စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တနေကုန် ရေမွှေးနံ့ သင်းပျံ့နေစေဖို့

                      
 
ရေမွှေးကြိုက်သူ ရေမွှေးဆွတ်သူတိုင်း သိသင့်တဲ့ အချက်လေးတွေပါ။ ကျွန်မကိုယ်တိုင်လည်း ရေမွှေးကြိုက်သူ တစ်ယောက်ဖြစ်တာကြောင့် အခြားသူတွေလည်း သိသင့်တယ်ထင်လို့ ပြန်လည် မျှဝေလိုက်ပါတယ်။

အသားအရေ စိုပြေနေပါစေ
သင်ဟာ အဆီပြန်တဲ့ အသာူးအရေ ပိုင်ရှင် ဆိုရင်တော့ ကံကောင်းသူပေါ့။ ဘာကြောင့်လဲဆိုတော့ စိုစွတ်တဲ့ အရေပြားမှာ ရေမွှေးနံ့ပိုစွဲလို့ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင် ဖြစ်ခဲ့ရင် သင်စွတ်လိုတဲ့ အရေပြားနေရာကို အရင်ဆုံး အစိုဓါတ်ရစေဖို့ ပြုလုပ်သင့်ပါတယ်။ အဲလိုမှမဟုတ်ရင်တော့ ရေချိုးပြီးမှ စိုစွတ်နေတဲ့ အသားအရေပေါ်မှာခ ရေမွှေးဆွတ်ဖြန်းဖို့ အကြံပြုပါရစေ။

သွေးခုန်နှုန်းကို တိုင်းတာနိုင်တဲ့နေရာကို ဆွတ်ဖြန်းပါ
အပူဟာ ရေမွှေးရနံ့ကို အသက်ဝင်စေတာကြောင့် လူ့ခန္ဓာကိုယ်ပေါ်က သွေးခုန်နှုန်း တိုင်းတာနိုင်တဲ့ နေရာတွေဟာ ရေမွှေးဆွတ်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ သွေးရဲ့အပူကြောင့် ရေမွှေးရနံ့ကို ပိုပြီး အသက်ဝင်စေတာကြောင့် သွေးခုန်နှုန်း တိုင်းတာနိုင်တဲ့ နားရွက်အနောက်ဖက်၊ လက်ဖျံ၊ ဇက်ကြော၊ တံတောင်ဆစ် အတွင်းပိုင်းနဲ့ ဒူးခေါက်ကွေး နေရာတို့ကို ရွေးချယ်ပြီး ဆွတ်ဖျန်းနိုင်ပါတယ်။

မပွတ်ပါနဲ့
ရေမွှေးဆွတ်ပြီးတဲ့အခါ အများစုက ရေမွှေးဆွတ်ထားတဲ့ နေရာကို ပွတ်ဖို့လိုတယ်လို့ ထင်ကြပါတယ်။ အဲဒါဟာ အမှားကြီးတစ်ခုပါ။ အဲလိုပွတ်လိုက်တဲ့အတွက်ကြောင့် မော်လီကျူးတွေကို ဖျက်ဆီးလိုက်သလို ဖြစ်ပြီး အနံ့တွေ လေထဲမှာ ပျောက်သွားသလို ဖြစ်တတ်ပါတယ်။

မှန်ကန်တဲ့နေရာမှာ ထားပါ
အပူ၊ အလင်းရောင်နဲ့ စိုထိုင်းမှု တွေဟာ ရေမွှေးရနံ့ကို ဖျက်ဆီးနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် ရေမွှေးပုလင်းတွေကို အေးပြီး နေရောင်ခြည် တိုက်ရိုက်ရနိုင်တဲ့ နေရာမျိုးတွေမှာ မထားသင့်ပါဘူး။ ဒါ့အပြင် ရေချိုးခန်းထဲမှာ လည်း မထားသင့်ပါဘူး။ အကြောင်းကတော့ ရေပူတွေကနေ တဆင့်ရလာတဲ့ အပူနဲ့စိုထိုင်းမှုတို့ကြောင့် ရေမွှေးရနံ့ ပျက်ပြယ်စေတတ်လို့ ဖြစ်ပါတယ်။
World Myanmar
 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...