စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်နိုင်ဖို့ ခရုလို လုံ့လ ရှိရန်လို



ရိုးရာလေး စာဖတ်သူတို့ ငယ်စဉ်က သင်ဖူးတဲ့ အကြောင်းအရာလေး တစ်ခုကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ စာကျက်ဖို့ အင်မတန် ခက်ခဲပြီး ညံထိုင်းတယ်လို့ အသိမှတ်ပြုခံထားရတဲ့ ကလေးဟာ စာမကျက်နိုင်တဲ့ အဆုံး ခရုလေး တစ်ရွေ့ရွေ့နဲ့ သွားတာကို ထိုင်ကြည့်ပါတော့တယ်။

ခရုဟာ နံရံပေါ် တွယ်တက်ပြီး အပေါ် ရင်ပြင်တစ်ခု ရောက်အောင် ကြိုးစားတာ အင်မတန် နှေးပါတယ်။ တက်နေရင်းနဲ့လည်း ပြန်ကျ ပါတယ်။ နောက်တစ်ခါ ပြန်တက် ရောက်လုနီးနီးမှာ ထပ်ကျပြန်ပါတယ်။ ဒီလိုနဲ့ နှေးလည်းနှေး ကျလဲကျ ရာကနေ ကြိုးစားတက်ခဲ့ တာကြောင့် နောက် ဆုံးတော့ အပေါ်ကို ရောက်ရှိ သွားပါတယ်။ ဒါနဲ့ ကလေးငယ်လေးဟာ မှတ်သားရ ခက်ခဲနေပေမယ့် စာ ပိုဒ် များကို အချိန်အတော်ကြာ ပေးပြီး ကျက်မှတ်လိုက်တာ နောက်နေ့တော့ အတန်းမှာ အတော်ဆုံး ကလေး ဖြစ်သွား ပါတယ်။

လူ့ ဘဝမှာလည်း ဒီလိုပါပဲ။ အောင်မြင်မှု ပန်းတိုင်တစ်ခု ဆိုတာ လွယ်လွယ်နဲ့ မရနိုင်ပါဘူး။

၁။ အချိန်ကာလ တစ်ခု ကြာမြင့်တယ်။
၂။ ကျရှုံးတဲ့ အကြိမ်အရေအတွက် များစွာနဲ့ အရင် ပေးဆပ်ရတယ်။

ယင်း အချက် နှစ်ခုမှာ အချို့က အချိန်ကြာတာနဲ့ပဲ လက်လျော့ သွားကြ ပါတယ်။ အချို့ ကျတော့လည်း ပြန်ပြန် ကျရှုံးသွားတဲ့ ဒဏ်ကို မခံနိုင်လို့ လက်လျှော့ သွားကြ ပါတယ်။ အချို့ ကျတော့လည်း အချိန်ကြာပြီး အောင်မြင်ခါနီးမှ လက်လျော့သွားကြ ပါတယ်။ နောက်ဆုံးတော့ ရလဒ်က အရှုံးပါပဲ။

အကယ်၍ ကိုယ့်ဆီမှာ-

၁။ စိတ်ရှည် သီးခံနိုင်တဲ့ အရည်အချင်း ရှိတယ်။
၂။ ရှည်လျား ကြာမြင့်တဲ့ အာရုံစူးစိုက်မှု (သမာဓိ) နရှိတယ်။
၃။ ကျရှုံးတိုင်းလည်း ပတ်ဝန်းကျင် တိုက်ခိုက်မှု (လောကဓံ) ကို ခံနိုင်တဲ့ အရည်အချင်း ရှိတယ်။

အထက်ပါ သုံးချက်နဲ့ ပြည့်စုံ နေတယ် ဆိုရင် အောင်မြင်မှု ဆိုတာ တစ်နေ့တော့ ကြိမ်းသေ ရရှိမှာ ဖြစ်ပါတယ်။
.

အောင်ခမ်း (ရိုးရာလေး)

www.yoyarlay.com/book/152-natter/41054-take-the-snail-for-example.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...