စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရေးအကြောင်းများ လျော့နည်းစေရန်

                        
၁။ ပက်လက် အိပ်ပါ။

ညစဉ် ညတိုင်း ပုံစံ တစ်မျိုတည်းနဲ့ အိပ်စက်ခြင်းဟာ အရေပြားပေါ်မှာ အရေးအကြောင်းတွေပေါ်လာတတ်ပါတယ် ။ ညစဉ် ဘေးစောင်းအိပ်ခြင်းအားဖြင့် ပါး နဲ့ မေးစေ့ မှာ အရေး ကြောင်းတွေ ပေါ်လာတတ်ပြီး၊ မှောက် အိပ်ခြင်း အားဖြင့် နှဖူးပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ် ။ ပက်လက် အိပ်ခြင်း ကတော့ သင့်မျက်နှာပေါ် မှာ အရေးအကြောင်းတွေ ပေါ်ခြင်းကို လျော့ကျစေပါတယ်။

၂။ ငါး များများစားပါ။

ဆယ်(လ) မွန်ငါးကဲ့သို့ သော ငါးများမှာ အရေးပြား အတွက်လိုအပ်တဲ့ ပရိုတိန်းဓာတ်တွေ များစွာပါဝင်ပါတယ်။ ထို့ အပြင် အရေပြားကို အားဖြည့်ပေးနိုင်တဲ့ အိုမီဂါ ၃ တွေလဲ ပါဝင်တဲ့အတွက် အရေးအကြောင်းတွေလျော့ နည်းပြီး နုပျိုလှပစေနိုင်ပါတယ်။

၃။ မျက်မှောင် ကျုံ့ ပြီး မကြည့်ပါနှင့်

မျက်မှောင်ကျုံ့ ခြင်းကဲ့သို့ သော မျက်နှာ အမူအရာများကို မကြာခဏ ပြုလုပ်ခြင်းဟာ မျက်နှာ ပေါ်မှာ ရှိတဲ့ကြွက်သားများကို အလုပ်အပိုလုပ်ဆောင်စေခြင်း ဖြစ်တဲ့အတွက် မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပိုဖြစ်စေပါတယ်။ ထို့ ကြောင့် လို အပ်ပါက နေကာမျက်မှန်၊ ပါဝါမျက်မှန်များကို တပ်ပြီး မျက်မှောင်ကျုံ့ ခြင်းကိုတော့ ရှောင်ကျင်သင့်ပါတယ်။

၎။ Alpha-hydroxy Acids (AHAs) ကို မျက်နှာပေါ်လိမ်းပေးပါ။

Alpha-hydroxy Acids (AHAs) လို့ ခေါ်တဲ့ သဘာဝ အက်ဆစ် တစ်မျိုးဟာ မျက်နှာအပေါ်ယံမှ ဆဲလ်သေတွေကို ဖယ်ယုံသာမက မျက်နှာပေါ်မှ ချွေးပေါက်များ နှင့် အရေးအကြောင်းများကိုလည်းလျော့ကျစေပါတယ်။ သို့ သော် Alpha-hydroxy Acids (AHAs) က သင့်အသားအရေကို နေရောင်ခြည် နှင့် ဓာတ်မတည့်မှုတွေဖြစ်စေနိုင်တဲ့ အတွက် နေရောင်ခြည်ကာကွယ် နိုင်တဲ့လိမ်းဆေး (Sunscreen) တွေကိုပါ တွဲလိမ်းပေးရမှာဖြစ်ပါတယ်။

၅။ မကြာခဏ မျက်နှာသစ်ခြင်းကို ရှောင်ကျဉ်ပါ။

ရေနှင့် မကြာခဏ မျက်နှာသစ်ခြင်းဟာ အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစိုဓာတ် (Moisture) နဲ့ သဘာဝအဆီ (Natural Oil) တွေ ဖယ်ရှားပစ်နိုင်ပြီး အရေးအကြောင်းတွေကိုဖြစ်ပေါ်စေပါတယ်။ ထို့ ကြောင့် မကြာခဏ မျက်နှာသစ်ခြင်းအစား မျက်နှာသန့်  လိမ်းဆေး (Gel သို့ မဟုတ် Cream) တွေကို ပြောင်းသုံးသင့်ပါတယ်။

