စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ

                



ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)

ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။

ဆေးနည်း(၃)

စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။

သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ တိုင်းရင်းဆေးများ၏ အစွမ်း

ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
 
 
 ရှန်းလေးထ ဇာဟာဝေ အဲတာထက် အာမခံ တစ်ပတ်အတွင်းပျေက်ကင်းစေနူင်တဲ့ နည်းရှိတယ် ။ ကြွက်နု ကို ပါးပါးလေး လက်သည်းညှပ်တံနဲ့  ညှပ်ပေးလိုက်ပါ ပြီးရင် ကြောင် ရဲ့ နုတ်ခမ်းမွှေး တစ်ချောင်းလောက် ရအောင်ရှာပြီး ကြွက်နု အသားထဲကို ထိုးသွင်းလိုက်ပါ နည်း၂တော့  ဆူး ဆူးသလိုမျိုးခံစားပါလိမ့် မည် ပြီးရင် ထိုးသွင်လိုက်တဲ့ ကြောင်နုတ်ခခမ်းမွှေးကို မိမိ အသားနှင့် အညီး လက်သည်းညှပ်တံ နဲ့ ပြန်ညှပ်ပေးလိုက်ပါ ။ ၂ရက် ၃ရက်လောက်ဆို ကြောင်မွှေးထိုးသွင်းထားတဲ့  ကြွက်နု ဟာ တစ်ဖြည်းဖြည်း ခြောက်လာပြီး တစ်ပန်လောက်ဆို လုံးဝ ပျောက်ကင်းသွားမည် ။ သမီး လက်မှာ ကြွက်နု အများကြီး ပေါက်ဖူးတယ် ။ သမီး ဒီနည်းနဲ့ ပဲ လုံးဝ ပျောက်ကင်းသွားပါတယ် ။ စမ်းကြည့် လိုက်ပါ သူငယ်ချင်းတို့  မခက်ပါဘူး 
 
 SweSwe Swe Swe မြန်မာဆေး၇ွက်ကြီးက အရိုးကို မီးမြိုက်ပြီးပြာနဲ့ ကြွက်နို့ ကို တို့ပေးပါ။ ၂၇က်အတွင်း သိသာစွာ ပျောက်ကင်းသွားမည်
 
 Kaunghtet Kaung ကျောင်ရှာပင်ခေါက်သွေးလိမ်းရင်လဲ ပြောက်ပါတယ်
 
 Thin Phyu နောက်တမျိုးက လက်သဲနီသာအုံအုံပေးလိုက်လက်တွေ့ဗျ
 
 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...