စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သောက်သုံးမည့်ရေတွင် ကာမ စိတ်ကြွဆေးများ ပါ၊ မပါကို မိနစ်ဝက် အတွင်းမှာပင် အဖြေရှာနိုင်


                       

မိန်းကလေးများကို အလိုမတူဘဲ အပျိုရည် ဖျက်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေ သည့် ကာမရာဂ စိတ်ကြွဆေးများ ပါဝင်မှု ရှိ၊ မရှိကို အဖြေ သိနိုင်မည့် စမ်းသပ်ပုံကို စင်ကာပူမှ ဓာတုဗေဒ ပညာရှင်များက ဖော်ထုတ်နိုင် ခဲ့ကြပြီဖြစ်သည် ။ ဆေးခတ်ထားခြင်း ရှိ၊ မရှိ ဆိုသည့် အချက်ကို စက္ကန့်ပိုင်း အတွင်း သိရှိနိုင်ရန် အာရုံခံ ကိရိယာ တစ်ခုသာ လိုသည်။ ထုံထိုင်း မူးယစ်ဆေးများကို ခရမ်းလွန်ရောင်ခြည် အောက်တွင် ယင်းကိရိယာဖြင့် စစ်ဆေးကြည့်သော အခါ စိတ် ကို ပြောင်းလဲစေသော ဆေးဝါး များ ရောစပ်ထားသော အရည်များသည် သိသိသာသာ အရောင်ပြောင်း သွားကြောင်း တွေ့ရသည်။ 
 
 ယင်းဆေးဝါးများကို အိပ်ရေး ပျက်နေသူများ၊ အဆီလျှော့ချ လိုသူများ၊ ကြွက်သား အားကောင်း လိုသူများနှင့်အခြား စိတ်ကျဝေဒနာ ခံစားနေရသူများ အတွက် ကုသရာတွင်သာ အဓိက ထားသုံးစွဲနေ ခဲ့ကြသော်လည်း အမေရိကန် အစားအသောက်နှင့် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက အာရုံကြောစနစ်ကို ထိခိုက်နိုင်သည်ဟု ဆိုကာ တားမြစ် ထားသည်။ ယင်းတို့သည် အရောင်အဆင်း ကင်းမဲ့ သကဲ့သို့ အနံ့ အရသာလည်း မရှိသောကြောင့် မသမာသူများက မတော်သည့် နေရာတွင် သုံးစွဲ လာကြသည်။ GHB နှစ် ဂရပ်မှ လေးဂရပ် အထိ ရောစပ် တိုက်လိုက်လျှင် မည်သူမဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားကြမည်ဖြစ်သည်။ 
 
သမီးပျိုများသာ ကာမမုဆိုးများ ရင်ခွင်ထက်တွင်း ယင်းကဲ့သို့ မှေးစက် ပျော်ဝင်သွားပါက အခန့်မသင့်လျှင် ဘဝကိုပေးပြီး အသက်ကို စတေး လိုက်ရမည်ပင်။ ထို့ကြောင့်လည်း စင်ကာပူ အမျိုးသား တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ပါရဂူ ချန်ရောင်တေးက ယင်းသုတေသနကို လက်တွေ့ အကောင်အထည် ဖော်ရန် ကြိုးစား အားထုတ် ခဲ့ခြင်းပင်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...