စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝချင်သူများအတွက်



                                 
လူအများစုက ခန္ဓာကိုယ်ဝနေလို့ ပိန်ချင်ကြပေမယ့်၊ လူနည်းစုကတော့ ဘယ်လောက်စားစား ၀ိတ်တက်မလာဘဲ ပိန်မြဲတမ်းသာ ပိန်လို့ စိတ်ညစ်နေကြရပါတယ်။ မိမိရဲ့ အသက်အရွယ်၊ အရပ် အနိမ့်/အမြင့် နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ရှိမှသာ ကျန်းမာ တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။

ပိန်သူများ ၀လာအောင်လုပ်ခြင်းကလည်း၊ ၀နေသူများ ကိုယ်အလေးချိန်နဲ့ အဆီတွေလျော့ချ ရသလို လွန်စွာခက်ခဲပါတယ်။ ပြည့်စုံလုံလောက်တဲ့ အစားအစာမမှီဝဲခြင်း၊ စားသောက်မှုပုံစုံမမှန်ခြင်း၊ တစ်ကြိမ်နဲ့ တစ်ကြိမ် အစာစားချိန်ဝေးကွာလွန်းခြင်း၊ အာ ဟာရပြည့်ဝစေတဲ့ အစားအစာကိုမရွေးချယ်တတ်ခြင်းတို့ က လူကိုပိန်စေနိုင်သလို၊ နာတာရှည်နေမကောင်းဖြစ်ခြင်း၊ အဆုတ် ရောဂါကူးစက်ဝေဒနာများ၊ ခံတွင်းပျက်ခြင်း၊ ကင်ဆာရောဂါများ၊ ဟိုမုန်းမညီမျှခြင်း၊ ဟိုက်ပါသိုင်းရွိုက်ရောဂါ စသည့်ရောဂါဆိုး တို့ ကြောင့်လည်း လူကိုပိန်စေပါတယ်။

(၁) ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ယောက်အတွက် တနေ့ တာ ကယ်လိုရီ လိုအပ်ချက်မှာ ၂၂၀၀ ဖြစ်ပြီး၊ အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ်ယောက်အတွက် တနေ့ တာကယ်လိုရီလိုအပ်ချက်မှာ ၁၉၀၀ ဖြစ်ပါတယ်။ ထိုလိုအပ်ချက် အတိုင်း ကယ်လိုရီပြည့်မှီစွာစားသုံးနိုင်မှသာ ရက်သတ္တ ၁-ပတ်လျှင် ကိုယ်အလေးချိန်ကီလိုဝက်(၁/၂ ကီလို) တက်လာစေမှာပါ။

(၂) အစားများများစားပါ။ ထမင်း နံက်စာ-နေ့ လယ်စာ-ညစာ (၃)နပ်စလုံးကို ပြည့်ပြည့်၀၀စားပါ။ အကယ်၍ တထိုင်တည်း အပြည့်အ၀ မစားနိုင်ပါက ထို(၃)နပ်စာနဲ့  ညီမျှသော ပမာဏရအောင် တစ်နေ့ ကို (၅)ကြိမ်ပြည့်အောင် ခွဲစားပေးပါ။

(၃) ကြွက်သားများ ကောင်းစွာတည်ဆောက်နိုင်ဖို့  ပရိုတင်းနဲ့ ကစီဓာတ်များ မရှိမဖြစ်လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝ သော အစားအစာများဖြစ်ကြတဲ့ နို့  နှင့် နို့ ထွက်ပစ္စည်းများ၊ ငါး၊ အသား၊ ပေါင်မုန့် ၊ သန့် ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက် နဲ့  သစ်သီးဝလံများ၊ မြေပဲ/ပဲပိစပ် နဲ့  ပဲအမျိုးမျိုး၊ ပဲသီး၊ ကြက်သား၊ အမဲသား တို့ ကိုစားပါ။ ကဆီဓာတ်ကြွယ်ဝတဲ့ အာလူး၊ ဆန်၊ ကလောပီနံ တို့ ကိုစားပါ။

