စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Auto Restart Error ( Auto Restart ကျခြင်း အကြောင်းရင်းများ )


ကျွန်တော်တို့ ကွန်ပျူတာဟာ ခဏတိုင်း Auto Restart ဖြစ်ဖြစ်နေတယ်ဆိုပါတော့ . . .
ဘယ်အကြောင်းအရာတွေကြောင့် Auto Restart ဖြစ်နေရတာလဲဆိုတာသိချင်လာပါတယ်။  Auto Restart ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ . . .

1. ဗိုင်းရပ်ကိုက်ခြင်း ( Virus Infection )
2. ဆော့ဖ်ဝဲလ် မကိုက်ခြင်း ( Software Incompatible )
3. Registry မှားယွင်းခြင်း ( Corrupted registry )

4. BIOS လွဲမှားခြင်း ( Incorrect BIOS configuration )
5. System File ပျောက်ပျက်နေခြင်း ( Corrupted system files )
6. Mother Board ညစ်ပတ်နေခြင်း ( Dust on M.B )
7. CMOS Battery အားနည်းနေခြင်း
8. CPU Temperature မြှင့်တက်နေခြင်း ( Too much heat/temperature inside CPU box )
9. System Unit အတွင်း ချိတ်ဆက်ကြိုးများလွတ်နေခြင်း ( Loose Connection of Hardware Cables )

ဆိုပြီးတော့ အချက် 9 ချက်ရှိပါတယ်။  Auto Restart ဖြစ်စေခြင်းအကြောင်းရာတွေတော့သိပြီးပြီ။  ဘယ်လိုဖြေရှင်းရင်ရနိုင်မလဲ . . .

1. ဗိုင်းရပ်ကိုက်ခြင်း ( Virus Infection )
    အခုနောက်ပိုင်းမှာတော့ Anti-Virus မနိုင်တဲ့ Virus ဆိုတာခပ်ရှားရှားပါပဲ။  အဲ့ဒါကြောင့် မိမိကြိုက်နှစ်သက်သော Anti-Virus ကိုသွင်းပြီး virus defination upto date ဖြစ်နေရင် Virus Clean လုပ်လိုက်ရုံနဲ့ auto restart ပြဿနာကကင်းဝေးသွားမှာပါ။

2. ဆော့ဖ်ဝဲလ် မကိုက်ညီခြင်း ( Software Incompatible )
      ကျွန်တော်တို့ နောက်ဆုံးသွင်းခဲ့တဲ့ ဆော့ဖ်ဝဲလ်က support လုပ်မပေးနိုင်လို့ auto restart ပြဿနာကို ဖြစ်ပေါ်စေတာပါပဲ။  ကျွန်တော်တို့ နောက်ဆုံးသွင်းခဲ့တဲ့ ဆော့ဖ်ဝဲလ် ကို uninstallation ပြုလုပ်ပေးရုံဖြင့် စိတ်ပူပန်နေရခြင်းမှကင်းဝေးသွားစေမှာဖြစ်ပါတယ်။

3. Registry မှားယွင်းခြင်း ( Corrupted registry )
     Registry မှားယွင်းခြင်း ကိုတော့ ကျွန်တော်တို့ကိုယ်တိုင် registry ပြုပြင်တာထက် registry cleaner ကိုသုံးတာပိုသင့်တော်ပါတယ်။  Registry ဆိုတာက အမှားခံလို့မရတာကြောင့် registry cleaner ကို အသုံးပြုဖို့တိုက်တွန်းပါရစေ။

4, 5, 6, 7, 8, 9 အချက်တွေကတော့ သာမန် User တစ်ယောက် အတွက်  ပြုပြင်ရခက်ခဲနေမှာဖြစ်တာကြောင့်ဖော်ပြမပေးတော့ပါဘူး။  Hardware ပစ္စည်းတွေကိုကိုင်တွယ်ရာမှာ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာရင် ငွေကုန်ကြေးကျများတဲ့အတွက် နားလည်ပေးစေလိုပါတယ်။
 

စေတီတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်၏ အဓိပါယ်အမှန်



ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့ ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ ပစ်တဲ့သူကိုပဲ လိုက်ပါတယ်… ခွေးဆိုလျှင် ခဲနဲ့ပစ်ပါက ခဲနောက်ကို လိုက်ပါတယ်… ခြသေ့င်္နဲ့ မတူပါ… ဒါကြောင့် ခြသေ့င်္ဟာ အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်…


ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ် တရားသည် အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ တို့မဖြစ်အောင် အပြီးသတ်ပါတယ်… အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ)သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေတာပါပဲ။ သူတို့ကို တိုက်ရိုက်ချည်း မဖြစ်အောင် လုပ်ရိုးမရှိပါ… လုပ်လို့လည်းမရပါ… 


ခန္ဓာဟူသော ဒုက္ခသစ္စာဆိုတဲ့ အကျိုးရှိနေ၍ ဝေဒနာ ဆိုသည်မှာ ထိုအကျိုးတရားနှင့် တခါတည်း ပါလာ၍ ခံစားရမှာပါပဲ… ထိုဝေဒနာ အကျိုးတွေကို တိုက်ရိုက်ချည်း ဖယ်နေ၍လည်း အပြီး ပျောက်သွားမည် မဟုတ်ပါ… မည်သည့်ပုဂ္ဂိုလ်မဆို ဝေဒနာ၊ ဇာရာ၊ မရဏ ဟူသော အကျိုးတို့ မလွဲမသွေ ခံစားရမှာပါပဲ… ထိုအကျိုးတရားများသည် အကြောင်း ရှိနေသမျှ ဖြစ်နေဦးမှာပါပဲ… 

 ထို့ကြောင့် ဆိုင်ရာ အကြောင်းတရားများကို ဖယ်ခွာမှသာလျှင် ထိုအကျိုးတရားများ ထပ်ဖြစ်မလာတော့ပါ။ ဒါကြောင့် ဘုရားရှင်တို့မည်သည် အကြောင်းကိုသာ ကျင့်ပါတယ်။ အကျိုးကို မကျင့်ဘူးလို့ ဆိုလိုပါတယ်… ဒီသဘောကိုပဲ ခြသေ့င်္နဲ့ ပမာပြုထားတာပါ။ ဒီသဘောတွေနဲ့ ပက်သက်ပြီးသာ စေတီပုထိုးများရှေ့မှာ ခြသေ့င်္ရုပ်ကြီးများ ထားတာပါ…



ဆရာတော် ………… အရှင် ကောသလ္လ (ဓမ္မစေတီ ဆရာတော်)


https://www.facebook.com/photo.php?fbid=423221647775672&set=a.351047714993066.7

လအလိုက်သတ်မှတ်ထားသောကျောက်မျက်ရတနာ (၁၂)မျိုး




နှစ်လရာသီအလိုက်နှင့်ကျောက်မျက်ရတနာများကိုလည်းသတ်မှတ်
ထားခဲ့ကြပါတယ် အဲ့ဒီ (၁၂)မျိုးကိုပုံနှင့်တကွ ဖော်ပြထားပါတယ်

(၁) january Birthstone/Garnet (ဂေါ်မုတ်နီ) ကျောက်မျက်ရတနာ
ဇန်န၀ါရီ ကျောက်မျက်ရတနာလို့သတ်မှတ်ထားတာကတော့ garnet ဂါနက်လို့ခေါ်တဲ့
ကျောက်အမျိုးအစားပဲဖြစ်ပါတယ် ဂါနက်ကျောက်တွေကို မြန်မာလိုကတော့ဂေါ်မုတ်နီလို
လည်းခေါ်ဆိုပါတယ် ထိုကျောက်များကတော့ အများအားဖြင့် အနီရောင်အရင်းခံပြီး
ရောင်စဉ်ခုနှစ်ခုသွယ်တို့နှင့်လှပသော ဒီဇိုင်းပုံစံနှင့်ဆွဲဆောင်မှု၇ှိပါတယ် ထိုကျောက်များ
ကို အများအားဖြင့် လက်ဆောင်ပေးခြင်းတွေမှာအသုံးပြုတတ်ကြပါတယ် ဂါနက်ကျောက်ကို
အဓိကအသုံးပြုကြတာ အာဖရိက နိုင်ငံနှင့် အိန္ဒိယနိုင်ငံတွေမှာ အသုံးပြုကြပါတယ်

(၂) february Birthstone/ Amethyst (နှီလာ ခရမ်း)ကျောက်မျက်ရတနာ
ဖေဖော်ဝါရီ ကျောက်မျက်ရတနာဖြင့်တင်စား ခေါ်ဆိုသောကျောက်ကတော့ amethyst
အာမီသစ်လို့ခေါ်တဲ့ကျောက်မျက်ရတနာတစ်ခုပါ ထိုကျောက်ကိုတော့ မြန်မာလို နီလာ
ကျောက်အမျိုးအစားထဲမှ တစ်မျိုးလို့ဖြစ်ပါတယ် ဥရောပနိုင်ငံတွေ၇ဲ့တော်ဝင်ကျောက်မျက်
ရတနာ တစ်မျိုးအဖြစ်သတ်မှတ်ကြပါတယ

(၃) March Brithstone/aquamarine(မြကျောက်တစ်မျိုး)
မတ် ကျောက်မျက်ရတနာလို့ခေါ်ဆိုတာကတော့ aquamarine (အကွာမက်ရင်း)လို့ခေါ်ပါတယ်
ထိုကျောက်မျက်ရတနာများကို မြန်မာလိုကတော့ မြကျောက်တစ်မျိုးလို့ခေါ်ဆိုပါတယ် ဆယ်နှစ်
ရာသီပတ်လုံးအတွက် လည်း ခေါ်ဆိုနိုင်တယ်လို့လည်းသတ်မှတ်ထားကြပါတယ် ထိုကျောက်တွေ
ရဲ့အလွန်လှပကြပါတယ် ထိုကျောက်မျက်ရတနာများက လှပမှု ရိုးသားမှု သစ္စာရှိမှု ပျော်ရွှင်မှုတွေ
နဲ့ပြည့်စုံသော ကျောက်မျက်ရတနာ လို့လည်း ပြောဆိုစာဖွဲ့ခဲ့ဖူးတာတွေ ရှိပါတယ်

