စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်



ထိုမာတိကာပုဒ်၌ ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့ နည်း၊ တိမ်လျက် နက်ယောင်ရှိသော ရေအိုင်၊ နက်လျက် တိမ်ယောင်ရှိသော ရေအိုင်၊ တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်၊ နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်ဟူ၍ ရေအိုင်တို့သည် လေးမျိုးရှိကုန်၏၊

ဤအတူပင်လျှင်
ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည်
လောက၌ ထင်ရှား ရှိကုန်၏၊

လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊

၁... တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၂... နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၃... တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၎... နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
ဟူ၍ ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။

၁... တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူ သနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ် ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်သည် တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် တိမ်လျက် နက်ယောင် ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၂... နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ် မရှိဘဲလျက် အမှန်တရားကို သိသော ပုဂ္ဂိုလ်သည် နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် နက်လျက် တိမ်ယောင် ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ် မရှိဘဲလျက် အမှန်တရားကို သိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏
ဟူ၍ မှတ်အပ်၏။

၃... တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်းရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်း ကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်လည်း မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည် ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည် ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ, အမှန်တရားကို လည်း မသိသော ပုဂ္ဂိုလ်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်းရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ, အမှန် တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ် အပ်၏။ (၃)

၎... နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရှု ကြည့်ခြင်း၊ တစောင်း ကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ်လည်း ရှိ၏၊ ထိုကြည်ညိုဖွယ် ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည် ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည် ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန် သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ်လည်း ရှိ၍ အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်သည် နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် နက်လည်းနက်၍ နက်ယောင်လည်း ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်း ရှိ၍ အမှန် တရားကိုလည်း သိသော ပုဂ္ဂိုလ်ကိုထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၄)

လောက၌ ထင်ရှားရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။ 161

၎ - စတုက္ကပုဂ္ဂလပညတ်၊ မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။



https://www.facebook.com/photo.php?fbid=611890132227862&set=a.501060999977

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...