ဥစ္စာဓနကြွယ်ဝသောနိုင်ငံများတွင် စိတ်ဓာတ်ကျခြင်းနှင့်သောကဗျာပါဒများပို၍ ဖြစ်ပွားလာ
စက်မှုနိုင်ငံများတွင် စိတ်ခံစားမှု နှင့်ဆိုင်သော ရောဂါများ သိသိ
သာသာတိုးပွားလာပြီး ယင်းရောဂါ များမှာကျယ်ပြန့်သော လူ့အဖွဲ့ အစည်းအတွင်း
ပုဂ္ဂိုလ်ရေး ရည်မှန်းချက်များကို ပြောင်းလဲ သွားစေကြောင်း ဂျာမန်ပညာရှင်
တစ်ဦးက ဧပြီ ၂၅ ရက်က ပြောကြားသည်။
ချမ်းသာသော နိုင်ငံများတွင် စိတ်ဓာတ်ကျခြင်းနှင့် သောကဗျာ ပါဒများ သိသိသာသာကြီးထွားပြီး ယင်းကဲ့သို့ဖြစ်ရခြင်းမှာ အတ္တပေမ ဝါဒလွှမ်းမိုးလာခြင်းကြောင့်ဖြစ်
ကြောင်း၊ အတ္တပေမဝါဒကြောင့် ဘဝ၏ အနှစ်သာရနှင့်သံယောဇဉ် တရားများအပေါ်
အလေးထားမှု အားနည်းလာသည်။ ရာထူး ဌာနန္တရ၊ ဂုဏ်ဒြပ်နှင့် အသပြာတို့ အပေါ်
တန်ဖိုးထားလာကြ ကြောင်း၊ တစ်ချိန်တည်းမှာပင် အဇ္ဈတ္တရည်မှန်းချက်များထက်
ဗဟိဒ္ဒရည်မှန်းချက်များကို ဦးစား ပေးလာကြကြောင်း ဂျာမန် စိတ် ပညာအသင်းဥက္ကဋ္ဌ
ပါမောက္ခ ဂျူယာဂင်မာဂရတ်က ဗီယင်နာမြို့ တွင် ကျင်းပသော Austrian
Psychological Society ၏ အစည်း အဝေးတစ်ခု၌ ပြောကြားသည်။
ထို့ပြင်
ပါမောက္ခ ဂျူယာဂင် မာဂရတ်က အပြုသဘောခံစားချက် များသည် စိတ်ကျန်းမာရေးအတွက်
အထူးအရေးပါပြီး လူတစ်ယောက်၏သက်တမ်းကို ၁ဝ နှစ်အထိ ဆွဲဆန့် နိုင်ကြောင်း၊
ထို့ကြောင့် မည်သူမဆို အပြုသဘောဆောင်သည့် လုပ် ဆောင်မှုများ နေ့တိုင်းလိုအပ်
ကြောင်း၊ တစ်နေ့လျှင် အပြုသဘော မဆောင်သည့် စိတ်ထက် အပြု သဘော ဆောင်သည့်
စိတ် သုံးဆ ဖြစ်ထွန်းရန်လိုကြောင်း၊ သို့မဟုတ် ပါက
စိတ်ဓာတ်ကျခြင်းများနှင့် ရင်ဆိုင်နေရမည် ဖြစ်ကြောင်း
ထပ်လောင်းပြောကြားသည်။
စိတ်ဓာတ်ကျခြင်းနှင့် သောက ဗျာပါဒများကို ဆေးဝါးများဖြင့် တစ်ပွဲတိုးဖြေရှင်းနိုင်သော်လည်း ဆေးဝါးသုံးစွဲခြင်းကြောင့် ရေရှည် တွင် အကျိုးထက် အပြစ်က ပို၍ များကြောင်း ပါမောက္ခဂျူယာဂင် မာဂရတ်က သတိပေးထားသည်။
ဆင်ဟွာ။
ဒေါက်တာသာစိန်
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583
No comments:
Post a Comment