စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







chain (သော့ချိတ်) လုပ်ပြီး ရောင်းနေ


              
ဘယ်နိုင်ငံမှာလို့ မပြောခင် ဘယ်နိုင်ငံဖြစ်နိုင်သလဲဆိုတာကို စာဖတ်သူကပဲ အရင်တွေးကြည့်လိုက်ပါ။ ဟုတ်ပါတယ် စာဖတ်သူ ထင်ထားတဲ့အတိုင်း တရုတ်ပြည်မှာပါ။
ဖက်ရှင်အသစ် တစ်ခုအဖြစ်နဲ့ လူတွေကို ဆွဲဆောင်နိုင်အောင်လို့ key chain မှာ တိရစ္ဆာန်အရှင်တွေကို ထည့်ပြီး အဆန်းထွင်လိုက်တာပါ။ တိရစ္ဆာန်အရင်တွေကို ပလပ်စတစ်အိတ်ထဲမှာ သေချာလုံအောင် စက်နဲ့ ပိတ်ထားပြီးတော့ သော့ချိတ်တွေအဖြစ်နဲ့ ရောင်းချတာပါ။


အိတ်ထဲထည့်ပြီး အလုံပိတ်ထားတော့ အထဲက အကောင်ကမသေဘူးလား ဆိုပြီးတော့ မေးစရာရှိပါတယ်။ ထည့်ထည့်ချင်းတော့ မသေပါဘူး။ အဲဒီအိတ်ထဲမှာ အရည်တစ်ခုထည့်ထားပါတယ်။ အဲဒီအရည်ထဲမှာ အထဲမှာထည့်မယ် သတ္တဝါအတွက် လိုအပ်တဲ့ အစာအာဟာရတွေနဲ့ အောက်ဆီဂျင်ကို နှစ်လစာ ထည့်သွင်းပေးထားပါတယ်။


ဟုတ်ပါတယ် နှစ်လစာဆိုတဲ့အတွက် နှစ်လကျော်ရင်တော့ အထဲကအကောင်က သေမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အယူအဆအရဆိုရင်တော့ အကုသိုလ်များလိုက်မယ့် ဖြစ်ချင်း၊ တစ်ကယ့်တစ်ကယ် စီးပွားရေးနဲ့ယှဉ်လာတော့ လူတွေက ဘာသာတရားကိုတောင် မေ့မေ့ပျောက်ပျောက်နဲ့ လုပ်ချင်တိုင်းလုပ်နေကြတယ်။


ဒါကြောင့် တားဆီးတဲ့အနေနဲ့ ဒီသတင်းလေးကို လူသိများအောင် ရှယ်ပေးလိုက်ကြပါ။ ရှယ်လိုက်လို့ လူသိများခြင်းအားဖြင့် အနည်းဆုံး အတားအဆီတစ်ခုတော့ ဖြစ်စေပါတယ်။
ဖိုးသူတော်


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...