စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဝေးက ရှောင်ကြလော့

                          
ဤခန္ဓာကိုယ်သည် မစင်ဖြင့်ပြည့်သော သားရေအိတ်နှင့် တူ၏။ ရင်၌ အိုင်းအမာနှင့် တူသော သားမြတ်နှစ်ခုသည် အရေဖြင့်ဖွဲ့၍တည်၏။ ထိုခန္ဓာကိုယ်၌ ကိုးမျိုးသော စက်ဆုပ်ဖွယ်ရာ အရာဝတ္တု
အလျဉ်တို့သည် “ကိုးပေါက်သော ဒွါရ”တို့မှ အစဉ်မပြတ် ယိုစီးကျနေပေ၏။
ကျင်ကြီး၊ ကျင်ငယ်၊ တံတွေး၊ ချွဲ၊ သလိပ် စသည်ဖြင့် ကိုးမျိုးသော အလျဉ်ရှိသည့် ခန္ဓာကိုယ်သည် မကောင်းသော အနံ့ကို ပြုတတ်၏။

စင်ကြယ်ခြင်းကို အလိုရှိသူသည် မစင်ကျင်းကြီးကို အဝေးမှ ရှောင်ကြဉ်သကဲ့သို့ တရားနှင့် မွေ့လျော်လိုသူသည်ထိုခန္ဓာကိုယ်ကို ရှောင်ရှားရာ၏။ ပညာနည်းပါးကုန်သော သူတို့သည် ဤသို့သဘောရှိသော ခန္ဓာကိုယ်၌ နစ်မြုပ်ကြကုန်၏။ နွားအိုကြီးသည်
ရွှံ့ညွှန်၌ နစ်မြုပ်သကဲ့သို့ နစ်မြုပ်ကြရလေ၏။

“မြက်အိမ်နှင့် တိုက်အိမ်”
••••••••••••••••••••
ဤလောက၌ ခြောက်သွေ့ ဆွေးမြေ့သော မြက်အိမ်၊ ကျူရိုးအိမ်တို့ ရှိကြကုန်၏။ ယောက်ျားတစ်ယောက်သည် မီးတုတ်ကို ကိုင်လျက် ထိုကျူအိမ်၊ မြက်အိမ်အား မီးရှို့သော် လွယ်ကူစွာလောင်ကျွမ်းနိုင်ပေ၏။ ကျူအိမ် မြက်အိမ်၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဖီလာ၊
မည်သည့်အရပ် မျက်နှာမှဖြစ်စေ လွယ်ကူစွာ မီးရှို့ဖျက်ဆီးပစ်နိုင်ပေ၏။

အုတ်၊ အင်္ဂတေတို့ဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားသော အိမ်၊ ဇရပ် တို့လည်း ဤလောက၌ ရှိကြကုန်၏။
ထိုခိုင်ခံ့သော အိမ်၊ ဇရပ်တို့ကိုမူ မီးရှို့မြှိုက်ရန် မလွယ်ကူပေ။ အရှေ့ အနောက် တောင် မြောက် ဖီလာ
အရပ်ရှစ်မျက်နှာတို့မှ ဝင်ရောက်၍ မီးတုတ်ဖြင့် ရှို့မြှိုက်သော်လည်း လွယ်ကူစွာ မီးမစွဲနိုင်ပေ။
ဤကား သိသာရန် ဥပမာ စကားတည်း။

“မသိ၍ လောင်ကျွမ်းခြင်း”
•••••••••••••••••••••
ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မျက်စိဖြင့် အဆင်းကို မြင်လေသော် ထိုအဆင်းသည်
နှစ်သက်ဖွယ်ရာဖြစ်လျှင် နှစ်သက်၏။ နှစ်သက်ဖွယ်ရာ မဖြစ်လျှင် အမျက်ထွက်၏။