(၄)April Birthstone/ Diamomd (စိန်)ကျောက်မျက်ရတနာ
ဧပရယ် ကျောက်မျက်ရတနာလို့လူသိနည်းပေမယ့် အဲ့ဒီကျောက်မျက်ရတနာကိုတော့
လူသိများပါတယ် Diamond (ဒိုင်းမွန်း) ဖြစ်ပါတယ် မြန်မာလိုကတော့ စိန်ကျောက်မျက်
ရတနာဖြစ်ပါတယ်

(၅) May Birthstone/Emerald (မြ)ကျောက်မျက်ရတနာ
မေ ကျောက်မျက်ရတနာကတော့ emerald (အိမီ၇န့်)လို့ခေါ်တဲ့ကျောက်မျက်ရတနာ
တစ်ခုဖြစ်ပါတယ် မြန်မာလိုတော့မြကျောက်လို့ခေါ်ဆိုကြပါတယ်

(၆) June birthstone /Pearl (ပုလဲ)ကျောက်မျက်ရတနာ
ဂျွန်ကျောက်မျက်ရတနာကတော့ Pearl လို့ခေါ်တဲ့ကျောက်မျက်ရတနာတစ်ခုဖြစ်ပါတယ်
မြန်မာလိုကတော့ ပုလဲကျောက်မျက်ရတနာဖြစ်ပါတယ

(၇) July Birthstone/ruby (ပတ္တမြား)ကျောက်မျက်ရတနာ
ဂျုလိုင် ကျောက်မျက်ရတနာကတော့ Ruby(ရူဘီ)လို့ခေါ်တဲ့ကျောက်မျက်ရတနာတစ်မျိုး
ဖြစ်ပါတယ် မြန်မာလိုတော့ ပတ္တမြား ကျောက်မျက်ရတနာပဲဖြစ်ပါတယ်

(၈)August Birthstone/peridot (ပြောင်ခေါက်စိမ်း ကျောက်)
သြဂုတ် ကျောက်မျက်ရတနာကတော့ peridot (ပ၇ီဒေါ့)လို့ခေါ်တဲ့ ကျောက်မျက်ရတနာ
ဖြစ်သည် မြန်မာလိုကတော့ ပြောင်ခေါင်းစိမ်းလို့ခေါ်ကြပါတယ်
ပြောင်ခေါင်းစိမ်းက မြန်မာ
နိုင်ငံ မိုးကုတ်လိုနေရာမျိုးတွေမှာထွက်ရှိတာကိုလည်းတွေ့၇ပါတယ် ထိုကျောက်တွေဟာ
အပျော့စားကျောက်များလည်းဖြစ်ပါတယ် အရောင်ကတော့ စိမ်းဝါရောင်၇ှိပါတယ် သံလွင်စိမ်း
ရောင်များလည်းတွေ့၇ှိ၇တတ်ပါတယ် အများအားဖြင့် မြန်မာ၊တရုတ် ၊သြစတေးလျ ၊တောင်
အာဖ၇ိက၊ဘရာဇီး နိုင်ငံတွေမှာ တွေ့၇ှိ၇ပါတယ်

(၉) September Birthstone/Sapphire(နီလာ)ကျောက်မျက်ရတန
စက်တင်ဘာ ကျောက်မျက်ရတနာကတော့ Sapphire လို့ခေါ်တဲ့ကျောက်မျက်ရတနာ
ပဲဖြစ်ပါတယ် မြန်မာလိုကတော့ နီလာကျောက်မျက်ရတနာ ဖြစ်ပါတယ်

(၁၀) October Birthstone/opal(မဟူရာ)ကျောက်မျက်ရတနာ
အောက်တိုဘာ ကျောက်မျက်ရတနာကတော့ opal (အောပယ်)လို့ခေါ်တဲ့ ကျောက်
မျက်ရတနာတစ်မျိုးပါ မြန်မာလို့ကတော့ မဟူရာလို့ ခေါ်ဆိုကြပါတယ် ပုလဲနှင့်ဆင်
တူသလိုရှိပေမယ့် ကွဲပြားပြီး ပိုမိုလှပသောကျောက်မျက်ရတနာဖြစ်ပါတယ်

(၁၁)November Birthstone/topaz(ဥသဖရား)ကျောက်မျက်ရတနာ
နိုဝင်ဘာ ကျောက်မျက်ရတနာကတော့ topaz တိုပက်(ဇ်) လို့ခေါ်တဲ့ ကျောက်မျက်ရ
တနာတစ်မျိုးဖြစ်ပါတယ် မြန်မာလိုကတော့ ဥသဖရား ကျောက်ရိုင်းတုန်းလို့ခေါ်ဆိုကြ
ပါတယ်

(၁၂) December Birthstone/ tanziniteကျောက်မျက်ရတနာ
ဒီဇင်ဘာ ကျောက်မျက်ရတနာကတော့ tanzanite (တန်ဇနိုက်)လို့ခေါ်တဲ့ ကျောက်မျက်
ရတနာပဲဖြစ်ပါတယ် ထိုကျောက်များက အများအားဖြင့်တော့ အပြာနှင့်ခ၇မ်းပြာေ၇ာင်
လေးများဖြစ်ကြပါတယ် ထိုကျောက်များ၇ဲ့တန်းဖိုးမှာ နီလာကျောက်တွေထက်ပိုမိုတန်ဖိုး
ကြီးပြီးလှပဆန်းသစ်သောကျောက်များလည်းဖြစ်ပါတယ်


credit to >>>original uploader

https://www.facebook.com/photo.php?fbid=423240057773831&set=a.351047714993066.7

သေဆုံးနေသော်လည်း သွေးပူနွေး နေသေးသည့် မွေးရှည် ဆင်မကြီး တစ်ကောင် ရုရှား သုတေသီများ တွေ့ရှိ



ရုရှား အရှေ့မြောက်ပိုင်း တက္ကသိုလ်၊ ရုရှားမြောက်ပိုင်း အသုံးချ ဂေဟဗေဒ ဌာနနှင့် ရုရှား ပထဝီဝင် ဆိုင်ရာအဖွဲ့ အစည်းတို့မှ သုတေသီများသည် မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သော အမွေးရှည် ဆင်မ အသေ တစ်ကောင်ကို Novosibirsk ကျွန်းစု၏ Lyakhovsky ကျွန်းဆွယ်ပေါ်တွင် ရှာဖွေ တွေ့ရှိခဲ့ကြသည်ဟု အင်တာနက် သတင်း တစ်ပုဒ်အရ သိရသည်။

ဆင်မကြီးအား တွေ့ရှိချိန်တွင် ဆင်မကြီး၏ တစ်သျှူးများသည် အကောင်း ပကတိ နီးပါးရှိနေကြောင်း၊ ယင်းဆင်မကြီးသည် အသက် ၅ဝ နှစ်နှင့် ၆ဝ နှစ် ကြားတွင် သေဆုံးခဲ့ဖွယ် ရှိသည်ဟု ခန့်မှန်းရကြောင်းနှင့် စိတ်ဝင်စားစရာ ကောင်းသည့် အချက်မှာ ဆင်မကြီး၏ ကြွက်သား တစ်သျှူးများကို သဘာဝအတိုင်း အနီရောင် အနေအထားဖြင့် တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်ဟု သိပ္ပံပညာ ရှင်များက ပြောကြားသည်။

အဆိုပါ ဆင်မကြီးအား တွေ့ရှိချိန်တွင် ဆင်မကြီး၏ ခန္ဓာကိုယ် အောက်ပိုင်းသည် ရေခဲပြင် ဖြစ်လုနီးပါး

 အခြေအနေ ရှိနေပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကိုမူ ရေခဲပြင်ပေါ်၏ မျက်နှာပြင် အပေါ်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း အသုံးချဂေဟ ဗေဒဌာန၏ အမွေးရှည် ဆင်ပြတိုက်မှ ပြတိုက်မှူး ဆမ်ယန်ဂရီဂေါရီး ယက်စ်က ပြောကြားသည်။

သုတေသီများသည် ဆင်မကြီး၏ သွေးနမူနာ ပုံစံများကို တာရှည်ခံဆေး အကူအညီဖြင့် စမ်းသပ်ပြွန်များ အတွင်း၌ စုဆောင်းခဲ့ကြသည်။ ဆင်မကြီး၏ သွေးရောင်မှာ အနက်ရောင် ဖြစ်ပြီး ၎င်းသွေးကို ဆင်မကြီး၏ ဝမ်းဗိုက် အောက်ပိုင်းရှိ ရေခဲနေသော အခန်းများမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ သွေးနမူနာကို ရယူနိုင်ရေး အတွက် ရေခဲနေသော အခန်းများကို ခွဲထုတ်ခဲ့ရာတွင် သွေးများသည် ¤င်းအခန်းများအတွင်း မှ ပူနွေးစွာဖြင့် စီးဆင်းကျလာသည်ကို အံ့အားသင့်ဖွယ် ကောင်းစွာ တွေ့မြင်ခဲ့ရကြောင်း၊ သွေးကို စုဆောင်းနေချိန်တွင်  ပတ်ဝန်းကျင်၏ အပူချိန်မှာ မိုင်းနပ်စ် ၁ဝ ဒီဂရီသာလျှင် ရှိခဲ့ကြောင်း သုတေသီတစ်ဦးက    ပြောကြားသည်။

ကားမှောက်ရခြင်း အကြောင်း



ရေးစရာများအမြောက်အများရှိနေသောကြောင့် တခြားအကြောင်းအရာများကို ကျွန်တော် သိပ်ရေးလေ့မရှိပါ။ သတင်းများကို စုထားပြီး နောက်အားသည့်အချိန်များမှ ရေးရန်ဖြစ်၏။ သို့သော် ၂၀၁၃ ခုနှစ် မေလ ၂၅ ရက် နံက် ၆း၂၀ နာရီက ရန်ကုန်မှ မန္တလေးသို့ထွက်ခွာလာသော မန်းရွှေမြို့တော်ခရီးသည်တင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပြီး ခရီးသည် ၁၁ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရသည့် ဖြစ်စဉ်တွင် ဖေ့စ်ဘွတ်ပေါ်၌ ရေးကြသားကြ၊ အပြန်အလှန်လက်ညှိုးထိုးကြ၊ ပြစ်တင် ကြိမ်းမောင်းကြ ဖြစ်နေ သဖြင့် လက်ယားလာသောကြောင့် ရေးလိုက်ခြင်းဖြစ်ပါသည်။

