စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လုပ်ရမယ့် အလုပ်ကိုသာ လုပ်လိုက်ပါ


ဘ၀မှာ လူတိုင်းဟာ တိုးတက်ဖို့ အခွင့် အရေးတွေကို အနည်းဆုံး တစ်ကြိမ်ဆီတော့ ကြုံခဲ့ဖူးကြတယ်။ အောင်မြင်မှုရဲ့တံခါးပေါက်ဆိုတာကိုလည်း အနည်းဆုံး တစ်ကြိမ်ဆီတော့ ခေါက်ခွင့် ကြူံခဲ့ကြပါတယ်။ ဘယ်လို လုပ်ရမလဲ ဆိုတာကိုသာ သိဖို့ လိုတယ်။


ဒီအရာတွေဟာ တစ်ချိန်မှာ အောင်မြင်ခြင်း လမ်းစ ဆိုတာ သူတို့ တွေ မသိခဲ့ကြဘူး။ သိခဲ့တဲ့ အချိန်တွေကျတော့လည်း
နောက်ကျသွားခဲ့ပြီ။ မိမိဆီရောက်လာတဲ့ အခက်အခဲလို့ ထင်တဲ့ အရာတွေကိုသာ အောင်မြင်မှုရတဲ့အထိ ပြောင်းလဲကြည့်
လိုက်ပါ။ ပြောင်းလဲဖို့ ဆိုတာလည်း အချိန်အကန့် အသတ်နဲ့ ပဲရတာနော်။ အချိန်မှီ ပြောင်းလဲရမယ်။
လူတွေဟာ နဂိုဘ၀ကို ပြောင်းလဲပစ်ရမှာ ကြောက်တတ်ကြတယ်။ ဘာလို့ လည်း ဆိုတော့ ကိုယ်ပိုင်ဘ၀တွေမှာ ပျော်
နေတတ်ကြလို့ ပဲ။ ဒါကို မကြောက်ပဲ ရဲရဲ ပြောင်းလဲပစ်ခဲ့ကြတဲ့ သူတွေဟာ သိပ်နည်းပါတယ်။ ထိုသူတွေဟာ အောင် မြင်ကျော်ကြားတဲ့သူတွေပါပဲ။

ကမ္ဘာကို အုပ်ဆိုးနိုင်တဲ့ အာဏာကို ကိုင်ခဲ့ထားတဲ့ သူများဟာ တစ်ချိန်တုန်းက အရုပ်ကလေးတွေ ကိုင်ခဲ့ဖူးတဲ့ သူတွေပါပဲ။ အမြင့်ဆုံးဆိုတဲ့ နေရာကို ထိုင်နေကြတဲ့ သူတွေဟာလည်း တစ်ချိန်တုန်းက အနိမ့်ဆုံး မြေကြီးပေါ်ဖင်ထိုင်ပြီး က
စားခဲ့ဖူးကြပါတယ်။



ဒီလူတွေ ရဖူးတဲ့ အခွင့်အရေးဆိုတာတွေကို ကိုယ်တွေလည်း ရခဲ့တယ်ဆိုတာ မေ့မထားပါနဲ့ ။ ကိုယ့်ရဲ့ ကြိုးစားမှု အနည်းအများနဲ့  အခွင့်အရေးဆိုတာ ရလာတာမျိုးပါ။ ဒီတော့ အခွင့်အရေးဆိုတဲ့ အကျိုးတရားရယ်၊ အောင်မြင်ခြင်းဆိုတဲ့ တံခါး
ပေါက်ရယ်က ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ သာ တိုက်ရိုက် အချိုးကျတယ်ဆိုတာ သိထားပါ။

အလုပ်ဆိုတဲ့ အကြောင်းတရားကို ကောင်းအောင် ဖန်တီးရင် ကိုယ့်အတွက် အခွင့်အရေးဆိုတဲ့ အကျိုးတရား ရောက်ကိုလာမှာပါ။ အလုပ်လုပ်ဖို့ သာ လိုအပ်ပါတယ်။ အောင်မြင်မှုဆိုတဲ့ တံခါးပွင့်ဖို့ ဆိုတာလည်း ကိုယ်က ခေါက်ရမယ်။ တစ်ကြိမ်တည်း ခေါက်လို့ မရဘူး။ အကြိမ်ကြိမ် ခေါက်နေရမယ်။ တစ်ကြိမ်တော့ ပွင့်မှာပါ။ ဒါတွေအားလုံးဟာ ကိုယ်လုပ်ရမယ့်
အလုပ်တွေပဲ။
True Man


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...