မဟာသင်္ကြန် အတက်နေ့ နံနက်ပိုင်း၌ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားသူများ နှင့် ရေပတ်ခံထွက်သည့် ကားများ တိုးမပေါက်အောင် စည်ကားနေကြောင်း သိရသည်။ နေ့လည် နားချိန်တွင်လည်း မိသားစုများ ရှင်စောပုယာဉ်ရပ်နားကွင်းရှိ Myanmar Summer Festival 2014 ၌ လူတစ်ဦးလျှင် ကျပ်သုံးထောင်နှုန်း ပေးရပြီး ကစားနည်းတိုင်း အနည်းဆုံး ကျပ် တစ်ထောင်ကျပ်ဖြင့် ပေးရသော်လည်း မိသားစုများနှင့် လာရောက်အပန်းဖြေသူများလည်း အထူးစည်ကားလျက် ရှိခဲ့သည်။
ညနေပိုင်းတွင် ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းတိုတွင် ရေကစားသူများနှင့် ကားဖြင့် ရေပတ်ခံထွက်သူများ များပြားနေသဖြင့် ခြေချလို့ မရလောက်အောင်ပင် စည်ကားနေကြောင်းလည်း သိရသည်။
(ဓာတ်ပုံ အောင်မျိုးသန့်)
Eleven















မူရင်း=(16 photos)
No comments:
Post a Comment