
ဗုဒ္ဓဘာသာတရားကို နားမလည်တဲ့သူတွေက" ဥပုသ်စောင့်ရင် ထမင်းဆာတာပဲ အကျိုးရ
တယ် " လို့ မရိုမသေပြောတတ်ကြတယ်။
သူတို့က ကုသိုလ် အကုသိုလ် ဆိုတာတွေကိုဘာမှ မသိကြဘူး။
ထမင်းစားလိုတဲ့ လောဘစိတ်တွေကို ပယ်ရှားပြီးကုသိုလ်တွေ ဖြစ်ပွားနေတာကို သူတို့က မသိကြဘူး။
သူတို့သိတာကတော့ အဖျားရောဂါရှိတဲ့သူများမှာထမင်းမကျွေးဘဲထားရင် ရောဂါပျောက်တတ်တယ် "
ဆိုတာမျိုးကြတော့ သူတို့က သိကြတယ်။
အဲဒီမှာလည်း စားချင်လျက်နဲ့ မစားရတော့ ထမင်းဆာတာပါပဲ။ ဒါပေမယ့် အဲဒီလို ဆာတာကတော့ ရောဂါ
ပျောက်ခြင်းအကျိုးရှိတယ် ဆိုတာကို ယုံကြည်ပြီးတော့မကဲ့ရဲ့ကြဘူး။
ချီးမွမ်းတောင် ချီးမွမ်းကြသေးတယ်။ သူတို့ မျက်မှောက် ရုပ်ခန္ဓာ ဖြစ်ပုံလောက် နားလည်ကြတာကိုး။
နောင်တမလွန်နဲ့ နာမ်ခန္ဓာ အကြောင်းလုံးလုံး နားမလည်ရှာကြပဲဟာကိုး။ ဒီတော့ ဒီလို ပြောကြပေမှာပဲ။
အမှန်ကတော့ ဥပုသ်စောင့်တယ် ဆိုတာဟာဖြစ်ပေါ်လာမည့် အကုသိုလ်တွေ ပယ်စွန့်ပြီး
ရှေုင်ကြဉ်ခြင်း သည်းခံခြင်း အစရှိတဲ့ ကုသိုလ်တရားတွေကို နေ့ရောညပါ မပြတ်ပွားနေတာပဲ။
" ရဟန္တာသခင် အရှင်မြတ်တွေဟာ သတ်ခြင်းခိုးခြင်း မေထုန်မှီဝဲခြင်းလိမ်ခြင်း သေရည်သေရက်
သောက်ခြင်း နေ့လွဲညစာ စားခြင်းအစရှိတဲ့အကုသိုလ်တရားတွေကို တစ်သက်ပတ်လုံးပယ်ရှားပြီး
သီတင်းသုံးတော်မူကြပါပေတယ်။
ငါ့မှာ ဒီကနေ့ တစ်ရက်မျှ ဒီအကျင့်ဒီသူတော်ကောင်းတရားတွေကို ကျင့်သုံးနေရပေတယ်။
ဒီအကျင့်တစ်စိတ်တစ်ဒေသဖြင့်
ဒီလိုစောင့်သုံးနေတဲ့အခါ ထမင်းဆာတာကို သည်းခံပြီးစားချင်တဲ့ ကိလေသာတွေကို ပယ်သတ်ရတာဟာ
အင်မတန် မွန်မြတ်ပါတယ်။
ဒီလို မွန်မြတ်တဲ့တရားတွေ မိမိစိတ်သန္တာန်မှာ ဖြစ်ပေါ်သွားတော့ စိတ်သန္တာန်ဟာ စင်ကြယ်သွားတယ်။
အဲဒီလို စိတ်သန္တာန် စိတ်အစဉ်က စင်ကြယ်သွားတဲ့အတွက်ဒီဘဝက သေတဲ့ခါမှာ စင်ကြယ်ကောင်းမြတ်တဲ့ လူနတ်တို့၏စိတ်အစဉ်ဆက်ပြီး ဖြစ်သွားတယ်။
အဲဒါကို လူဖြစ်သွားတယ် နတ်ဖြစ်သွားတယ် " လို့ ပြောကြရတာပဲ။
- မဟာစည်ဆရာတော်ဘုရားကြီး
ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဝိပဿနာအခြေခံတရားတော်မှ ကောက်နုတ်ဖော်ပြထားပါသည်။
https://www.facebook.com/photo.php?fbid=626986250718250&set=a.501060999977443.
No comments:
Post a Comment