စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မနက် အိပ်ယာထမှာ နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတွေ ဘာလို့ အဖြစ်များတာလည်း

              
နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတွေ ဘာလို့ မနက် ၆း၃၀ နာရီမှာ အဖြစ်အများဆုံးလို့ ပြောပါတယ်။ အခုတော့ သိပ္ဗံပညာရှင်တွေက ဘာဖြစ်လို့ အဲဒီလို မနက်စောစောမှာ ဒီရောဂါတွေ ဖြစ်လေ့ရှိသလည်းဆိုတာကို တွေ့ရှိထားပါပြီ။ အဓိကအကြောင်းရင်ကတော့ ကိုယ်ခန္တာအတွင်းမှာရှိတဲ့ ဇီဝကမ္မနာရီကြောင့် သွေးအတွင်းဓာတ်ပြောင်းမှုတစ်ခုကြောင့်ပဲ ဖြစ်ပါတယ်တဲ့။ ဆေးသုတေသနပညာရှင်တွေရဲ့ နောက်ဆုံး တွေ့ရှိချက်အရ မနက် ၆း၃၀ နာရီမှာ သွေးခဲ ဖျက်စီးမှုကို ဆန့်ကျင်တဲု့ပရိုတိန်းတစ်မျိုးဟာ မနက် ၆း၃၀ နာရီမှာ အများဆုံး ထွက်တာကို တွေ့ရပါသတဲ့။

အမေရိကန် ဘော်စတွန့်မြို့က သူတေသီအဖွဲ့က ဘာကြောင့်များ နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းတွေဟာ မနက်ခင်းမှာ ဘာလို့ပိုပြီး ဖြစ်သလည်းလို့ လေ့လာခဲ့ကြပါတယ်။ ကျန်းမာတဲ့ လူ ၁၂ ဦးကို ၂ ပတ်ကြာ လေ့လာခဲ့ကြပါတယ်။ လေ့လာခြင်းခံရတဲ့သူတွေကို နေ့စဉ် လုပ်နေကျ လှုပ်ရှားမှုတွေကို အမျိုးမျိုး လုပ်စေပါတယ်။
PAI-1 လို့ခေါ်တဲ့ သွေးခဲတွေကို ဖျက်စီးခြင်းကို ဆန့်ကျင်တဲ့ ပရိုတိန်းတစ်မျိုးကို လေ့လာကြပါတယ်။ ဒီပရိုတိန်းတွေကြောင့် သွေးခဲတွေကို ဖျက်စီးနိုင်ခြင်းမရှိလို့ နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတွေ ဖြစ်စေပါတယ်။

ဒီအချက်တွေက နှလုံးတိုက်ချိုက်ခံရမှုနဲ့ လေဖြတ်ရောဂါတွေအတွက် အဓိက အကြောင်းအရာတွေပါပဲ။
“ကျနော်တို့ရဲ့ တွေ့ရှိချက်တွေအရ နေ့စဉ် ခန္တာကိုယ်အတွင်းမှာ နာရီနဲ့အမျှ ပြောင်းလဲနေတဲ ဇီဝကမ္မပြောင်းလဲမှုတွေဟာ နှလုံးနဲ့သွေးကြောရောဂါတွေကို မနက်အိပ်ယာထအချိန်မှာ ဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ” လို့ ဘရစ်ဟမ်မ်က Dr Frank Scheer က ဆိုပါတယ်။
သူက ထပ်ပြီးတော့ “ကျနော်တိုရဲု့တွေ့ရှိချက်တွေအရဆိုရင် ကိုယ်ထဲမှာ လည်ပတ်နေတဲ့ PAI-1 ပရိုတိန်းဓာတ်ဟာ မနက်စောစောမှာ အများဆုံးတက်နေလေ့ရှိပါတယ်၊ ဒါကြောင့် နှလုံးတိုက်ခိုက်ခံရမှုနဲ့ လေဖြတ်ရောဂါ ရလွယ်တဲ့သူတွေမှာ မနက်ခင်းစောစောရကြတာ ဖြစ်လိမ့်မယ်” လို့ ဆိုပါတယ်။ ရောဂါရလွယ်သူတွေက ဘယ်သူတွေပါလည်း။

ဒီပရိုတိန်းပြောင်းလဲမှုတွ့ရှိချက်က အရေးကြီးသလို ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်း၊ ကိုလက်စတီရောလ် အဆီဓာတ်လွန်ကဲခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုသွေးချိုဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း တွေကြောင့် နှလုံးတိုက်ခိုက်ခံရမှုနဲ့ လေဖြတ်မှုတွေ ဖြစ်ရတယ်ဆိုတာက ပိုပြီး အရေးကြီး ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ


မြန်မာနှလုံးဖောင်ဒေးရှင်း
 https://www.facebook.com/royalheromedia/photos/a.452811328083074.110728.4

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...