ခန္ဓာကိုယ်၌ မထင်သော သတိရှိသည်ဖြစ်၍ ယုတ်ညံ့သော စိတ်ရှိလျက်နေ၏။ကိလေသာမှလွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့်
အရဟတ္တဖိုလ်ပညာကိုလည်း ဟုတ်တိုင်းမှန်စွာမသိ။ ထို့ပြင် ထိုပုဂ္ဂိုလ်သည် နားဖြင့်အသံကို ကြားသော်၊ နှာခေါင်းဖြင့် အနံ့ကို နံသော်၊ လျှာဖြင့် အရသာကို လျှက်သော်၊
ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်၊ စိတ်ဖြင့် သဘောတရားကို တွေးထင်သော် နှစ်သက်ဖွယ်ဖြစ်လျှင် တပ်မက်၏။ နှစ်သက်ဖွယ်မဖြစ်လျှင် အမျက်ထွက်၏။

ခန္ဓာကိုယ်၌ မထင်သော သတိရှိသည်ဖြစ်၍ ယုတ်ညံ့သောစိတ်ရှိလျှက်နေ၏။ ကိလေသာမှလွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကိုလည်း ဟုတ်တိုင်းမှန်စွာမသိ။ ထိုပုဂ္ဂိုလ်သည် ကိလေသာ စိုစွတ်သူမည်၏။ ထိုပုဂ္ဂိုလ်အား မာရ်သည်ကပ်ရောက်နိုင်ပေ၏။

မျက်စိမှလည်း ကပ်ရောက်နိုင်၏။ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့မှလည်း မာရ်သည် ကပ်ရောက်နိုင်ပေ၏။ မီးရှို့မြှိုက်ရန် လွယ်ကူသော ခြောက်သွေ့ဆွေးမြေ့သည့်
ကျူအိမ်၊ မြက်အိမ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးပေတည်း။

“သိ၍ မလောင်ကျွမ်းခြင်း”
••••••••••••••••••••••
ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မျက်စိဖြင့် အဆင်းကို မြင်လေသော်ထိုအဆင်းသည် နှစ်သက်ဖွယ်ရာဖြစ်လျှင် မတပ်မက်၊ နှစ်သက်ဖွယ်ရာ မဖြစ်လျှင်လည်း အမျက်မထွက်။ ခန္ဓာကိုယ်၌ ထင်သောသတိရှိသည်ဖြစ်၍ မြင့်မြတ်သောစိတ်ဖြင့် နေရ၏။

ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကိုလည်း ဟုတ်တိုင်းမှန်စွာသိ၏။ ထို့ပြင် ထိုပုဂ္ဂိုလ်သည် နားဖြင့်အသံကို ကြားသော်၊
နှာခေါင်းဖြင့် အနံ့ကို ရှုရှိုက်သော်၊ လျှာဖြင့် အရသာကို လျှက်သော်၊ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်၊
စိတ်ဖြင့် သဘောတရားကို တွေးထင်သော် နှစ်သက်ဖွယ်ဖြစ်လျှင်လည်း မတပ်မက်။
မနှစ်သက်ဖွယ် ဖြစ်လျှင်လည်း အမျက်မထွက်။

ခန္ဓာကိုယ်၌ ထင်သော သတိရှိသည်ဖြစ်၍ မြင့်မြတ်သော စိတ်ဖြင့်နေ၏။ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကိုလည်း ဟုတ်တိုင်းမှန်စွာသိ၏။
ထိုပုဂ္ဂိုလ်သည် ကိလေသာ မစိုစွတ်သူမည်၏။ ထိုပုဂ္ဂိုလ်အား မာရ်သည် မကပ်ရောက်နိုင်ပေ။
မျက်စိမှလည်း မကပ်ရောက်နိုင်။ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့မှလည်း မကပ်ရောက်နိုင်ပေ။
မီးရှို့မြှိုက်ရန် ခဲယဉ်းသော အုတ်၊ အင်္ဂတေ တို့ဖြင့် ထူထဲ
ခိုင်ခံ့စွာ တည်ဆောက်ထားသည့် အိမ်၊ ဇရပ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးပေတည်း။

- (“အရှင်မဟာမောဂ္ဂလာန်”၏ ဟောကြားချက်)
(သဠာယတနသံယုတ်၊ အာသီဝိသတ်၊ အဝဿုတိပရိယာယသုတ်)

-【မေတ္တာရှင်(ရွှေပြည်သာ)၏ “လူငယ်များအတွက် ဂမ္ဘီဝိပဿနာ အတွဲ-၈”မှ

ကောက်နှုတ်ပူဇော်မျှဝေပါသည်။】

Dhamma Dãna Source ► zahan mon &
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...