နိုင်ငံတော်သမ္မတရုံး
စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ၏ ဥပသမ္ပဒမင်္ဂလာ ဘိသေကအခမ်းအနားနှင့်
သာမဏေရပဗ္ဗဇ္ဇအဘိသေက မင်္ဂလာ အခမ်းအနားကျင်းပ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
ဇနီးဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညို










ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ၏ ဥပသမ္ပဒမင်္ဂလာ ဘိသေကအခမ်းအနားနှင့် သာမဏေ ရပဗ္ဗဇ္ဇ အဘိသေကမင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီခွဲတွင် ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက်ရှိ မင်္ဂလာ ဗျူဟာသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညိုကြသည်။
မင်္ဂလာအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်း များ၏ မိဘများနှင့်မိသားစုများတက်ရောက်ကြသည်။
အခမ်းအနားတွင် သဘင်အနုပညာရှင် မန္တလေးသိန်းဇော် က မြန်မာ့ဆိုင်း ပညာရှင် ထပ်ဆင့်အကယ် ဒမီ စိန်မွတ္တားမင်္ဂလာဆိုင်းဝိုင်းနှင့်တွဲဖက်၍ ရဟန်းလောင်းများနှင့် ရှင်သာမဏေ လောင်းများအား မင်္ဂလာ ဘိသိက်သွန်းလောင်းကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများ၊ တက်ရောက် လာကြ သူများအား အောင်သပြေ ပန်းဖြင့် နံ့သာရေစင်များပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ ပျဉ်းမနားမြို့ မဟာ ဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရအား ဥပဇ္ဈာယ်ပြု၍ သာမဏေရပဗ္ဗဇ္ဇမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ ဈေးကုန်းကျောင်းတိုက်ဆရာတော်ကြီးထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်း များအား ကေသစ္ဆေဒန ဆံချမင်္ဂလာကျင်းပပြီး သာမဏေရပဗ္ဗဇ္ဇ ရှင်သာမဏေများအဖြစ် သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက်ကြသည်။
အဆိုပါရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးဌာနများမှ ရှင်သာမဏေလောင်း (၃၂)ပါးနှင့် ရဟန်းလောင်း အပါး(၁၀၀) စုစုပေါင်း(၁၃၂)ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်း ချီးမြှင့်ပေး ခဲ့သည်။
ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား သာသနာတော် ထုံးတမ်းစဉ်လာနှင့်အညီ ရှင်းလောင်း လှည့်လည်ခြင်း ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးမှ ပျဉ်းမနားမြို့တွင်း၊ ထိုမှတစ်ဆင့် နေပြည်တော် မြို့မဈေး၊ ထိုမှတစ်ဆင့် ဥပ္ပါတသန္တိစေတီတော်သို့ လှည့်လည်ခဲ့ပြီး စေတီတော်မြတ်ကြီးအား ဖူးမြော် ကန်တော့ ခဲ့ကြသည်။
No comments:
Post a Comment