••••••••••••••••••••••••••
သုရာမေရယကံမြောက်ရန်အတွက် အင်္ဂါလေးချက်ပြသည်။ ယင်းတို့ကား -
(၁) သုရာစသည် တစ်ပါးပါးဖြစ်ခြင်း
(၂) သောက်စားလိုသောစိတ်ရှိခြင်း
(၃) သောက်ဖြစ်အောင် လုံ့လပြုခြင်း
(၄) သောက်စားခြင်း (ဣတိဝုတ်။ ဌ။ နှင့် သမ္မော။ ဌ။)
တို့ဖြစ်ပေသည်။ သေရည်သောက်သောသူများ ခံစားရမည့် ဆိုးကျိုးများမှာ -
သေရည်သောက်လင့်၊ သင့်မသင့်၌၊
ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊
ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊
ခပင်းများထို၊ အကုသိုလ်ကို၊
မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊
ရှောင်ခါအပြန် အကျိုးတည်း။
ဟူသောလင်္ကာအတိုင်း သေရည်သောက်သူများမှာ ရရှိမည့် အခွင့်အလမ်းများ ဆုံးရှုံးတတ်သည်။ ပျင်းရိတတ်သည်။ မေ့တတ်သည်။ ရူးတတ်သည်။ ကျေးဇူးကန်းတတ်သည်။ အရှက်အကြောက် ကင်းတတ်သည်။ မကောင်းမှု အကုသိုလ်ကို လွယ်ကူစွာ ပြုကျင့်မိတတ်သည်။
သေရည်မသောက်လျှင် အခွင့်အလမ်းများကို လက်မလွတ်တမ်း ရရှိခြင်း၊ မပျင်းရိခြင်း၊ သတိကောင်းခြင်း၊ ဘဝဆက်တိုင်း အရူးဘဝမှလွတ်ပြီး လူကောင်းသာဖြစ်ရခြင်း စသော ဆန့်ကျင်ဘက် ကောင်းကျိုးများကို ပြန်ရပေမည်။
အဂုင်္တ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ်တွင် -
"အရူးဖြစ်ရခြင်းအကြောင်းရင်
••••••••••••••••••••••••••
“သုရာမေရယပါနံ ဘိက္ခဝေ အာသေဝိတံ (ပ)
မနုဿဘူတဿ ဥမ္မတ္တကဘာဝံ သံဝတ္တနိကောဟောတိ”
ဟူ၍ သေရည်သောက်ခြင်း အပြစ်များကို တိုက်ရိုက်ဟောကြားထားချက်ရှ
အရက်သောက်ခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်လျှင် အရူးသာဖြစ်ရသည်ဟူသော လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၄၆ ခုနှစ်က ဟောခဲ့သည့် ဗုဒ္ဓတရားတော်ကို ယခုခေတ် ဆေးသိပ္ပံပညာရှင်များက ထောက်ခံအတည်ပြုနေရပြီ။
အရက်များစွာသောက်ခြင်းကြောင
ဦးနှောက်ကလာပ်စည်းများ ပျက်စီးသွားလျှင် အခြားကလာပ်စည်းများကဲ့သို့ အစားထည့်၍မရပေ။ ဘီယာတစ်ပုလင်းသောက်လျှင် ဦးနှောက်ကလာပ်စည်းများ ထောင်ချီ၍ ပျက်စီးသည်။ ဘီယာထက်ပြင်းသော အရက်ဆိုလျှင် ပြောစရာမရှိပေ။ သို့သော် အရက်စွဲသူများသည် မိမိတို့ဦးနှောက် ပျက်စီးနေသည်ကို မသိကြပေ။
အဘယ့်ကြောင့်နည်း။ သာမန်လူတစ်ယောက်တွင် ဦးနှောက်ကလာပ်စည်းပေါင်း (၁၇) ကုဋေကျော်ရှိသည်။ ထို့ကြောင့်ပင်။ သို့သော် အရက်ကို နှစ်ရှည်လများ သောက်လာသောအခါ ဦးနှောက်ကလာပ်စည်းပေါင်း သိန်းချီ၍ ပျက်စီးလာပေသည်။ ထိုအခါကျမှ ရိပ်မိကြသည်။
"ဦးနှောက်ပျက်စီးသည့်လက္ခဏာ
••••••••••••••••••••••••••
မှတ်ဉာဏ်ထိခိုက်ခြင်း၊ စိတ်ထိခိုက်လွယ်ခြင်း၊ အသိဉာဏ်ထိခိုက်ခြင်း၊ စိတ်ဖောက်ပြန်ခြင်းတို့ ဖြစ်၏။ ဦးနှောက်သည် သက်ရှိသတ္တဝါတို့အတွက် အခရာ (အဓိက)ဖြစ်၏။ ဦးနှောက်ကောင်းမှ မိမိဘဝကောင်းနိုင်မည်။ ဦးနှောက်မကောင်းလျှင် ဘဝပျက်စီးပေလိမ့်မည်။
ဤတွေ့ရှိချက်ကိုထောက်၍ အရက်သောက်သူများ အရူးဘဝရောက်ကြောင်းမှာ သေချာနေသည်။ ထို့ကြောင့်လည်း ဆာဟရီဆင်ဂိုး အမည်ရှိ ပညာရှင်တစ်ယောက်က-
“သိပ္ပံပညာ၏ချီတက်မှုသည် ဗုဒ္ဓဝါဒ၏ အောင်ပွဲရမှုပင်ဖြစ်၏။ သိပ္ပံပညာ၏ အသစ်တွေ့ရှိချက်များသည် ဗုဒ္ဓဝါဒအား အကောင်းဆုံး သက်သေပြုချက်များသာဖြစ်သည်။
ဟူ၍ ကမ္ဘာသိ ကြေညာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မေတ္တာရှင်(ရွှေပြည်သာ)၏ “သီလအစွမ်း အံ့မခန်း” မှ-
ကောက်နှုတ်ပူဇော်မျှဝေပါသည်
စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍
No comments:
Post a Comment