၆။ ဗိုက်တာမင် C ပါသော အလှပြင်ပစ္စည်းများပြောင်းသုံးပါ။

ဗိုက်တာမင် C ပါသော လိမ်းဆေး ( Cream) များဟာ Collagen အမျှင်ဓာတ် ဖြစ်ပေါ်မှုကို အားပေးတဲ့အတွက် နေရောင်ခြည်ကြောင့်ဖြစ်ပေါ်နိုင်တဲ့ အမဲစက်များ၊ အသားအရေ မညီညာမှုများ နှင့် အနီစက်များကို လျော့ကျစေရုံသာမက L- Ascorbic Acid လို့ ခေါ်တဲ့ ဗိုက်တာမင် C တစ်မျိုးဟာ အရေးအကြောင်းတွေကိုပါလျော့ကျစေပါတယ်။ ထို့ ကြောင့် သင်အလှပြင်ပစ္စည်းရွေးချယ်တဲ့အခါ ဗိုက်တာမင် C ပါတဲ့ ပစ္စည်းမျိုးကို ရွေးချယ်ပြီး သုံးသင့်ပါတယ်။

၇။ ပဲပိစပ်( Soybean) ကို လိမ်းပါ၊ စားပါ။

ပဲပိစပ်ဟာ အသားအရေ ကို တင်းရင်းလှပစေရုံသာမက အသားအရေ ပျက်စီးမှုများကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ လေ့လာတွေ့ ရှိချက်များအရ ပဲပိစပ်ကို မကြာခဏ လိမ်းပေးခြင်း၊ မကြာခဏ စားပေးခြင်းအားဖြင့် နေရောင်ခြည်ဓာဏ်ကို ကာကွယ်ပေးရုံသာမက နေရောင်ခြည်ကြောင့် အသားအရေပျက်စီးနေခြင်းတွေကိုပါ ပြန်ကောင်းနိုင်ကြောင်းတွေ့ ရပါတယ်။ ထို ပြင် အသားအရေ ကို တင်းရင်းစေပြီး အရေးအကြောင်းဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၈။ ကိုကိုးဖျော်ရည်သောက်ပါ။

ကိုကိုးဖျော်ရည်မှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်း ( Antioxidants) နှစ်မျိုးပါဝင်တဲ့အတွက် နေရောင်ခြည် ဓာဏ်မှကာကွယ်နိုင်ခြင်း၊ သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း၊ ရေဓာတ်ပြန်လည်ဖြည့် ပေးနိုင်ခြင်းတို့ ကြောင့် အရေအပြားပေါ်မှ အရေးအကြောင်းတွေကို လျော့နည်းစေပြီး အသားအရေကိုချောမွေ့ စေပါတယ်။

၉။ အခြေခံ အသားအရေထိန်းသိမ်းနည်းများကို လိုက်နာပါ။

သင်အမှန်တစ်ကယ် အရေးအကြောင်းများလျော့နည်းပြီး နုပျိုလှပချင်တယ်ဆိုရင်တော့ အခြေခံကျပြီး အရေးကြီးတဲ့ အချက်တွေက စတင်ရမှာဖြစ်ပါတယ်။

၁။ နေရောင်ကိုရှောင်ပါ။

၂။ နေရာင်ကာကွယ်နိုင်တဲ့ လိမ်းဆေးတွေ (Sunscreen) တွေလိမ်းပါ။

၃။ နေရောင်ကာကွယ်နိုင်တဲ့ အ၀တ်အစားတွေဝတ်ပါ။

၎။ ဆေးလိပ်၊ အရက်များကို ရှောင်ကျဉ်ပါ။

၅။ အစိုဓာတ်ထိန်းသိမ်းနိုင်တဲ့ပစ္စည်း (Moisturizer) များသုံးပါ။

အရေးအကြောင်းများနည်းပါးပြီး နုပျိုလှပသော အသားအရေကို ပိုင်ဆိုင်နိုင်စေကြောင်းဆုမွန်ကောင်းတောင်းလျှက်…
ေေ
ေေေေ

 မေသူ-သံတွဲ ( ဆေးဝါးတက္ကသိုလ်)

https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...