စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မေတ္တာကြောင့်လား ၊ ယတြာကြောင့်လား



 


ဓာတ်၊ယတြာ၊ အဆောင်၊ဂါထာမန္တာန်တို့က ကောင်းကျိုးပေးသည် ဟုယူဆနေကြ၏။ ထို့ကြောင့် စီးပွားရေးသမားတို့ အိမ်ခေါင်းရင်း၊ဆိုင်ခေါင်းရင်းတွင် ယတြာအဆောင်မျိုးစုံကို တွေ့နေရခြင်း ဖြစ်၏။
ယနေ့မှ စ၍ ပြတ်သားစွာ မှတ်သားပါလော့။

●လက်ယပ်ခေါ်နေသော လာဘ်ခေါ်အရုပ်က မကြီးပွားစေနိုင်။
●မေတ္တာ စေတနာကသာ ကြီးပွားစေနိုင်သည်။
●ထောင်တန် ငါးရာတန်တို့ဖြင့် စီမံထားသော လာဘ်ခေါ်
ဇီးကွက်ရုပ်က မကြီးပွားစေနိုင်။
●မေတ္တာ၊စေတနာကသာ ကြီးပွား စေနိုင်သည်။
●အစိမ်းရောင် ပုလင်းတွင် စိုက်ထားသော နှင်းဆီပွင့်က မကြီးပွားစေနိုင်။
●မေတ္တာစေတနာကသာ ကြီးပွားစေနိုင်သည်။
●ဈေးဦးပေါက် ရောင်းရသော ပိုက်ဆံဖြင့် ကုန်ပစ္စည်းတို့ကို
တဖျတ်ဖျတ် ရိုက်ခြင်းက မကြီးပွားစေနိုင်။
●မေတ္တာစေတနာကသာ ကြီးပွားစေနိုင်သည်။
●ရက်ရာဇာက ကောင်းကျိုးမပေးနိုင်။
●မေတ္တာစေတနာကသာ ကောင်းကျိုးပေးနိုင်သည်။

အဆောင်ယတြာကို မယုံသူအချို့ကား ကလိန်ကကျစ်လုပ်နိုင်လျှင်ကြီးပွားမည်ဟု ယုံကြည်ပြန်၏။

မမှန်ကန်သော နည်းဖြင့် ကြီးပွားသူကား“ရေပွက်ပမာ၊ တစ်သက်လျာတည်း” ဟုပြောရမည်ဖြစ်၏။
“ခွေးရူးကောင်းစား တမွန်းတည့်”ဟူသောစကားသည် ထိုသူများအတွက် ဆိုလိုဟန်ရှိ၏။

-【ဆရာတော် အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...