စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သီလညှိုးတယ်ဆိုတာ ဘယ်လိုဟာပါလဲ

သီလညှိုးတယ်ဆိုတာ ဘယ်လိုဟာပါလဲဘုရား။

                              
ပဉ္စသီဥပုသ်၊ မယုတ်အားကြိုး
ဤကျင့်ရိုးကား၊ ကောင်းကျိုးကုသိုလ်
မကင်းလိုတည့်၊ နေ့ကိုစောင့်က
နေ့ဖိုရ၏၊ ညလည်းထို့တူ
မှတ်လေမူလော့၊ ဆယ်ဆူသီလ
နိယာမလည်း၊ ကာလပိုင်းခြား
နေ့ရက်အားဖြင့်၊ မမှားမှန်လှ
စောင့်အပ်စွရှင့်
မဃဒေဝ

ဘုရားရှင်၏ သာသနာတော်သည် သီလသမာဓိ ပညာဟူ၍ သုံးပါးသာရှိ၏။ ယင်း
တွင်သီလကား သာသနာတော်၏ အစသာဖြစ်၏။ သာသနာ၏ အစဖြစ်သော
သီလအကြောင်းမျှ မသိရှိ၍ သီလမဖြည့်ကျင့်ပါလျှင် သမာဓိပညာသည် အသို့နည်း။မှန်၏။ သီလအကြောင်းသိသင့်၏။ သီလလည်းဖြည့်သင့်၏။ ယင်းသို့သိသင့်၍ သိချင်သူတစ်ယောက်နှင့် တစ်ခါကတွေ့ခဲ့၍သူကမေး၏။

အရှင်ဘုရား သီလ ပျက်တာတော့ သိလွယ်ပါတယ်ဘုရား၊ သီလညှိုးတယ် ဆို
တာ ဘယ်လိုပါလဲဘုရား

အင်း ... ခက်ခက်ပဲဒကာကြီး။

ဘာဖြစ်လို့ပါလဲဘုရား

မပျက်အောင် စောင့်ဖို့ လွယ်တယ်၊ မညှိုးအောင်စောင့်ဖို့က မလွယ်ဘူးဒကာကြီး

မလွယ်ပုံ သိပါရစေဘုရား

ပုထုဇဉ် လူ ရှင် ရဟန်းတို့ရဲ့ သီလဟာအညှိုးလွတ်ဖို့ မလွယ်ဘူးဒကားကြီး

အမိန့်ရှိပါဘုရား

မေထုံငယ် ၇ ပါးဆိုတာ ရှိတယ်ဒကာကြီး၊ဘာတွေလဲဆိုတော့

၁။ မိန်းမရဲ့ အနင်းအနှိပ် အဆုပ်အနယ်ကို သာယာခြင်း။

၂။ မိန်းမနှင့်တကွ ရယ်ရွှင်ဖွယ်တွေ ကျီစယ်ပြောဆိုသာယာခြင်း။

၃။ မိန်းမနှင့်မျက်နှာချင်းဆိုင်ပြီး စိမ်းစမ်းကြည့်ခိုက် ကြည်ရှုသာယာခြင်း။

၎။ မိန်းမ၏ အသံကို အနီးအဝေးကကြား၍ သာယာခြင်း။

၅။ ရှေးရှေးသောအခါက မိန်းမနှင့်ပျော်ပါးဖူးသည်ကို အမှတ်ရ၍ တအောက်မေ့မေ့သာယာခြင်း။

၆။ သူတစ်ပါးကို မိန်းမနှင့် ပျော်ပါး၍ နေတာကို မြင်၍ကြား၍ သာယာခြင်း။

၇။ နတ်သား နတ်သမီးဖြစ်ပြီး ခံစားစံစားလိုတဲ့စိတ်ထားနဲ့ သီလစောင့်ခြင်း။

အဲဒီ ၇နှစ်ပါးကို မေထုန်ငယ်လို့ခေါ်တယ်ဒကာကြီး၊ အဲဒီ ၇နှစ်ပါးတွင် တစ်ပါးပါးနှင့်ညှိစွန်းလျှင
သီလညှိုးတယ် ဒကာကြီး။