လောကတွင် မည်သည့်ကိစ္စမဆို အကြောင်းရင်းတစ်ခုတည်းနှင့် မဖြစ်နိုင်။ အကြောင်းပေါင်းများစွာ တိုက်ဆိုင်လာသည့် အခါမှ ထိုကိစ္စကြီး ဖြစ်လာရလေသည်။ ဤကဲ့သို့ဖြစ်လာသည့်အခါ ဟိုလူ့လွှဲချ၊ သည်လူ့လက်ညှိုးထိုးဖြင့် တစ်ဦးနှင့်တစ်ဦး အပြစ်ရှာသည့်နည်းလမ်းများကား ပြဿနာကို ဖြေရှင်းလို့ရနိုင်သည့် အရာများမဟုတ် ဆိုသည်ကို ကျွန်တော်တို့ ကောင်းစွာ သဘောပေါက်ထားရန်လို၏။

ကျွန်တော်တို့လုပ်ရမည်မှာ အကြောင်းရင်း (Root cause) ကိုရှာရန် ဖြစ်၏။


ယခု သည်ကားမှောက်သည့်ကိစ္စတွင် ကွန်ကရိလမ်းကို အပြစ်ပုံချနေကြတာ တွေ့ရပါသည်။ သည်ကိစ္စကို ကျွန်တော် ၀င်စွက်လို၍ မဟုတ်ပါ။ ဖြစ်ရပ်မှန်အား ဘယ်လိုဖြေရှင်းရမည် ဆိုသည်ကို အနည်းငယ်မျှ ပြောလို၍ ဖြစ်ပါသည်။ ကျွန်တော်တို့ ကိုယ်ပိုင်ဦးဏှောက်သုံး၍ စဉ်းစားကြည့်ကြပါခင်ဗျား။


ကားမှောက်ရခြင်းတွင် အကြောင်းအချက်များစွာ ပါဝင်ပတ်သက်နေ၏။


၁။ လမ်းမကောင်းသောကြောင့်လည်း ဖြစ်နိုင်သည်။

၂။ ကားမကောင်းသောကြောင့်လည်း ဖြစ်နိုင်သည်။

၃။ ကားမောင်းသူ၏ ချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်သည်။

၎။ ရာသီဥတု မကောင်းလျှင်လည်း ဖြစ်နိုင်သည်။

၅။ မိမိပတ်ဝန်းကျင်အခြေအနေ (ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ လမ်းသွားလမ်းလာ၊ လမ်းပေါ်တွင် စည်းမဲ့ကမ်းမဲ့ ရပ်ထားသောယာဉ်၊ အခြားမှ ဖြတ်ဝင်လာသောယာဉ်၊ ဖြတ်ပြေးသွားသည့် ခွေး၊ ကြောင်၊ နွား၊ ၀က်၊ ကလေး စသည်)

၆။ ယာဉ်မောင်း၏ ဗဟုသုတနှင့် လမ်းပိုင်းတွင် အကျွမ်းတ၀င်ဖြစ်မှု

၇။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု - - - - စသည် စသည်တို့ကြောင့် ဖြစ်နိုင်ပါသည်။


ရှေးမြန်မာ့တပ်မတော်



             စစ်နှင့်ဆိုင်သော ရှေးအစဉ်အဆက် မြန်မာစာပေများ တွင် 'စစ်အင်္ဂါလေးပါး'ကို အခြေတည်၍ အမြဲဆိုလေ့ရှိသည်။ စစ်အင်္ဂါလေးပါးဟူသော်ကား 'ဆင်လည်းတစ်ပါး၊ မြင်းလည်း တစ်ပါး၊ ရထားလည်း တစ်ပါး၊ ခြေသည်လည်း တစ်ပါး' ဖြစ် သည်။ ထို စစ်အင်္ဂါလေးပါးကိုပင် 'သေနင်္ဂ'ဟူ၍လည်း ခေါ် သေးသည်။ သို့ရာတွင် ထို စစ်အင်္ဂါလေးပါးမှာ ပါဠိကျမ်းများ၊ သက္ကတကျမ်းများကို မှီး၍ ဆိုခြင်းမျှသာ ဖြစ်သည်။ ထို စစ်အင်္ဂါလေးပါးအနက် 'ရထား'မှာ ရှေးနှစ်ပေါင်း ၃ဝဝဝ ခန့်ကဖြစ်သော မဟာဘာရတ ကျမ်းကြီးတွင် ဘာရတညီနောင် စစ်ထိုးခန်း စသည်တို့၌ ပါရှိသော်လည်း မြန်မာ့သမိုင်း တစ်လျှောက်၌ 'ရထားတပ်'ဟူ၍ မရှိခဲ့။ တဖန် ပါဠိကျမ်း များ၊ သက္ကတကျမ်းများ၌ 'လှေသင်္ဘောတပ်'(ရေတပ်) ပါရှိစမြဲ ဖြစ်သည်။ ထို့ကြောင့် စစ်တပ်ဖွဲ့ပုံ၊ စစ်ချီပုံ၊ ခံမြို့တည်ပုံ စသည်တို့၌ မြန်မာစစ်ကျမ်းများက ပါဠိကျမ်းများ၊ သက္ကတ ကျမ်းများကို မှီး၍ ဆိုကြသော်လည်း ရေမြေဒေသ ခေတ် ကာလအလျှောက် လက်တွေ့ မြန်မာနည်းများကို တီထွင် ကျင့်သုံးခဲ့ကြကြောင်းဖြင့် သိရသည်။

ဤတွင် မြန်မာရာဇဝင်များ၌ ဖော်ပြထားသော တကောင်းခေတ်၊ သရေခေတ္တရာခေတ်နှင့် ပုဂံပြည် အနော် ရထာမင်းစော လက်ထက် မရောက်မီသော ခေတ်များပ မြန်မာတို့၏ စစ်ဓလေ့ထုံးစံများ မည်သို့ မည်ပုံ ရှိခဲ့ကြ သည်ကိုမူ ကောင်းစွာ မသိရ။ အနော်ရထာမင်းစော လက်ထက်လောက်မှစ၍သာ နည်းနည်းချင်း သိလာရ တော့သည်။

အနော်ရထာမင်းစော လက်ထက်မှသည် သီပေါမင်း လက်ထက်အထိ မြန်မာတို့ စစ်တပ်ဖွဲ့ပုံမှာ ရှေးပဒေသရာဇ် ပုံစံအတိုင်းပင် ဖြစ်သည်။ မင်းဧကရာဇ်တို့ စံနေရာဖြစ်သော ရာဇဌာနီ နေပြည်တော်များတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်တည်းဟူသော လေးပြင်လေးရပ်တို့ကို စောင့်ရှောက် ရသည့် ထောင်မှူးလေးဦး၊ သူရဲ ၄ဝဝဝ မှ တစ်ပါး အမြဲ ဖွဲ့စည်းထားသောတပ်ဟူ၍ မရှိ။ စစ်မက်အရေး ပေါ်ပေါက် လာသည့်အခါများတါင်မှ တစ်နိုင်ငံလုံးရှိ ရဲရောင်သန်မာသူ တို့ကို ဆင့်ခေါ်စုရုံး ဖွဲ့စည်းတိုက်ခိုက်စေကြသည်။ ထိုကိစ္စ အတွက်လည်း ထောင်ပြု၊ ရှစ်ရာပြု၊ လေးရာပြု၊ သုံးရာပြု၊ နှစ်ရာပြု၊ တစ်ရာပြု၊ ရှစ်ဆယ်ပြု၊ ငါးဆယ်ပြု၊ သုံးဆယ်ပြု၊ နှစ်ဆယ်ပြုအထိ အသီးအသီး မြို့ပြတည်ရသည်။


စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်



လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။

စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေးထားပြီး သူ့လည်ပတ်မှု ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း စက်ရုပ်စားဖိုမှူး များ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင် ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင် သိအောင် Control Room ကနေလည်း ထိန်းချုပ် ပေးနိုင်ပါတယ်။

သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။ စက်ရုပ်ဆိုတော့ ထမင်း မစား ပါဘူး။ လျှပ်စစ်ဓာတ်အားသွင်းတဲ့အချိန်က ထမင်းစားချိန်ပါပဲ။ ၂ နာရီအားဖြည့်ပြီးရင် ၅ နာရီမနားတမ်းအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ယင်း ကဲ့သို့ စက်ရုပ်တွေချည်း လုပ်ကိုင်သော စက်ရုပ်စားသောက်ဆိုင်ကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
ရိုးရာလေး

https://www.facebook.com/photo.php?fbid=423294601101710&set=a.351047714993066.7

ယဉ်ကျေးမှုသင်ရကျိုး


ကျောင်းသူလေး တဦးဟာ တနေ့တော့ ဆိုင်ကယ်အတိုက်ခံ၇တယ်။
ဒါနဲ့ အတိုက်ခံရတဲ့ ကျောင်းသူလေးကို ဆိုင်ကယ်ပိုင်ရှင်နဲ့ ဘေးက လူတချို့က ဆေးခန်းကို လိုက်ပို့ကြတယ်။


အချိန်တော်တော်ကြာမှ ကျောင်းသူလေးရဲ့ မိဘနှင့် အိမ်နီချင်း အစ်မကြီးတယောက် လိုက်လာတယ်။ ဒါနဲ့ ကောင်းမလေးနဲ့တွေ့ အဲ့ဒီအချိန်မှာ ကျောင်းသူလေးက သတိလစ်နေတယ်။ ကျောင်းသူလေး သတိလစ်နေချိန်မှာ ပါလာတဲ့ အစ်မ ကြီးက ဒီလို တိုက်တဲ့အတွက် လျော်ကြေးပေးဘာညာပြောကြတော့ ဆိုင်ကယ်ပိုင်ရှင်က သူမ က ၀င်တိုက်ပါတယ် ။ သူ့ ဆိုင်ကယ်ကို သူ ကဒီတိုင်းပဲ ရပ်ထားတယ် ဆိုတဲ့ အကြောင်းကို ပြောပြတယ် ။ ကျောင်းသူလေးဘက်က လက်မခံဘူး ။ ဒါနဲ့ ဆရာဝန်က ကျောင်းသူလေး သတိရလာအောင် စောင့်ခိုင်းလိုက်တယ်။ ခဏလေးနေတော့ ကျောင်းသူလေးသတိရလာတယ်။ 


