စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခြေက တစ်ဖက်တည်း သို့သော် သန်၍ စွမ်းသူ ယွန်းဆရာ မောင်ထွေး


အမည်က မောင်ထွေး။ အသက်က ၃၀ ဝန်းကျင်။ နေတာက ရှမ်းပြည်တောင်ပိုင်း၊ အင်းလေး အနီး ဟဲယား ရွာမ။ မွေးကတည်းက လက် နှစ်ဖက်၊ ခြေ တစ်ဖက် ပါမလာပဲ ဘဝ ကို စတင်ခဲ့ရသူ ဖြစ်ပါတယ်။ သို့ပေမယ့် ချို့တဲ့ ဆင်းရဲသူတော့ မဟုတ် ပါဘူး။ အင်းတိမ် ဘုရားမှာ ယွန်းထည်ဆိုင် ဖွင့်ထားပြီး သူ့ရဲ့ ထူးခြား ပြောင်မြောက်တဲ့ ယွန်း ပညာကြောင့် လူတကာ အထင်ကြီး လေးစားရတဲ့ ဒေသခံ ယွန်းပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ခြေထောက် တစ်ဖက် နဲ့ ပါးစပ်ကို အသုံးပြုလို့ ယွန်း ပန်းချီ ရေးရသူ ဖြစ်ပါတယ်။ သူ့ကို ပြောဆို မေးကြည့်တဲ့အခါ စိတ်ဓာတ်ကျ ခြင်း၊ ပင်ပန်း ဆင်းရဲ ခြင်း ဆိုတာကို အဓိပ္ပါယ် ဖွင့်လို့ မရ လောက်အောင် သူက အေးချမ်း ပျော်ရွှင် နေသူ ဖြစ်ပါတယ်။ စကား နည်းတယ်။ အလုပ် ကြိုးစားတယ်။ ဘာသာရေး ကိုင်းရှိုင်းတယ်။ သူ့မှာ လိုလေသေးလည်း မရှိ တော့ ပါဘူး။
 

သင်ခန်းစာ
ဒီခေတ်ကြီးမှာ ခြေစုံ၊ လက်စုံ အထောက်အပံ့ အစုံအလင် ရှိနေသည့် တိုင် ရည်မှန်း ထားတာ ဖြစ်မလာ၊ လုပ်နေတာ ဖြစ်မလာ၊ အလုပ်ရဖို့ ဖြစ်မလာလို့ စိတ်ညစ်၊ စိတ်ဓာတ် ကျနေသူတွေ အများကြီးပါ။ အဲ့ဒီလူတွေကမှသာ တကယ့် ဒုက္ခိတ တွေပါ။ မောင်ထွေး (ကိုထွေး) လို့ အမည်ရတဲ့ လူကတော့ လူတွေ ထဲမှာ ထူးခြားတဲ့ လူတစ်ဦးပါ။ သန်လည်း သန်သူ၊ စွမ်းလည်း စွမ်းသူ ဖြစ်ပါတယ်။ သူ့လိုပဲ မြန်မာပြည်က၊ ကမ္ဘာပေါ်က ခြေမဲ့၊ လက်မဲ့၊ ခြေစုံ လက်စုံ၊ အကျိုး၊ အကောင်း အားလုံး ဘဝမှာ သန်ပြီး စွမ်းသူ များ ဖြစ်ကြ ပါစေ။
-----------------------------------------------------
သတင်းနှင့် ဓာတ်ပုံ ပေးပို့သော ကိုနန္ဒဝင်းမောင် အား ကျေးဇူး တင်လျက်
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...