မလွယ်ပါလား ဘုရား။

ဒါကြောင့် အလုပ်အပျက်ခံပြီး တစ်နေ့ တစ်ရက်မျှ စောင့်ထိန်းရတဲ့သီလကို အဲဒီ ၇ပါးသောညှိုး
ခြင်းတို့မှ ကင်းဝေး စင်ကြယ်ဖို့ရာ ဥပုသ်နေ့မှာထမင်းစောစောစား သီလခံယူပြီး မာတုဂါမတို့နှင့်

 မတွေ့ရ မမြင်ရ အသံမျှတောင်မကြားရတဲ့နေရာတွေမှာ နေဖို့သင့်တယ်နော်။

မှန်ပါ။ မြတ်စွာဘုရားက ဒါကြောင့် တောကို
ညွှန်းတာပဲဘုရား။ အခုအဓိပ္ပါယ်ပေါက်တယ်
ဘုရား။

အင်း .... အဲဒီအဓိပ္ပါယ်မသိတဲ့ ဓမ္မကထိကတစ်ပါးက တောထဲနေရင်း တရားရရင် တော
ထဲက မျောက်တွေ တရားရကုန်ရောပေါ့တဲ့ဒကာကြီး။
ေေ

တော်တော်ဆိုးတဲ့ ဓမ္မကထိကပါဘုရား။

ဆိုးမှာပေါ့။ ကဲ ထားပါ။ သီလညှိုးနွမ်းကြောင်းတွေ အများကြီး ရှိသေးတယ်။ ဘာတွေလဲဆိုတော့
 

၁။ အမျက်ထွက်ခြင်း။
၂။ ရန်ငြိုးဖွဲ့ခြင်း။
၃။ သူ့ကျေးဇူးကိုချေဖျက်ခြင်း။
၎။ သူတစ်ပါးအညံ့အဖျင်းဖြစ်အောင်ပြုခြင်း။
၅။ သူတစ်ပါးကိုမနာလိုခြင်း။
၆။ ၀န်တိုစေးနှဲခြင်း။
၇။ မိမိ၌ရှိသောအပြစ်ကိုဖုံးလွှမ်းခြင်း။
၈။ မိမိ၌မရှိတဲ့ဂုဏ်ကို အရှိပြခြင်း။
၉။ ကိုင်းညွှတ်ထိုက်သူကို မကိုင်းညွှတ်ခြင်း။
၁၀။ မာနကြီးခြင်း။
၁၁။ အလွန်မာနကြီးခြင်း။
၁၂။ မာန်ယစ်ခြင်း။
၁၃။ မေ့လျော့ကြောင်းဖြစ်တဲ့ အဖျင်းဖျော်
ပျော်စရာတွေကို ပြောခြင်း။
၁၄။ မိမိဘက်ကို အမြတ်အသားပြုခြင်း။
၁၅။ သူတစ်ပါးဘက်ကိုအယုတ်အညံ့ပြုခြင်း။
၁၆။ သူတစ်ပါးကို မျက်မှောက်ကဲ့ရဲ့ခြင်း။
၁၇။ သူတစ်ပါးကိုမျက်ကွယ်ကဲ့ရဲ့ခြင်း။
စသည်ဖြင့် သီလညှိုးရန် ဥပုသ်ညှိုးရန်တရားတွေ အများကြီးဘဲဒကာကြီး။

အဲဒါတွေက တပည့်တော်တို့နဲ့သာ ဆိုင်ပါသလား၊ အရှင်ဘုရားတို့နဲ့ကော မဆိုင်ဘူးလား
ဘုရား။