ဒါနဲ့ ကျောင်းသူလေးကို သူ့ဘက်က ပါလာတယ် အစ်မကြီးက မေးတယ်။ နင်ကို ဆိုင်ကယ်က ၀င်တိုက်တာ မဟုတ်လားလို့ မေးလိုကက်တယ် အခါမှာ မဟုတ်ပါဘူး သမီးက ၀င်တိုက်တာပါလို့ ပြန်ပြောလိုကက်တယ်။ အဲ့ဒီအချိန်မှာ ပါလာတဲ့အစ်မ နင်နှယ် အလိုက်တာ ဆိုင်ကယ်က ၀င်တိုက်တာ လို့ ပြောရင် နင်ပိုက်ဆံတွေလဲ အများကြီးရမယ်။ ပြိးတော့ နင့်ကျောင်းစရိတ်လဲ ရမယ်လို့ ကျောင်းသူလေးကို ပြောပြတယ်။ ဒါနဲ့ ဆိုင်ကယ်ပိုင်ရှင်က ကျောင်းသူလေးရဲ့ အသိစိတ်ဓာတ်နဲ့ သူတပါးပေါ်ကို လိမ်မပြောတတ်တဲ့ အကျင့်လေးကို သဘောကျပြီး၊ ကျောင်းစရိတ်တွေ မုန့်ဖိုးတွေ ပေးခဲ့တယ်။

        ဆိုင်ကယ်ပိုင်ရှင်ဟာ ဒီကလေး ဘာလို့ဒီလောက်လိမ္မာလဲဆိုတာ သိရအောင် ကျောင်းသူလေးအကြောင်းကို စုံစမ်းလိုက်တော့ ဒီကလေးဟာ နွေရာသီဗုဒ္ဓဘာသာ သင်တန်းဆင်းလေတစ်ယောက်ဆိုတာ သိခဲ့ရတယ်။


အော်.....ဒါကြောင်း ဒီကလေး ဒီလောက်လိမ္မာတာလို့ မှတ်ချက်ချလိုက်တယ်။
(မြတ်မင်္ဂလာစာဆောင်မှ ဆောင်းပါးကို မှီးငြမ်းပါသည်)


ဒါကြောင့် ယဉ်ကျေးလိမ္မာသင်တန်းများသည် ကလေးများအတွက်တကယ်အကျိုးရှိ လက်တွေ့အသုံးချနိုင်ပါတယ်ဆိုတဲ့အကြောင်း ပြောပြချင်တာပါ


https://www.facebook.com/photo.php?fbid=337695266358804&set=a.199582046836794.

ထိပ်ပြောင်ခြင်း


========

ထိပ်ပြောင်ခြင်း ကို အမျိုးသားများတွင် အများဆုံး တွေ.ရလေ့ရှိပြီး ထိပ်ပြောင်ရခြင်း အကြောင်းအရင်းများစွာရှိသည်

ထိပ်ပြောင်ရခြင်း အကြောင်းရင်းများ
====================
မျိုးရိုးလိုက်ခြင်း

ထိပ်ပြောင်တာက မျိုးရိုးလိုက်တာလို့ သိထားကြတယ်ဟုတ်။ တကယ်လည်း မျိုးရိုးလိုက်ပါတယ်။ အဖေက ထိပ်ပြောင်ရင် ဒါမှမဟုတ် အဘိုးက ထိပ်ပြောင်ရင် ကိုယ်လည်း ထိပ်ပြောင်နိုင်တယ်လေ။ အဘိုးက အဖေဘက်ကဖြစ်ဖြစ် အမေဘက်က ဖြစ်ဖြစ်နော်။ ဒါပေမယ့် မျိုးရိုးမှာ ထိပ်ပြောင်တဲ့သူတွေရှိလို့ ငါလည်းပြောင်တော့မှာပဲလို့ တွေးပူပြီး အရမ်းစိတ်ညစ်မနေနဲ့အုံးနော်။ မျိုးရိုးရှိတိုင်းလည်း ထိပ်ပြောင်မယ်လို့တော့ မဟုတ်ဘူး။ မျိုးရိုးရှိရင် ထိပ်ပြောင်နိုင်ချေများတယ်။ ဒါပေမယ့် ဘယ်တွေပေါ်မူတည်သေးလဲဆိုတော့ အဓိကက ဟော်မုန်းနဲ့ အသက်အရွယ်ပဲ။ စိတ်ဖိစီးမှုနဲ့လည်း ဆိုင်တယ်နော်။

ဟော်မုန်း

ထိပ်ပြောင်ရခြင်းရဲ့ အဓိကတရားခံလူဆိုးကြီးက ကျားဟော်မုန်းပါ။ အမျိုးသားတွေ သန်သန်မာမာ ကျားကျားလျားလျားကြီးတွေဖြစ်ဖို့အတွက် ကျားဟော်မုန်းများများလိုတာပေါ့။ ဒါပေမယ့်
Testosterone လို့ခေါ်တဲ့ ကျားဟော်မုန်းက Dihydrotestosterone (DHT) အဖြစ်ပြောင်းသွားတယ်။ ဆံပင်တွေထွက်လာတဲ့ မွှေးညှင်းအိတ်တွေပေါ်မှာ DTH ရဲ့ သက်ရောက်မှုကြောင့် မွှေးညှင်းအိတ်တွေ ကျုံ့သွားတယ်။ အဲဒီတော့ ထွက်လာတဲ့ ဆံပင်တွေက မသန်တော့ဘူး။ ပြီးတော့ တဖြည်းဖြည်းပါးလာတာကနေ နောက်ဆုံးပြောင်သွားပါလေရော.. တကယ်က ထိပ်ပြောင်တယ်ဆိုတာဟာ ဆံပင်လုံးဝ မပေါက်တော့တာ မဟုတ်ပါဘူး။ ဆံပင်ကျွတ်တာလည်း ဟုတ်တယ်၊ တစ်ချို့ဆံပင်တွေ မပေါက်တော့တာလည်း ဟုတ်တယ်၊ အဓိကက ထွက်လာတဲ့ဆံပင်တွေက အရမ်းကို ပါးလွန်းနေလို့ သေချာမမြင်ရတာပါ။

အသက်အရွယ်

ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း ၁၀ ခု


==========================

သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။

ဟောဒီမှာ နည်းလမ်း(၁၀)ခု-
၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ
ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?

၂။ မကျေမနပ်မဖြစ်ပါနဲ့
ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

၎။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ
သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။

၅။ ဘ၀ဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ
သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ
သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။

၇။ အခြားသူတွေကို ကူညီပါ
အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

၈။ TV သိပ်မကြည့်ပါနဲ့
ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘ၀ဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ၀ယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။

၉။ သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ
ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘ၀ကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။

၁၀။ ဘ၀ရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ
အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘ၀ရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊ ပြီးတော့ ဘ၀ကို ချစ်မြတ်နိုးပါ။

https://www.facebook.com/photo.php?fbid=422588497838987&set=a.351047714993066.7

အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ကွန်ပြူတာဆိုင်ရာ ဘာသာရပ်များ




အိုင်တီလို့သာ အကြမ်းဖျင်းခေါ်ပေမယ့် သူက အင်မတန် ကျယ်တဲ့ ပင်လယ်ကြီး တစ်ခုပါပဲ။ ယင်းကျယ်ပြန့်တဲ့ ပင်လယ်ထဲမှာ ကိုယ်က ဘယ်ပရော်ဖက်ရှင်နယ်လိုင်းကို လိုက်စားလို့အဆင်ပြေမယ်ဆိုတာ ကို ရွေးနိုင်အောင် သိသလောက် ဖော်ပြပေးလိုက်ရ ပါတယ်။


ကွန်ပြူတာ အင်ဂျင်နီယာ (Computer Engineering)

ကွန်ပြူတာ စက်ပစ္စည်းတီထွင်တဲ့ ပညာလို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ CPU ဘယ်လိုလုပ်တယ်။ မော်နီတာ ဘယ်လိုလုပ်တယ်။ ဟာ့ဒ်ဝဲ ပစ္စည်းအစိတ်အပိုင်း တစ်ခုချင်းစီတည်ဆောက်တဲ့ ပညာရပ်ပါပါမယ်။ ဒါတင်ဘယ်ကအုံးမလဲ။ ဆော့ဖ်ဝဲ ဖန်တီးမှုလည်း ပါဝင်ပါ သေးတယ်။ CPU တော့လုပ်လိုက်ပါပြီ။ ယင်း CPU ဘယ်ဘယ်လို တာဝန်ထမ်းဆောင် မယ်။ ဘယ်လို အီလက်ထရောနစ် Signal ကိုတုံ့ပြန်လုပ်ဆောင်မယ် အစရှိသဖြင့် ဟာ့ဒ်ဝဲတင်မကတော့ပဲ ဆော့ဖ်ဝဲပါ ပါဝင်လာပါတယ်။ ဒီတော့ ကွန်ပြူတာ အင်ဂျင်နီယာ ဆိုတာ ကွန်ပြူတာ ရဲ့  အခြေခံအကျဆုံး ဆော့ဖ်ဝဲ နဲ့ ဟာ့ဒ်ဝဲကို တီထွင်ဖန်တီးတဲ့ ဘာသာ့ရပ် ဖြစ်ပါတယ်။


ကွန်ပြူတာ စနစ် အင်ဂျင်နီယာ (System Engineer)

ကွန်ပြူတာ အင်ဂျင်နီယာကတော့ ကွန်ပြူတာတွေ တစ်လုံးပြီး တစ်လုံး တီထွင်လိုက်ပါပြီ။ ယင်း ကွန်ပြူတာတွေ ဘယ်လို စနစ်နဲ့ အလုပ်လုပ်မယ်ဆိုတာကို ဖန်တီးပေးရတယ့် အဆင့်ကလည်း တစ်ခု ရှိပါသေးတယ်။ ဥပမာ ကွန်ပြူတာနဲ့ ဂြိုလ်တုကိုလှမ်းချိတ်မယ်။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ဖို့အတွက် ဘယ်လို ဟာ့ဒ်ဝဲတွေ ရှိသင့်တယ်။ ဆော့ဖ်ဝဲတွေ ရှိသင့်တယ်။ လိုအပ်တဲ့ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ တီထွင်ဖန်တီးပေးသူကို ကွန်ပြူတာ စနစ်အင်ဂျင်နီယာလို့ ခေါ်ပါတယ်။ ကွန်ပြူတာလို့ရှေ့ မှာ တပ်ရတဲ့အကြောင်း အရင်းက system အင်ဂျင်နီယာမှာ အခြား ဘာသာရပ်တွေလည်း ထပ်ကွဲနေသေးလို့ပါ။