(၄) သွားရည်စာများများစားပါ။ သို့ သော် junk food(ခေါ်)သကြားလုံး၊ အာလူးကြွတ်ကြော်တို့ လို အာဟာရတန်ဖိုးနည်းပါးတဲ့ သွားရည်စာမျိုးကို ရှောင်ပါ။ ကျမ္မာရေးနဲ့ ကိုက်ညီပြီး ကယ်လိုရီပြည့်ဝသော သွားရည်စာများဖြစ်ကြတဲ့ သစ်သီးခြောက်၊ ချိစ် နဲ့  လုပ်ထားသောမုန့် များ၊ ဂျုံစေ့ကြို၊ ဂျုံမုန့် အမျိုးမျိုး၊ ဆန်မုန့် အမျိုးမျိုး၊ ပဲနို့ ရည်၊ ဒိန်ချဉ်၊ အုန်းနို့ ၊ ကန်စွန်းဥပြုတ်၊ ပြောင်းဖူးပြုတ်၊ ဌက်ပျောသီး များစားပေးပါ။

(၅) အာဟာရ နဲ့ကယ်လိုရီအပြည့်အ၀ပါသော အရည်များဖြစ်ကြတဲ့ ဆိတ်-ကျွဲ-နွားနို့ ၊ လတ်ဆတ်သော သစ်သီးဖျော်ရည်များ၊ အားဖြည့်အချိုရည်များ သောက်ပါ။

(၆) ထမင်းမစားမှီ ဆေးလိပ်သောက်ခြင်းက ထမင်းစားပျက်စေလို့  ဖြစ်နိုင်ရင် ဆေးလိပ်မသောက်ပါနဲ့ (ဆေးလိပ်ဖြတ်ပါ)။

(၇) ကြွက်သားတက်လာအောင် ပေါ့ပါ့ပါးပါးလေ့ကျင့်ခဏ်းများဖြစ်ကြတဲ့ squats, dead lifts, bench presses, barbell rows, pull ups နှင့် bar dips တို့ ပြုလုပ်ပေးပါ။ စက်ကြီးများကိုမသုံးဘဲ၊ dumbbells(ခေါ်)လက်ဖျံကြွက်သားကြီးအောင် လေ့ကျင့် သည့် အားကစားကိရိယာနဲ့  လေ့ကျင့်ခြင်းက သင့်တော်ကောင်းမွန်ဆုံးပါဘဲ

(၈) နှစ်ခြိုက်စွာအိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်ကြွက်သားများ ကောင်းစွာတည်ဆောက်စေလို့ ၊ ၈-နာရီ(သို့ မဟုတ်)၉-နာရီကြာ အောင် အိပ်ရေး၀၀အိပ်စက်ပါ။ အကယ်၍ ၆-နာရီ(သို့ မဟုတ်)ထို့ ထက်လျော့နည်းစွာ အိပ်စက်ခြင်းက ပိန်လှီသူများကို ကိုယ်အ လေးချိန်မတိုးလာစေတော့ဘဲ၊ စားသမျှအာဟာရများ နဲ့  လုပ်သမျှလေ့ကျင့်ခဏ်းတို့ ကိုပါ အချည်းနှီးဖြစ်စေပါလိမ့်မယ်

(၉) အချို့ အားကစားသမားများ က သက်လုံကောင်းစေရန် နဲ့  ကိုယ်အလေးချိန်တက်လာစေရန် Creatine ဖြည့်စွက်ဆေးကို သောက်သုံးမှီဝဲလေ့ရှိပါတယ်။ ၀ချင်သူများ ထို Creatine ဆေးကို သောက်သုံးလိုပါက၊ ဦးစွာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် စမ်းသပ်ပြီး သောက်ပါ။

(၁၀) ကိုယ်အလေးချိန်တက်လာအောင် ကြိုးစားပြုမူခြင်းကလည်း၊ အချိန်တိုတွင်းတမဟုတ်ချင်း ပြောင်းလဲသွားတာမျိုးမဟုတ် ဘဲ၊ ရေရှည်လေ့ကျင့်ရမှာဖြစ်လို့ စိတ်ရှည်သီးခံမှုရှိပါ။ သင်ကြိုးစားအားထုတ်မှသာ လိုရာပန်းတိုင်သို့ ရောက်ရှိစေမှာဖြစ်လို့ ၊ မိမိ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်မရောက်မချင်း သင့်တင့်လျောက်ပတ်သော လေ့ကျင့်ခဏ်း၊ ခွန်အားပြည့်ဖြည့်စွက်စာ အစား အစာများဖြင့် ဇွဲမလျော့ဘဲထိန်းသိမ်းပါ။

ကျန်းမာရွှင်လန်းသောဘ၀ပိုင်ဆိုင်ပါစေ

ရွှေအိမ်စည်စာကြည့်တိုက်

 https://www.facebook.com/royalheromedia/photos/a.452811328083074.110728.4

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...