ဆိုင်တာပေါ့ သီလစောင့်တယ်ဆိုမှ အားလုံးပေါ့။

မလွယ်ပါလားဘုရား။

ပြီးတော့ရှိသေးတယ်။အကြောင်းမရှိဘဲ နေ့လွဲကွမ်းစား၊ ဆေးငုံ၊ ဆေးသောက်မှုဟာလည်း

သာယာတဲ့ကိလေသာမို့ ၀ိကာလဘောဇန သိက္ခာပုဒ်ညှိုးတယ်။

နို့ တချို့က၊ ဆေးသောက်တာတော့ အပြစ်ကြီးတစ်ခု လုပ်နေကြပါလားဘုရား။

ငုံတာက အဖတ်တွေရော အရည်တွေရောဆိုတော့ ပိုပြီးတောင် မဆိုးဘူးလား။
သောက်တာက အငွေ့ရယ်။

ဆိုးပါတယ်ဘုရား။

ရှိသေးတယ်။ ဆိုးတာတွေက အများကြီးပဲဘာတဲ့လဲ
၁။ မိမိအကျင့် သူတစ်ပါးသိကြားစေဖို့ ထင်ရှားစေလိုခြင်း။
၂။ မကောင်းတဲ့အ၀တ်အစား အခင်းအခြုံအရုံတို့၌ ရောင့်ရဲခြင်းမပြုဘဲ အ၀တ်အစားကောင်း၊
အခင်းအခြုံအရုံ ဖဲမွေ့ယာ စသော အိပ်ယာကောင်းတို့ကိုသာယာခြင်း။
၃။ သိက္ခာပုဒ်အပျက်အင်္ဂါလွတ်ရုံမျှ အားရပြီးတော့ ထို့ထက်အလွန်ခြိုးခြံမှုမရှိခြင်း။
၎။ အပေါင်းဖော်နှင့်မွေ့လျောခြင်း။
၅။ သူတော်ကောင်းတရားမှ အလွတ်ဖြစ်သောစကား၌မွေ့လျော်ခြင်း စသည်တို့ဟာလည်း
သီလညှိုးနွမ်းကြောင်းတွေဘဲ ဒကာကြီး။

ဒါလဲ လူကော ရဟန်းကော အတူတူဘဲလားဘုရား။

ရဟန်းသီလလူသီလ အတူတူပေါ့ ဒကာကြီး။သီလတောင် မလွယ်ပါလားဘုရား။

ရဟန်းတော်လည်း ပြောခဲ့ပြီးတဲ့တရားတွေအလွတ်ရင် ညှိုးတာပဲဒကာကြီး။

ြ

ဖြူစင်တဲ့သီလဆိုတာ မလွယ်ပါလားဘုရား။

ယခုပြောဆိုခဲ့တဲ့ တရားတွေကင်းမှဖြူစင်တဲ့သီလ မညှိုးနွမ်းတဲ့သီလဖြစ်တယ် ဒကာကြီး။

ဒါကြောင့်ဘုရားရှင်က တစ်ယောက်တည်းနေဖို့ တောနေဖို့ချီးမွှန်းတာလို့ တပည့်တော်အခုမှ
အဓိပ္ပါယ်ပေါက်တယ်ဘုရား။

သီလဆိုတာ နိဗ္ဗာန်ရဲ့တံခါးပေါက်ဘဲ၊ သီလပြည့်ရင့် နိဗ္ဗာန်တစ်လှမ်းပဲ။

ဒါဖြင့် နိဗ္ဗာန်ရဖို့ သီလအရေးကြီးတယ်လားဘုရား။

ကြီးတာပေါ့ ဒကာကြီး၊ ခက်တယ်၊ ဒကာကြီးတို့ကလည်း တရားနာတာတောင် ဂုဏ်ထူး
တွေပြောပြမှ အသံသာသာနဲ့ချွဲပြောမှ ရယ်စရာတွေပြောမှ ကြိုက်တယ်ဆိုတော့ ဟော
သူ နာသူ သီလတွေညှိုးပျက်မှ ကြိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်မကုန်ဘူးလား။

မှန်ပါ။ ဒီအဓိပ္ပါယ်ရောက်နေပါတယ် ဘုရား။

ပညာရှိတွေ သိတယ်။ ကဲ့ရဲ့တယ်။ ဒါမျိုးမကြိုက်နဲ့နော်။ နိဗ္ဗ္ဗာန်မဂ်ဖိုလ်နဲ့ အဝေးကြီးနော်။

မှန်ပါဘုရား။ ကဲ တော်ကြစို့ ။

သီလပြည့်က နိဗ္ဗာန ရောက်ရမြန်မကြာ။
နိဗ္ဗာန်လိုချင် သီလပင် ဖြူစင်စောင့်ကြပါ။
သီလမဖြူ နိဗ္ဗာန်မူ ရယူဝေးလှပါ။

ဓမ္မဒူတပညာဇောတ ဗုဒ္ဓဓမ္မပြဿနာများပေါင်းချုပ် ဒုတိယတွဲ။

ဓမ္မ စာပေများ မှ ကူးယူပါသည်။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...