ကွန်ရက် အင်ဂျင်နီယာ (Network Engineer)

လူထုကျန်းမာရေး (ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာ )


Thursday, May 30, 2013

ငှက်ဖျား ရောဂါသည် ကျွန်တော်တို့ မြန်မာ နိုင်ငံအပါအဝင်၊ ကမ္ဘာ့နိုင်ငံ များတွင် ကြီးမားစွာ ဒုက္ခ ပေးလျက် ရှိသည်။ ငှက်ဖျား ရောဂါ ကြောင့် မသေ သင့်သော သူများ သေဆုံး ခဲ့ကြ ရပါသည်။ နှစ်စဉ် နှစ်တိုင်း၊ တစ်ကမ္ဘာလုံးရှိ ပြည်သူများနှင့် တပ်မတော်သားများကို ခြိမ်းခြောက်လျက် ရှိပါသည်။

ငှက်ဖျားရောဂါအတွက် နောက်ဆုံးပေါ်ခေတ်မီဆေးဝါးများ ပေါ်လာ သော် လည်း သေဆုံးခြင်း၊ အားအင်ချိနဲ့ခြင်း များ ဖြစ်ပေါ်လျက်ရှိပါသည်။ အဘယ် ကြောင့်ဆိုသော်၊ ကာကွယ်နည်းများကို လိုက်နာဆောင်ရွက်မှုအားနည်းခြင်းနှင့် ထိရောက်စွာကုသမှုမရှိခြင်းကြောင့်ဖြစ်ပါ သည်။

ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း များတွင် ပြည်သူတစ်ရပ်လုံးပါဝင်မှုနည်း ခြင်း ကြောင့် လည်း ဖြစ်ပါသည်။

**ငှက်ဖျားဖြစ်စေသောအကြောင်း အရင်း**
ငှက်ဖျားရောဂါသည် စိမ့်ရေ၊ စမ်း ရေသောက်ခြင်း၊ ငှက်ပျောသီး၊ ကျွဲကော သီးစား၍မဟုတ်ပါ။ အဓိကအားဖြင့် ခြင် ကိုက်ခြင်းကြောင့် ကူးစက်တတ်သော ရောဂါဖြစ်ပါသည်။ ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော အနော်ဖီလီခြင်မ ကိုက်ခြင်းကြောင့် လူနာမှ အခြားသူထံ ရောဂါကူးစက်ခြင်းဖြစ်ပါသည်။ ထိုခြင်မ သည် နေဝင်ချိန်မှ နံနက်မိုးသောက် အရုဏ်တက်အတွင်း (အထူးသဖြင့် ည အချိန်)၌ လူကို ကိုက်လေ့ရှိပါသည်။

(၂) ငှက်ဖျားရောဂါကိုဖြစ်စေ သော ရောဂါပိုးများ
အဓိအားဖြင့် ၄ မျိုးရှိပါသည်။ ၄င်း တို့မှာ ပလက်စမိုးဒီယမ် (ဖယ်စီပရမ်၊ မလေးရီရေး၊ အိုဗေးနှင့် ဗိုင်းဗတ်)တို့ဖြစ် ပါသည်။ ပလက်စမိုးဒီယမ် ဖယ်စီပရမ် သည် အဖြစ်အများဆုံးနှင့် အပြင်းအထန် ဆုံး အမျိုးအစားဖြစ်ပါသည်။ သေဆုံးမှု လည်း အများဆုံးဖြစ်ပါသည်။

(၃) ငှက်ဖျားရောဂါလက္ခဏာများ

အင်းလေးဖောင်တော်ဦး ဘုရားသမိုင်း အကျဉ်း နှင့် ဒေသစာရီကြွချီခြင်း



ညောင်ရွှေမြို့၏မူလအမည်မှာရှမ်းဘာသာဖြင့်“ယောင်ဝှေ”ဖြစ်သည်။ တောင်နှစ်သွယ်ကြားမှကုန်းမြေဟု အဓိပ္ပာယ်ရသည်ဆို၏။ ယောင်ဝှေဟု ပြောသောရှမ်းသံကိုမြန်မာတို့ကညောင်ရွှေဟုကြား၍မှတ်တမ်းတင်
ရေးသား၊ခေါ်ဆိုရာမှညောင်ရွှေဟုအမည်တွင်ခဲ့ပုံရ၏။

သက္ကရာဇ်(၇၂၁)ခုနှစ်တွင်ညောင်ရွှေမြို့ကို တည်ထောင်ခဲ့သော စော်ဘွားကြီးဆီဆိုင်ဖလက်ထက်လွန်ခဲ့သောနှစ်ပေါင်း(၆၄၄)ခန့်ကာလ၊
ယခုသန်းထောင်ဘုရားနယ်မြေအတွင်းတစ်ခုသောနေရာတွင် တောချုံပိတ်ပေါင်းတို့ဖြင့်ဖုံးလွှမ်း ကွယ်ပျောက်လျက်ရှိသောလိုဏ်ဂူအတွင်းမှ ဘုရားဓာတ်တော်၊မွေတော်များရောင်ခြည်ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို.ဖူးမြင်တွေ့ရှိကြသည်။ ထိုအခါစော်ဘွားကြီး ဆီဆိုင်ဖထံသွားရောက်သတင်းပေ
လေသည်။စော်ဘွားကြီးဆီဆိုင်ဖသည်အားရ၀မ်းသာဖြစ်၍ဆွေတော်မျိုးတော်မှူးမတ်တို့နှင့် ပရိတ်သတ်လေးပါမြောက်မြားစွာခြံရံ၍ သန်းထောင် အရပ်သို့ထွက်လာကာတောချုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီးလိုဏ်ဂူကိုတူးဖော်ကြည့်ရာဘုရားရှင်ရုပ်ပွားတော်(၅)ဆူတို့ကိုဖူးမြင်တွေ့ရှိရပေသည်။

၎င်းရုပ်ပွားတော်ငါးဆူအနက်နှစ်ဆူမှာရဟန္တာပုံတော်ဟုသိရှိရသည်။ ၎င်းရုပ်ပွားတော်ငါးဆူတို့ကိုဖာင်တော်ဦး ရုပ်ပွားတော်ဟုခေါ်ဝေါ်သည်။ ဖောင်တော်ဦးရုပ်ပွားတော်ဟုခေါ်ရခြင်းအကြောင်းအရင်းမှာကောဇာ သက္ကရာဇ် (၄၀၄)ခုနှစ်တွင်မင်းအဖြစ်ရောက်ရှိတော်မူသောပုဂံပြည့်ရှင် နရပတိအလောင်းစည်သူမင်းကြီးသည် သာသနာတော်မြတ်စည်ပင်ပြန့်ပွား ထွန်းကားခြင်းကိုလိုလားသောမင်းမြတ်ဖြစ်သည်နှင့်အညီဇမ္ဗူဒိပ်ကျွန်း အလုံးစုံနှံ့အောင်ဖောင်တော်ဖြင့်တိုင်းခန်းလှည့်လည်တော်မူခဲ့ပြီးနောက် သီဟိုဠ်မင်းကဆက်သလိုက်သော သင်းကနတ်ဖောင်တော်ဖြင့် လှည့်လည်ပြန်လာ တော်မူရာမလယခေါ်မလ္လာဟုကျွန်းရောက်လျှင် (၎င်းကျွန်းသည်အန္ဒိယပြည်မဒရပ်နယ်တောင်ဘက်ပင်လယ်တွင်ရှိ၍အမွှေးနံ့သာ၊ ကရမက်စသည်အလွန်ပေါသည်ဟုသိရသည်။)

သိကြားမင်းကဆက်သအပ်နှင်းလိုက်သောအခါ မဟာဗောဓိသားနှင့်တကွ သရက္ခန်နံ့သာနှစ်အသားတို့ကိုရုပ်ပွားတော်(၅)ဆူထုလုပ်စေတော်မူပြီးလျှင်
ဖောင်တော်၏ရှေ့ဦးတွင်ပင့်တင်ကိုးကွယ်ယူဆောင်တော်မူလျက်နေပြည်တော်ပုဂံမြို့ သို့ရောက်တော်မူလေသည်။ ဤသို့ဖောင်တော်ရှေ့ဦး၌ တင်ယူကိုးကွယ်ခဲ့သောဘုရားဖြစ်ခြင်းကြောင့်ဖောင်တော်ဦး ဘုရားဟု ခေါ်ခြင်းဖြစ်သည်။စော်ဘွားကြီးဆီဆိုင်ဖသည်ယင်းရုပ်ပွားတော်မြတ်(၅)ဆူကို မိမိနေပြည်တော်ညောင်ရွှေမြို့တော်သို့ပင့်ဆောင်ပြီးဟော်နန်းဦးစံပြဿဒ်ပေါ်တွင်ကိုးကွယ်တော်မူပြီးမှနှစ်စဉ်သီတင်းကျွတ်လဆန်း(၇)ရက်သို့ရောက်သောအခါဟော်နန်းဦးမှအောက်သို့ပင့်ယူပြီး လှပတင့်တယ်စွာဆောက်လုပ်ထားသောပြဿဒ်မဏ္ဍပ်အတွင်းကောင်းစွာ စံထားလျက်ပြည်သူပြည်သားတို့၏ အဖူးအမြော်အပူဇော်ခံပွဲသဘင် ဆင်ယင်ကျင်းပတော်မူခြင်းဖြစ်သည်။ဟော်နန်းဦးမှမြို့ သို့ကြွဆင်းတော်မူသည်ကိုအစွဲပြု၍လူ့ပြည်သို့ကြွဆင်းလားသောမြတ်စွာ ဘုရား(စ၀်ဖရားလုံးစိုင်း)ဟု ရှမ်းဘာသာဖြင့်ခေါ်တွင်သဖြင့်မူလဖောင်တော်ဦး ဟူသောအမည်မှာအခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။

မျက်ရည် တန်ဖိုး





ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ သမီးတော် နှစ်ပါးရှိသတဲ့....။
အဲဒီ သမီးတော်လေးတွေ ငို ရင် မျက်ရည်တွေဟာ စိန်ပွင့်တွေ ဖြစ်ဖြစ်သွားတယ်တဲ့..။
ပထမ မင်းသမီးကတော့ မင်းသားလေးတစ်ပါးနဲ့ လက်ထပ်လိုက်ပြီး သူမရဲ့ မျက်ရည်ကဖြစ်တဲ့စိန်ပွင့်တွေနဲ့ ရဲတိုက်တွေ တစ်ခုပြီးတစ်ခု ဆောက်ပြီး နေထိုင်ကြပါတယ် ။

