အများအားဖြင့် အမျိုးသမီးတွေက အမျိုးသားများထက်ပို၍ တင်းတိပ်ပေါက် တတ်ကြပြီး၊ မျက်နှာ အလှအပကို ဖျက်ဆီးသည့် တင်းတိပ်ပေါက်မှာကို စိုး ထိတ်နေကြရပါတယ်။
တင်းတိပ်ဖြစ်ရတဲ့အကြောင်းရင
တင်းတိပ်ဖျောက်နည်း။
လက်တကမ်းမှာ အလွယ်တကူရရှိနိုင်တဲ့ အောက်ဖော်ပြပါ သဘာဝကုထုံးလေးတွေက ဓာတုပစ္စည်းမပါရှိတာကြောင့် ဘေးထွက် ဆိုးကျိုးမရှိဘဲ တင်းတိပ်ပျောက်စေနိုင်ပါ တယ်။ သို့ သော် ဘယ်နည်းကိုဘဲသုံးသုံး ဇွဲရှိဖို့ တော့လိုအပ်ပါတယ်။
(၁) ဒန္တသုခအရွက်စိမ်းရည်(သတ္တုရည
(၂) သန့် ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းချဉ်ရွက် မနုမရင့် လက်ဆစ် ဆုပ် စာခန့် ကို ထန်းလျက် (၇)လုံးခန့် နှင့် သုံးခွက်တစ်ခွက်တင်ကျို၍၊ ဆူလာတဲ့အခါ အိုးထဲကိုဆားအနည်းငယ်ခပ်ထည်
(၃) မျက်နှာကို သန့် ရှင်းစွာဆေးကြော၍ ရေသုပ်ပြီးနောက်၊ သန့် ရှင်းသော အုန်းမှုတ် ခွက်အခွံကို ကျောက်ပျဉ်သန့် သန့် ပေါ် မှာ ရေအစား သံပုရာရည်ဖြင့်သွေး၍ သနပ်ခါး လိမ်း သကဲ့သို့ လိမ်းပါ။ တင်းတိပ် နှင့် ၄င်းဆေးရည်တို့ ထိတွေ့ တဲ့အခါ၊ အနည်း ငယ် စပ်ဖျဉ်းဖျဉ်းခံစားရပါလိမ့်
(၄) ကြက်သွန်နီကိုထောင်း၍ ရလာတဲ့အရည်ကို ရှာလကာရည် ရောစပ်ပြီး ညင်သာ စွာလိမ်းပါ။
(၅) ထောပတ်သီး အမှည့်ထဲက၊ အစေ့ဝိုင်းဝိုင်းကြီးကို အရိပ်ထဲမှာအခြောက်လှန်း ပါ(နေပူထဲမလှန်းရ)။ ခြောက်သွေ့ သွားတဲ့အခါ ညအိပ်ယာ ၀င်ခါနီးတိုင်းသွေး၍၊ မျက်နှာကိုစင်ကြယ်စွာ ဆေးကြောသုတ်သင်ပြီးနောက် သနပ်ခါးလိမ်းသကဲ့သို့ လိမ်း အိပ်ပါ။ တင်းတိပ်တွေ ပျောက်ရုံသာမက၊ မျက်နှာအသားအရည် နုချောလာပါလိမ့်မယ်။
(၆) မျက်နှာကိုသန့် စင်အောင် ဆေးကြောပြီးနောက် ဖရဲသီးအောက်ခံအဖြူသားကို ဓား(သို့ မဟုတ်)ဇွန်းဖြင့် ပါးပါးလှီး၍ မျက်နှာ ပေမှာ နာရီဝက်ခန့် ကြာအောင် တင် ထားပေးပါ။
(၇) သနပ်ခါးသွေးပြီးနောက် သိန္ဓောဆားကို စပါးစေ့တစ်စေ့ခန့်ရောစပ်ပြီ
(၈) သနပ်ခါးသွေးတဲ့အခါ၊ ပင်လယ်ရေမြှပ်ကို အနည်းငယ်ထည့်သွေး၍ ရရှိတဲ့သနပ်ခါး ရည်ဖြင့် တင်းတိပ်ရှိသော နေရာတဝိုက် ကို တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ (ပင် လယ်ရေမြှပ် ကို ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်)
(၉) မျက်နှာကို စင်ကြယ်အောင်ဆေးကြောပြီးနော
(၁၀) သန့်စင်လတ်ဆတ်သော နနွင်းတစ်တက်ကို ရေအစား နွားနို့အနည်းငယ်နှင့်သွေး ၍၊ ရရှိသောဆေးရည်ကို တင်းတိပ်ရှိ သော နေရာတစ်ဝိုက်မှာ လိမ်းပေးပါ။ တစ်နေ့ သုံးကြိမ် လိမ်းပေးသင့်ပါတယ်။
(၁၁) ကွမ်းရွက်ကို ပါးပါးလှီးဖြတ်တောက်၍ ရေအနည်းငယ်နှင့်ပြုတ်ပါ။ အအေး ခံပြီးနောက် ကွမ်းရွက်ပြုတ်ရည် ၂-ဆ၊ ပျားရည် ၁-ဆ ရောစပ်၍ ပုလင်းနှင့်ထည့်ပါ။ ထိုကွမ်းရွက်ပေါင်းဆေးရည်ကု
(၁၂) နံနံစေ့ကိုပြုတ်၍ ရလာတဲ့ဆေးရည်ကိုအအေးခံကာ ညအိပ်ယာဝင်တိုင်း မျက်နှာကိုလိမ်းပေးပါ။ (တင်းတိပ်သာမက၊ မှဲ့ ခြောက် နှင့် ဆားဝက်ခြံများကို သိသိသာသာ လျော့ပါးသွားစေပါတယ်)
(၁၃) နန်းလုံးကြိုင် အသီး ၁-ဆ၊ ဂုံမင်းသီး ၁-ဆတို့ကို ကျွမ်းအောင်မီးဖုတ်၍ အမှုန့်ပြုလုပ်ပါ။ ပြီးရင် ထိုအမှုန့် တွေ မြုပ်သွားတဲ့ အထိ၊ နှမ်းဆီစစ်စစ် နှင့် ရောစပ်၍ ပုလင်းထဲထည့်ထားပါ။ အသုံးပြုခါနီးတိုင်း ပုလင်းကိုလှုပ်ပြီး တင်းတိပ်ရှိသော နေရာတွေ ပေါ်လူးပေးပါ။
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35
No comments:
Post a Comment