါတယ်။

အသုံးပြုပုံလေးကတော့

နနွင်းမှုန့်အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ကာ မွှေလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်မှ စားပေးခြင်းဖြင့် ချောင်းဆိုးခြင်းကို လျင်မြန်စွာ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နနွင်းနှင့် ပျားရည်ဟာ အဆုတ် ကြွက်သားတွေကို သန်မှာစေပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...