မင်းသမီးငယ်လေးကတော့သိုးကျောင်းသားတစ်ယောက်နဲ့လက်ထပ်လိုက်ပါတယ်။
ဘုရင်ကြီး နတ်ရွာစံခါနီးမှာ သမီးတော် ၂ပါးကို ခေါ်ပြီးတွေ့ပါတယ်။
သမီးကြီးနဲ့ မင်းသာလေးတို့မှာ ရွှေငွေရတနာ လက်ဝတ်လက်စားတွေ အပြည့်နဲ့တွေမြင်နေရပြီး သမီးငယ်နဲ့ သိုးကျောင်းသားကတော့ ဆင်းရဲမြဲဖြစ်နေတာကို တွေရပါတယ်။

အဲဒီတော့ ဘုရင်ကြီးက အံ့အားသင့်စွာနဲ့ "သမီးငယ်ရဲ့ မျက်ရည်တစ်စက်နဲ့ မင်းတို့ ချမ်းသာ နေနိုင်ရက်သားနဲ့ကွာ။ ဘယ်လိုဖြစ်တာလဲ" လိုမေးပါတယ် ။
သိုးကျောင်းသားလေးက "ကျွန်တော် သူ့ကို မျက်ရည် မကျခိုင်းရက်လို့ပါဗျာ" လို့ပြန်ဖြေပါတယ်။
အဲဒီတော့ ဘုရင်ကြီးက သူ့ချမ်းသာမှု့အတွက် သူတစ်ပါကို မျက်ရည် မဖြစ်စေတဲ့ သိုးကျောင်းသားလေးကို အိမ်ရှေ့စံ အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဘုရင်ကြီး နတ်ရွာစံတဲ့အခါ သိုးကျောင်းသားလေးက မင်းကျင့်တရား (၁၀)ပါးနဲ့ အညီ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတစ်ပါးဖြစ်လာပါတယ်။သူတစ်ပါး မျက်ရည်ကျမှ မိမိချမ်းသာမယ်ဆိုတဲ့သူက ခေတ္တအမြင်မှာတော့ ချမ်းသာသလိုလို ထင်ရသော်လည်း ချမ်းသာအစစ်မဖြစ်နိုင်ပါဘူး
သင်ရော သူတစ်ပါး မျက်ရည်ကျမှ ချမ်းသာမယ်ဆိုရင် သင်စိတ်ပျော်ရွှင်မှု ရရှိနိုင်ပါမလား ။
 

ဝိပဿနာ ဘာဝနာကုသိုလ်၏ အကျိုးကျေးဇူးကြီးမားပုံ



ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီး အနာထပိဏ် သူဌေးအား အလှူဒါနနှင့် ပတ်သက်၍ ဝေလာမသုတ်တရားတော်ကို မိန်.တော်မူသည်။

၁။ ဝေလာမသုတ်တရားတော် အကျဉ်းချုပ်ကား … ရှေးအခါက ဝေလာမအမည်ရှိ ပုဏ္ဏားသူဌေးကြီးသည် မဟာဒါနအလှူတော်ကို ပေးလှူ၏။ ယင်းအလှူ၌ ငွေဒင်္ဂါး အပြည့်ပါသော ရွှေခွက်ကြီး ရှစ်သောင်းလေးထောင်၊ ရွှေဒင်္ဂါး အပြည့်ပါသော ငွေခွက်ကြီးပေါင်း ရှစ်သောင်းလေးထောင် စသည်ဖြင့် ရှစ်သောင်းလေးထောင်ပေါင်း များစွာသော ရတနာ ခုနှစ်ပါး ဆင်မြင်းကျွဲနွား၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူသည်။ အလှူတော်ကြီးသည်ကား မြစ်ရေအလျင်ကြီး တရဟောစီးသကဲ့သို. အကြီးအကျယ်လှူခြင်း ဖြစ်ပေသည်။

၂။ သာသနာပအခါ၌ ဤမျှကြီးကျယ်သော ဝေလာမပုဏ္ဏား၏ မဟာအလှူတော်ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသလောက် အကျိုးမကြီးချေ။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၃။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ရာကို ကျွေးမွေးပေးလှူရသည်ထက် သောတာပန်တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၎။ သောတာပန်တစ်ရာကို ပေးလှူရသည်ထက် သကဒါဂါမ် တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၅။ သကဒါဂါမ်တစ်ရာကို ပေးလှူးရသည်ထက် အနာဂါမ် တစ်ယောက်ကို ပေးလှူရသည်က ပို၍ အကျိုး ကြီးမားသည်။

၆။ အနာဂါမ်တစ်ရာကို ပေးလှူရသည်ထက် ရဟ န္တာတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၇။ ရဟ န္တာတစ်ရာကို ပေးလှူရသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၈။ ပစ္စေကဗုဒ္ဓါတစ်ရာကို ပေးလှူရသည်ထက် သဗ္ဗညုဘုရားတစ်ဆူကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၉။ ဘုရားရှင်အားပေးလှူရသည်ထက် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းရသည်က ပို၍ အကျိုးကြီးမားသည်။

၁၀။ ထို.ထက် မိမိကိုယ်တိုင် သရဏဂုံ ဆောက်တည်ခြင်းက ပို၍အကျိုးကြီး၏။

၁၁။ ထို.ထက် မိမိကိုယ်တိုင် ငါးပါးသီလစောင့်ထိန်းခြင်းက ပို၍ အကျိုးကြီးမား၏။

၁၂။ ထို.ထက် မေတ္တာဘာဝနာကို နံ.သာတစ်ခါရှူမျှ ပွားခြင်းက ပို၍ အကျိုးကြီး၏။

၁၃။ ထို.ထက် အနိစ္စဝိပဿနာ ဘာဝနာကို နို.တစ်ညှစ်မျှ ပွားခြင်းက ပို၍ အကျိုးကြီးမား၏။ …

ဟူ၍ ဟောကြားတော်မူပေသည်။ ယင်းတရားအားလုံးကို ခြုံ၍ သုံးသပ်လိုက်သောအခါ …

(၁)မှ(၉) အထိသည် … ဒါန ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၂)မှ(၁၁) အထိသည်… သီလ ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၁၂)မှာ သမထဘာဝနာ ကုသိုလ်မျိုး ဖြစ်၍ (၁၃)မှာ ဝိပဿနာ ဘာဝနာ ကုသိုလ်မျိုးဖြစ်သည်။

သို.ဖြစ်၍ မြတ်စွာဘုရားသည် ဤဝေလာမသုတ်တော်ဖြင့် …. ဒါနကုသိုလ်ထက် သီလကုသိုလ်မျိုးက မြတ်သည်၊ သီလကုသိုလ်မျိုးထက် သမထဘာဝနာ ကုသိုလ်မျိုးက မြတ်သည်၊ သမထ ဘာဝနာကုသိုလ်မျိုးထက် ဝိပဿနာဘာဝနာ ကုသိုလ်မျိုးက မြတ်သည် ဟူ၍ ခွဲခြားသတ်မှတ်တော် မူကြောင်းကို သိရှိရပေသည်။ ဤသည်ကို သိရှိခြင်းဖြင့် ဝိပဿနာဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမားသည်ကို နှိုင်းယှဉ် သိရှိနိုင်မည် ဖြစ်ပါသည်။

(ရတနာဝါသဘုရားကျောင်း)


ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

မေတ္တာဖြင့်ထွေးပွေ့မှုမှသည်



Carolyn Isbister ဟာ သူမရဲ့ ၂၀ အောင်စ အလေးချိန်သာရှိတဲ့ ရင်သွေးငယ်လေးကို သူမရဲ့ရင်ခွင်ထဲထွေးပွေ့ထားခဲ့ပါတယ်... ဒီလိုထွေးပွေ့ထားဖို့အခွင့်အရေးဟာ ဒီအချိန်မှာပဲရနိုင်တော့မှာလားလို့လည်း သူမတွေးမိနေခဲ့တယ်...

ဆရာဝန်တွေက ကလေးငယ် Rachael ဟာ မိနစ်အနည်းငယ်ပဲအသက်ရှင်နိုင်တော့တယ်လို့ မိဘတွေကိုပြောခဲ့ပါတယ်.. ဘာကြောင့်လဲဆိုတော့ ကလေးငယ်လေးရဲ့ နှလုံးဟာ ၁၀ စက္ကန့်လောက်မှတစ်ခါခုန်ပြီး အသက်လည်းလုံးဝမရှူလို့ပါပဲ...

"ကျွန်မသမီးလေးကို အေးခဲပြီးသေဆုံးမသွားစေချင်ပါဘူး... ဒါကြောင့် သူ့ကိုအနှီးထဲကထုတ်ပြီး ပိုနွေးလာအောင် ကျွန်မရဲ့အရေပြားနဲ့ ထိထားပေးလိုက်ပါတယ်... သမီးလေးရဲ့ခြေထောက်တွေက အရမ်းအေးနေတယ်... ကျွန်မသူ့ကိုထွေးပွေ့ထားရုံပါပဲ... သမီးလေးနဲ့အတူဆက်ရှိနေချင်ခဲ့တယ်... အဲ့ဒီအချိန်ကို အခုထိမှတ်မိနေတုန်းပဲ..." လို့ Isbister က ပြန်ပြောင်းပြောပြနေပါတယ်...

အဲ့ဒီနောက်မှာတော့ ထူးခြားတဲ့အဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်... သူမမိခင်ရဲ့ အရေပြားကနေ အနွေးဓာတ်တွေရလာတဲ့အခါ Rachael ရဲ့ နှလုံးဟာ ပုံမှန်အတိုင်းခုန်လာပါတယ်.... ပြီးတော့ အသက်နည်းနည်းရှူလာနိုင်ပါတယ်... ဆရာဝန်တွေရော မိဘတွေပါ မယုံနိုင်လောက်အောင်ဖြစ်ခဲ့ကြရပါတယ်... သူမရဲ့ ငိုသံသေးသေးလေးလည်း ထွက်လာခဲ့တယ်...

