ပြည်တွင်းရှိဘဏ်အချို့မှလည်
6.5.2014
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ဖွံ့ဖြိုးလာရေးအတွက် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချို့မှလည်း
ချေး ငွေများထုတ်ချေးပေးသွားရန် စီစဉ် နေကြောင်း အသေးစား အလတ် စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး စင်တာမှ သိရသည်။
ပြည်တွင်းရှိ SME များ ဖွံ့ဖြိုး ရေးအတွက် တာဝန်ယူချေးငွေ ထုတ်ချေးပေးနေသော အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်အပြင် ကမ္ဘောဇ ဘဏ်၊မြန်မာ့စီးပွားရေးဘဏ်၊ CB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ် များကလည်းချေးငွေထုတ်ချေးပေ
နိုင်ရန်ဆောင်ရွက်နေခြင်းဖြ
''JICA နဲ့က ဆွေးနွေးနေ တုန်းပဲ။အဲဒီ့ကအဆင်ပြေရင် ဂျပန် က သုည ဒသမ ဝ၁ အတိုးနှုန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်ကို အမေ ရိကန်ဒေါ်လာ သန်း ၃ဝနဲ့ချေးပေး ဖို့ရှိတယ်။ မြန်မာ့စီးပွားရေးဘဏ် ကနေ ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်နဲ့
ရွက်နေတာ ဖြစ်တယ်''ဟု အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၏ အကြီးတန်း အကြံပေးဦးစံသိန်းကပြောသည်။
ထို့ပြင် အသေးစား၊ အလတ် စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်အနေဖြင့်လဲ ယခုလကုန်ပိုင်း မှစတင်ကာ SME လုပ်ငန်းများ အား ချေးငွေများပြန်လည်ချေးပေး နိုင်ရန် ဆောင်ရွက်ပေးနေကြောင်း ၄င်းကပြောသည်။
''ကျွန်တော်တို့ အသေးစား အလတ်စားဘဏ်ကနေ ၂ဝ၁၂ ကနေ ၂ဝ၁၃ ခုနှစ်အထိ ကျပ်ငွေ ၁ဝ ဘီလီယံချေးပေးခဲ့တယ်။ အဲ့ဒါ ကလဲ မြန်မာ့စီးပွားရေးဘဏ်ကနေ အတိုးနှုန်း ၈ ဒသမ ၂၅ရာခိုင်နှုန်းနဲ့ ချေးယူပြီးတော့ ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ SME လုပ်ငန်းတွေကို ပြန်ချေးပေးခဲ့တာပါ။ အဲဒီ့ငွေ ကုန်သွားလို့ ရပ်နားထားတာကနေ အခု မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်ငွေ ဘီလီယံ ၂ဝ ထပ်မံရရှိ တော့မှာမို့ အသေးစား၊အလတ်စား လုပ်ငန်းတွေဖွံ့ဖြိုးဖို့ ထပ်ချေးပေး နိုင်တော့မှာပါ။ ဒီလကုန်ပိုင်းမှာ ပြန်ချေးပေးနိုင်မယ်
လို့ခန့်မှန်းထား တယ်''ဟု ဦးစံသိန်းကပြောသည်။
အသေးစား၊အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ထုတ်ချေးပေးခဲ့ရာတွင် လုပ်ငန်း၏အလားအလာ၊အောင်မြင်
နိုင်မှု၊စနစ်တကျရှိမှု စသည့်အချက် များကိုလည်း ထည့်သွင်းစဉ်းစား ပြီး ၁၉၉ဝပြည့်နှစ် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများဥပ
နိုင်မည်ဖြစ်ကြောင်း သိရသည်။
Union Daily
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658
No comments:
Post a Comment