စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆားလျှော့နည်း လေးမျိုး



 
လေဖြတ်ခြင်းနှင့်အစာအိမ်ကင်ဆာမှကင်းဝေး***
 
ပာင်းချက်တဲ့အခါဖြစ်စေ၊ ဆားနယ်သိပ်တဲ့အစားအစာများတွင်ဆားပာာနေ့တိုင်းမရှိမဖြစ် မပါမဖြစ်အရေးပါတဲ့ ဇာတ်ကောင်ဖြစ်တယ်။ဒါပေမယ့်ဆားကိုလွန်ကဲစွာစားသုံးလျှင်
ကျန်းမာရေးကိုထိခိုက်နိင်ပါတယ်။ သွေးတိုး၊ သွေးလွှတ်ကြောမာရောဂါ၊ ၊လေဖြတ်၊ နှလုံးသွေးကြောမာခြင်း၊အစာအိမ်ကင်ဆာဖြစ်ခြင်းကိုလေ့လာတွေ့ရှိရပါတယ်။
စည်သွတ်ဘူး ၊ အရန်သင့်ခေါက်ဆွဲခြောက်ဘူးများ ၊ ဝက်အူချောင်း၊ ဝက်ဆားနယ် ချဉ်ဖတ်အစရှိသောအစားအစာများတွင်များပြားသောဆိုဒီယမ်ပါဝင်ပါတယ်။
အရွှယ်ရောက်သူ တစ်ရက် ဆားကိုစားသုံးတာ၂၄၀၀ မီလီဂရမ်= ၆ ဂရမ် ဖြစ်ပါတယ် ။ (WHOသတ်မှတ်ထား) ။ ဆားနည်းသောပာင်းခတ်အမွှေးအကြိုင်များကိုသုံးဆွဲပါ ။ သူငယ်ချင်းတို့သိသုံးဆွဲနေတဲ့ကြက်သားမှုန့်၊ငံပြာရည်၊အချိုမှုန့်၊ငါးပိများတွင်ဆိုဒီယမ်အများဆုံးပါဝင်ပါတယ်။
 
* 1. ပင်ကိုအနံ့အရသာပြင်းသောပာင်းသီးပာင်းရွှက်များကိုအသုံးပြုပါ ။
ငရုပ်ပွ၊ ခရမ်းချည်သီး၊ကြက်သွန်နီ၊ မှို ၊ ပင်စိမ်း အစရှိသောပာင်းသီးပာင်းရွှက်များ ။
 
* 2. အချဉ်ဓာတ်က အငန်ဓာတ် ပေါ့စေတယ် ။
ရှာလကာရည်၊သံပုရာ ၊ပန်းသီး၊နာနတ် ၊ ရှောက်ချိုရည်အစရှိသောသစ်သီးများက
အစားအစာထဲမှာရှိတဲ့ပင်ကိုအရသာကိုပိုမိုကောင်းစေပါတယ် ။
 
*3. အစားအစာများတွင်ရှိသောပင်ကိုအရသာကိုအသုံးပြု၍ပာင်းချက်ပါ ။
ကြော်၊ ကင်၊ ဖုတ် ၊ပေါင်း၊ပြုတ်ခြင်းဖြင့်အစားအစာပင်ကိုအရသာအတိုင်းစားရတ
ပိုပြီးအရသာကိုခံစားနိင်ပါတယ် ။
 
*4. အပြင်စာခဏခဏစားသုံးသောသူများ.... ဆားနယ်သိပ်၊စည်သွတ်ဘူး ၊ ချဉ်ဖတ်၊ခေါက်ဆွဲပြုတ်များကို လျှော့စားပါ ။ ထိုအစားအစာများတွင် ဆားနှင့်အချိုမှုန့်များလွန်ကဲစွာပါဝင်ပါတယ် ။။။။
 
ချစ်ခင်လေးစားရသောသူငယ်ချင်းတို့..... 
နွေရောက်လို့အစားအသောက်ပျက် ၊ချဉ်ငန်စပ်က အာသီတကိုပြေစေတယ် ။
ဆားနှင့်ပာင်းချိုမှုန့် ငံပြာရည်ထဲမှာ ဆိုဒီယမ်အများဆုံးပါဝင်တာမို့
ရင်ပူ အာခြောက် သလိပ် များ ၊ ခေါင်းမုး အော့အန် ၊သွေးပေါင်တိုးခြင်း
ဖြစ်တတ်ပါတယ် ။ ရေ သို့မပာုတ် ရေနွေးကြမ်းများများသောက်ခြင်းဖြင့်
သက်သာစေပါတယ် ။ နေ့စဉ်အစားအသောက် နေထိုင်မှု ၊အားကစား
လေ့ကျင့်ခန်းများ ကိုလေ့လာလိုက်စားကျင့်သုံးရင်တော့ ကျန်းမာရေးအတွက်
များစွာ အထောက်အကုပြုနိင်ပါတယ် .။

သူငယ်ချင်းများအားလုံးကျန်းမာပါစေ...
Jin Li Chao
2014.05.13 at 16:31pm
www.facebook.com/jinli.chao
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...