ဆရာဝန်တွေဝင်လာပြီး ကြည့်ခဲ့ပေမဲ့ အဲ့ဒီအချိန်ထိ မျှော်လင့်ချက်မရှိသေးဘူးလို့ ဆိုကြပြန်ပါတယ်... ဒါပေမဲ့ မိခင်ဖြစ်သူကတော့ လက်မလွှတ်နိုင်ခဲ့ပါဘူး... ဆေးရုံက ဘုန်းတော်ကြီးကလည်း သူမအတွက်ဆုတောင်းပေးပြီး သူမထွက်ခွာသွားမယ့်အချိန်ကို စောင့်နေကြပါတယ်... ဒါပေမဲ့ ကလေးမလေးဟာ အသက်ရှင်နေဆဲပါပဲ....

နောက်တော့ သူမရဲ့ပါးနှစ်ဖက်ဟာ အံ့သြဖွယ်ရာ ပန်းရောင်သမ်းလာခဲ့ပါတယ်... ပြာနှမ်းနေရာကနေ အကုန်လုံးရဲ့မျက်စိရှေ့မှာတင် အပန်းရောင်သမ်းလာခဲ့တာဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်ကလည်း နွေးထွေးလာပါတယ်...

ဝမ်းနည်းစရာကောင်းတဲ့အချက်က ကလေးငယ်မွေးဖွားလာတဲ့အချိန်မှာ ဆရာဝန်တွေက တစ်ချက်ပဲကြည့်ပြီး ခေါင်းခါခဲ့ကြတာပါပဲ... သူတို့ဟာ ကလေးမလေး အသက်ရှူနိုင်ဖို့တောင် ကူညီဖို့မကြိုးစားခဲ့ကြပါဘူး... အဲ့ဒီလိုကူညီလိုက်ရင် သေဆုံးမယ့်အရေးကို အချိန်ဆွဲထားရုံပဲရှိမယ်လို့ပဲ ပြောကြပါသေးတယ်... လူတိုင်းဟာ ကလေးငယ်လေးအတွက် လက်လျော့ခဲ့ကြတာကို သူမရဲ့မိခင်က အမှတ်ရနေဆဲပါပဲ....

သူမရဲ့ သားအိမ်မှာရောဂါပိုးဝင်တာကြောင့် ၂၄ ပတ်အကြာမှာ မွေးဖွားခဲ့ရတဲ့ အဖြစ်မျိုးကို ရောက်ရှိခဲ့တာဖြစ်ပါတယ်... အသက် ၁၀ နှစ်အရွယ် Samuel နဲ့ ၈ နှစ်အရွယ် Kirsten တို့ရဲ့ မိခင်လည်းဖြစ်တဲ့ Isbister က "သမီးလေးကို ဆုံးရှုံးရမယ့်အရေးအတွက် ကျွန်မတို့ အရမ်းကြောက်လန့်နေခဲ့မိပါတယ်... အဲ့ဒီအချိန်မတိုင်ခင်က ကျွန်မ ကိုယ်ဝန်သုံးကြိမ်ပျက်ကျခဲ့ရဖူးပါတယ်... ဒါကြောင့် ကျွန်မတို့မှာ မျှော်လင့်ချက်ရှိသေးတယ်လို့လည်း မတွေးမိခဲ့ဖူးပါဘူး...."

Rachael ကို မွေးဖွားလာတဲ့အခါ သူမဟာ ပြာနှမ်းနေပြီး အသက်မဲ့နေသလိုပါပဲ... ဆေးရုံရဲ့ ကလေးအထူးကုပါရဂူက "လက္ခဏာတွေအကုန်လုံးအရ ဒီကလေးငယ်လေးဟာ အသက်ရှင်ဖို့အခြေအနေလုံးဝမရှိတော့ပါဘူး... ဒါကြောင့် သူ့အမေကို ထွေးပွေ့ထားဖို့အခွင့်အရေးပေးရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ကြပါဘူး... နှစ်နာရီလောက်ကြာတဲ့အခါ ဒီကလေးပေါက်စလေးဟာ ငိုလာခဲ့ပါတယ်... ဒီကလေးဟာ တကယ့်အံ့ဖွယ်ကလေးငယ်လေးပါပဲ... လုပ်သက် ၂၇ နှစ်အတွင်း ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးပါဘူး... မိခင်ဖြစ်သူရဲ့ မေတ္တာတရားက သမီးရဲ့အသက်ကိုကယ်တင်နိုင်လိုက်တယ်ဆိုတာကို နည်းနည်းလေးမှ သံသယမဖြစ်မိပါဘူး..."

အဲ့ဒီနောက် Rachael ကို အသက်ရှူကိရိယာတွေတပ်ဆင်ပေးခဲ့ကြပါတယ်... သူမရဲ့အခြေအနေဟာ ဆက်လက်တိုးတက်လာပါတယ်... သူမကို ဖန်ပြွန်ထဲမှာထည့်ထားပြီး သူမမိခင်ရဲ့ နို့ရည်ကိုလည်း ပိုက်ကနေတစ်ဆင့်တိုက်ကြွေးခဲ့ကြပါတယ်...

ဆရာဝန်တွေက ကလေးငယ်လေးဟာ သတ္တိခဲတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သလို မျှော်လင့်ချက်တစ်ချို့ရှိလာတဲ့အတွက် အထူးဂရုတစိုက်ကုသမှုတွေနဲ့ ထိုက်တန်တယ်လို့ ပြောကြပါတယ်... ဘယ်ဆေးကုသမှုနဲ့ ဆေးဝါးအကူအညီမှမပါဘဲ သူမရဲ့အသက်ရှင်သန်မှုအတွက် သူမဘာသာလုပ်ဆောင်ခဲ့တာပါ... သူမဟာ သူမရဲ့ဘဝကိုတွယ်ဖက်ထားခဲ့ပါတယ်... ပြီးတော့ ဒီအရာအားလုံးဟာ ထွေးပွေ့မှုလေးတစ်ခုကနေ ဖြစ်ပေါ်လာခဲ့တာပါ... ဒီထွေးပွေ့မှုကြောင့် သူမရဲ့ ခန္ဓာကိုယ်ကိုနွေးထွေးစေခဲ့တယ်.... သူမရဲ့နှလုံးကိုလည်ပတ်စေခဲ့တယ် ပြီးတော့ စပြီးရုန်းကန်တိုက်ခိုက်နိုင်ဖို့ လုံလောက်အောင်အသက်ရှူနိုင်စေခဲ့ပါတယ်...

ရက်သတ္တပတ် ၅ ပတ်လောက်အကြာမှာ အသက်ရှူကိရိယာတွေဖယ်ထုတ်လိုက်ပြီး သူမမိခင်ရဲ့နို့ရည်ကို တိုက်ရိုက်သောက်သုံးနိုင်ပြီဖြစ်ပါတယ်... ၄ လအကြာမှာ Rachael ဟာ သူမရဲ့မိဘတွေနဲ့အတူ အိမ်ကိုပြန်လာနိုင်ပြီဖြစ်ပြီး အဲ့ဒီအချိန်မျာ ကိုယ်အလေးချိန်က တခြားကျန်းမာတဲ့ မွေးစကလေးငယ်တွေလို ၈ ပေါင်ရှိနေပါပြီ...

Rachael ဟာ အောက်ဆီဂျင်ပြတ်လတ်မှုကို ခံစားခဲ့ရတာကြောင့် သူမရဲ့ဦးနှောက်မှာ ထိခိုက်နိုင်ခြေများတယ်လို့ ဆရာဝန်တွေက ဆိုကြပါတယ်... ဒါပေမဲ့ စမ်းသပ်စစ်ဆေးမှုတွေအရ ဒီလိုပြဿနာမျိုးဖြစ်တာကို မတွေ့ရှိခဲ့ရပါဘူး... Rachael ဟာလည်း ဒီကနေ့မှာ သူမနဲ့သက်တူရွယ်တူကလေးတွေနဲ့ တန်းတူလုပ်ဆောင်နိုင်လျက်ရှိပါတယ်...

Rachael ရဲ့ မိခင်ပြောတာကတော့ "သူမ ကောင်းကောင်းလုပ်နိုင်နေပါတယ်... ကျွန်မတို့သူမကို အိမ်ပြန်ခေါ်လာတုန်းက ဆရာဝန်တွေက သူမဟာ အံ့ဖွယ်ကလေးမလေးလို့ ပြောကြပါတယ်... သူမကို ထွေးပွေ့ပေးတာကိုတော့ သူမအကြိုက်ဆုံးပါပဲ... ကျွန်မရဲ့ရင်ခွင်ထဲမှာ ခွေပြီး နာရီပေါင်းများစွာအိပ်နေပါလိမ့်မယ်... သူမကို ပထမဆုံးအကြိမ်ထွေးပွေ့လိုက်တာဟာ သူမရဲ့အသက်ကို ကယ်တင်လိုက်တာပါပဲ... ကျွန်မကိုယ်ပေါ်သူမကိုဆွဲတင်ပြီး အလိုအလျောက် ထွေးပွေ့ထားမိတဲ့ ကျွန်မရဲ့လုပ်ရပ်အတွက်လည်း ကျွန်မအရမ်းကျေနပ်မိပါတယ်... ဒီလိုမှမဟုတ်ဘူးဆိုရင် သမီးလေးဒီအချိန်ရှိနေတော့မှာမဟုတ်ပါဘူး..."

------------------------------------------------
Source: The Unknown; but not hidden.

----------------------------------
နှိုင်းရင့်နွေ

https://www.facebook.com/photo.php?fbid=422582971172873&set=a.351047714993066.7

ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း -မှ (ဆရာနန္ဒာသိန်းဇံ)





ရွက်သင်္ဘောကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ့ ခေတ်က. . . . တနေ့မှာ. . . . . ပင်လယ်ထဲမှာသင်္ဘောတစင်းဟာ မုန်တိုင်းမိနေပါတယ်။ဒီအချိန်မှာ သင်္ဘော ကပတိန်က သင်္ဘောသား လူငယ်လေးတဦးကို ရွက်မတိုင်ကြီးပေါ်တက်ပြီး(ရွက်တိုင်ကိုခုတ်ဖြတ်မှ ဖြစ်တော့မယ်)လို့ပြောတော့ လူငယ်လေးဟာ ရွက်တိုင်ကြီးပေါ်ကို ချက်ချင်းတက်သွားပြီး
၇ွက်တိုင်ကို ဖြတ်ပါတယ်။လေက သိပ်ထန်လို့နေပေမဲ့ သင်္ဘေား လူငယ်ဟာ ရဲရဲဝံ့ဝံ့ သွက်သွက်လက်လက်ပဲ ရွက်မတိုင်ကြီး ပေါ်ကိုတက်သွား ပြီးရွက်ကြိုးတွေကိုဖြုတ်လိုက်ပါတယ်။ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကိုငုံ့ကြည့်လိုက်တော့.............

