စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကော်ဖီနှင့် ကျန်းမာရေး


          
ကော်ဖီထဲမှာပါဝင်နေတဲ့ ကဖင်းဓါတ်ဟာ လူရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကျန်းမာရေးအားနည်းနေသူများ ကော်ဖီကို အလွန်အကျွံမသောက်သင့်ပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် တစ်နေ့ကို ကဖင်းဓါတ် 300mg ထက်ပိုမိုသောက်သုံးပါက ကလေးကြီးထွားမှုနှုန်းများ ကျဆင်းကာ ကိုယ်ဝန်ပျက်ကျနိုင်ခြေထိ ဖြစ်တတ်ပါတယ်။


သောက်သင့်သည့် ပမာဏထက် ပိုသောက်ပါက ကျန်းမာရေးကောင်းမွန်နေသူများလည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ တစ်နေ့ကို တစ်ခွက်ထက် ပိုမိုမသောက်သုံးကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြုထားပါတယ်။


ကော်ဖီအမျိုးမျိုးတို့တွင့် မတူညီသော ကဖင်းဓါတ်ပမာဏများကလည်း အမျိုးမျိုးရှိနေတာမို့ သုံးစွဲသူများ၏ ကျန်းမာရေးကို ရှေးရှုသောအားဖြင့် တိကျသော အချက်အလက်တို့ကို ထည့်သွင်းဖော်ထားသင့်ကြောင်း Glasgow တက္ကသိုလ်မှ လူ့အာဟာရဆိုင်ရာဌာနမှူး ပါမောက္ခ Mike Lean ကဆိုခဲ့သည်။

Latte, cappuccino စသည့်ကော်ဖီတို့ထက် Espresso ကော်ဖီတွင်း ကဖင်းဓါတ်ပါဝင်မှုက ပိုမိုမြင့်မားနေကြောင်းကိုလည်း ၄င်းက ထောက်ပြသွားခဲ့ပါတယ်။

ထို့ကြောင့် ကော်ဖီကို နှစ်သက်သူများ အလွန်အကျွံမသောက်သုံးသင့်ကြောင်း တင်ပြလိုက်ပါတယ်။
 

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: Foods and Health


https://www.facebook.com/photo.php?fbid=242233205970942&set=a.231751513685778.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...