စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးဆိုတာ လူကြီးတွေကို ကြည့်ပြီး အတုယူတတ်ကြတယ်

 

ကလေးဆိုတာ လူကြီးတွေကို ကြည့်ပြီး အတုယူတတ်ကြတယ် လူကြီးလုပ်သူက ဘုရားရှိခိုးရင် ကလေးငယ်တွေကပါ လိုက်၍ရှိခိုးကြတယ် လူကြီးတွေ အရက်သောက်ပြရင် ကလေးငယ်တွေလဲ အတုမြင် အတတ်သင်ဆိုသလို လိုက်ပြီးသောက်ကြတယ် သမီးငယ်တွေလည်း အမေလုပ်သူကို အတုခိုးတတ်ကြတယ် အမေလုပ်သူက ပါးစပ်ပေါက်ကြမ်းရင် သမီးပါ လိုက်၍ ကြမ်းတမ်းလာကြတယ်

 ကိုယ့်သားသမီး လိမ္မာ ယဉ်ကျေးမူ ရှိစေဖို့သည် အုပ်ထိမ်းသူတွေပေါ် မူတည်နေပါတယ် လူကြီးလုပ်သူက အနေကောင်း အပြောကောင်း အလုပ်ကောင်းပြဖို့ အရေးကြီးပါတယ် မြတ်စွာဘုရားလက်ထက်က အနာထပိန်သဌေးကြီးရဲ့ သားငယ်လေး မောင်ကာဠက တရားနာဖို့ ဝါသနာမပါဘူးဖြစ်နေတော့ အဖေလုပ်သူက တရားနာပြတယ် ကောင်းမူတွေလုပ်ပြတယ်

 တရားနာတတ်လာအောင်လည်း မုန့်ဖိုးပေးပြီး ကျောင်းကို သွား တရားနာစေခဲ့တယ် မုန်းဖိုးရဖို့လေး အတွတ်နဲ့ တရားနာရင်း တရားထူးရသွားခဲ့တယ်လေ ဒါကြောင့် ကိုယ့်သား သမီး မလိမ္မာတာသည် သား သမီးတွေရဲ့ အပြစ်မဟုတ် အုပ်ထိမ်းသူရဲ့ အပြစ်သာဖြစ်တယ် ဗုဒ္ဓသာသနာ ပေါ်ပေါက်နေပြီး ယဉ်ကျေးလိမ္မာ သင်တန်းတွေ ဖွင့်ပေးနေပါလျတ် ကိုယ့်သား သမီး ကျောင်းကို မပို့ပေးနိုင်တာသည် တိုင်းပြည်အတွတ်ကော သာသနာအတွတ်ပါ နစ်နာစရာတွေသာ ဖြစ်ပါတယ်လို့ သူတော်စဉ်များအတွတ် အသိတရားတွေ တိုးပွားစေရန် အလိုငှာ တင်ပေးလိုက်ရပါသည်။ 

အရှင်တေဇနိယ(အုတ်ဖို)
www.ven-tejaniya.com


https://www.facebook.com/photo.php?fbid=743323235698638&set=a.458379944192970

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...