သဘောင်္တစ်စင်းလုံးဟာ ဒေါသထန်နေတဲ့ လှိုင်းလေတွေ ထဲမှာ ရပ်တည်ရာမရ လးလိမ့်နေတာမြင်ရတယ်။
ဒါကိုအပေါ်စီးကနေမြင်နေရတော့ ချက်ချင်းပဲ ဒီလူငယ်မှာ သတ္တိ ခွန်အားတွေ ဆုတ်သွားပြီး ထိတ်ထိတ်လန့်လန့် နဲ့
မူးမိုက်မေ့သလိုဖြစ်သွားတယ်။ဒါနဲ့သင်္ဘောကုန်းပတ်ပေါ်ကသူ့သူငယ်ချင်းဆီလှမ်းပြီး“ဟေ့.....ငါတော့လိမ့်ကျတော့မယ်၊လုပ်
ပါအုံး” လှို့ လှမ်းအော်ပြောလိုက်တယ်။

ဒီအခါမှာ ကုန်းပတ်ပေါ်က သူ့ သူငယ်ချင်းက “အောက်ကိုမကြည့်နဲ့ သူငယ်ချင်း၊ ငုံ့မကြည့်နဲ့၊ အပ်ါကိုဘဲ
ကြည့်”လို့ တအားကုန် လှမ်းအော်ပြီး သတိပေးလိုက်တယ်။
ဒီအခါမှာလူငယ်ဟာ သူ့ သူငယ်ချင်းသတိပေးတဲ့ အတိုင်း အပေါ်ကိုပဲကြည့်ဖို့ မျက်နှာမူထားတယ်။ဒီအခါ
မှာအောက်ကမူးဝေ ထိတ်လန့်စရာ မြင်ကွင်း တွေကို မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်၊စိတ်ငြိမ်လာတယ်၊အားမာန်
သတ္တိလဲ ပြန်ဝင်လာတယ်။ဒီတော့မှ သင်္ဘောသား လူငယ်ဟာ ရွက်မတိုင်ကြီး ပေါ်ကနေ သတိဝီရိယထားဆင်းယင်း သင်္ဘော
ကုန်းပတ်ပေါ်ကို အော်မြင်စွာပဲ ရောက်လာတယ်။

ဒီလိုပါဘဲ ကျွန်တော်တို့ဘ၀တွေမှာ အဆင်မပြေနိုင်တာတွေ၊ကျရှုံးတာတွေ၊မျှော်လင့်သလို ဖြစ်မလာတာ
တွေကို တွေ့မြင်ဆုံဆည်းနေရတဲ့ အခါမှာ ရှေ့ဆက်ပြီး ကြိုးစားချင်စိတ် ကုန်သွားတတ်ပါတယ်၊အားမာန် သတ္တိလျှော့ကျ သွားတတ်ပါတယ်။

“ငါကတော့ ဒီအခြေအနေက ကျော်နိုင်တော့မှာ မဟုတ်ပါဘူး၊ကျပါပြီ၊ရှုံးပါပြီ၊ဒီဘ၀တော့ ဒီမျှနဲ့ပဲ ပြီးပါပြီ”
ဆိုတဲ့ အားလျှော့စရာတွေကိုပဲ အားလျှော့မှုတွေဖြစ်တတ်ပါတယ်။ဒီလို အားလျှော့မှုတွေကိုဘဲ ပြန်ကြည့်နေ.... ငုံကြည့်နေ
ယင်တော့ ပိုပိုပြီးအားလျှော့မိ၊စိတ်ပျက်မိတာကလွဲလို့ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ပါဘူး။

ဒီိတော့ဘယ်လို အဆင်မပြေတာတွေနဲ့ပဲ ကြုံနေ ကြုံနေ ဒါတွေကို ပြန်ပြန် ငုံ့ငုံ့ကြည့်မနေပဲ ကိုယ်မျှော်
လင့်ထားတဲ့၊မြင့်မြင့်မားမားချမှတ်ထားတဲ့ ပန်းတိုင်ဆီကိုဘဲ ကြည့်ပြီး သတိဝီရိယတွေနဲ့ လုပ်သင့်တာတွေကို ဆက်လုပ်ဖို့
လိုမှာပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။

(နန္ဒသိန်းဇံ)

https://www.facebook.com/photo.php?fbid=662061117141239&set=at.267161716631183.

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ....




အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲ လန်း ခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများ လာနေ ပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာ တကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။

ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့် အနေ နဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိ ခိုက်ေ ပ မယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆို တဲ့ "ဆေး" စွဲနေသူများက ပိုခံရပါလိမ့်မယ်။

Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်း ရင်း ကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါ နည်း လမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။

နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။


နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ "I can't identify my account" အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။

မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -

- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။

Myanmar Consumer Guide

 https://www.facebook.com/photo.php?fbid=164638720380277&set=a.129185147258968.2

နှာခေါင်းသွေးယိုခဲ့လျှင်ဘာလုပ်ရမလဲ




Nose Bleed (နှာခေါင်းသွေးယိုလျှင်ဘာလုပ်ရမလဲ)

နာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ Epistasis ဆိုတဲ့ မျိုးဗီဇရောဂါနဲ့ စာလုံးပေါင်း အတော် ဆင်တယ်။ နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး
၊ အစာအိမ်ထဲရောက်၊ များရင် အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။
ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ်စနစ်ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာ ရှိတာတို့ ဖြစ်တယ်။ တခါတလေလဲ ဘာ့လို့မှန်း မသိဘဲလည်း ယိုသေးတယ်။ Nasal packing နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ် များတယ်။ နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေလဲ ဖြစ်နိုင်သေးတယ်။ ရှားရှားပါးပါး မွေးရာပါ ရောဂါတခုကြောင့်လဲ ဖြစ်တယ်။ နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကြိတ် တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေ ဖြစ်တယ်။

ရှူရတဲ့လေဟာ ဆောင်းတွင်း ကာလတွေမှာလို Low relative humidity ရေငွေ့ဓါတ် နည်းလွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။ နှာခါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်း ပစ္စည်း ကရိယာတွေ ကြောင့်နဲ့ နှာခါင်းခွဲစိတ်တာလည်း ထည့်မပြောရင် ပြည့်စုံမှာ မဟုတ်ဘူး။

နှာခေါင်းကမဟုတ်တဲ့ အကြောင်းခံတွေကတော့ (အလာဂျီ)၊ အအေးမိရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ၊ တွယ်ဆက်-တစ်ရှူး ရောဂါ၊ Blood dyscrasias ခေါ် သွေးရောဂါ၊ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ၀က်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့ ကေ နည်းရောဂါ၊ နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိပ်ပူတဲ့ အစား စားတာတွေ ပါဝင်တယ်။ (ကိုကိန်း) လို မူးယစ်ဆေး ကြောင့်လဲ ယိုတတ်တယ်။

သွေးဆိုတာ သွေးကြောထဲက ထွက်ရရင် ခဲတတ်တဲ့ သဘော ရှိလို့ သူထွက်လာတဲ့ သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကို တားနိုင်တယ်။ ဒါ့ကြောင့် သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ ပိတ်တဲ့ သဘောလည်းဖြစ်အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြုနည်းဖြစ်တယ်။ နှာခေါင်းဆိုရင်တော့ အပြော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach's area, Little's area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်း ဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲ ရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မ၀င်အောင်ကာကွယ်ရာ ရောက်စေတယ်။ Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်နဲ့အသက်ရှူစေပါ။ သွေးယိုတာ မြိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်းထုတ်ဘို့ မကြိုးစားရ။

နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတ၀ှိုက်ကို ရေခဲ တင်ပေးသင့်တယ်။ ရေခဲကိုလဲ ပါးစပ်ထဲငုံတာမျိုး လူတွေ လုပ်နေကြဖြစ်ပေမဲ့ သုတေသန ကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများတယ် ဆိုတာတော့ မပြောနိုင်ဘူး။

သွေးကြောတွေကို ကြုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံး နိုင်ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။ သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan (France), Stop Hemo (Sweden, Italy, Switzerland) and NasalCEASE (US and Australia) တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။

နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။ နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or liquid paraffin ဆီတခုခုထဲစိမ်၊ Betadine Solution (10% povidone-iodine) ပိုးသန့်ဆေးရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။ နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီနည်းနဲ့ သွေးမထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်တယ်။ Silver nitrate ဆေးထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေးသုံးပြီး လုပ်ပါတယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကရိယာထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။

နှာခေါင်းဖုံးအလွှာ Nasal mucosa ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ Saline spraying ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့ ချောမွေ့စေအာင်လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထားရမယ်။ မကြာမကြာ ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေးပေးတာ အကျိုးရှိစေတာ တွေ့ရတယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏ ဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ၀င်လာတတ်တယ်။

သူများနိုင်ငံတွေမှာ Juice of flower of pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ ခပ်ပြင်းပြင်း ရှူစေတယ်။ Juice of fresh green grass မြက်ပင်သန့်သန့်ကို အရည်လုပ်ပြီး၊ နှာခါင်းတဖက်စီထဲကို ၅-၁၀ စက် ထည့်ခိုင်းတယ်။

ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal saline ခေါ်တဲ့ သွေးကြောထဲ သွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ ၀ယ်ရတာ ခက်ရင် ရေသန့်သန့်ထဲမှာ အိမ်သုံးဆား ၀့၉% ရအောင် ဖျော်ပြီး၊ သုံးနိုင်ပါတယ်။ ဗီတာမင် စီ ဆေးရှာမရရင် သုံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။

Health

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ


===============================

(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်
(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြ ပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ ခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါတယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက် ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။

(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုး အဆစ်တွေ ဟာ နေ့ခင်းပိုင်း မှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ် သွားလေ့ရှိပါတယ်။

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက် တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ

(30)မိနစ်တိုင်းမိနစ်တိုင်းမှာခန္ဓာကိုယ်ပေါ်ကမီလျံသန်းတစ်ရာမျှသောဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ ကြာ အသက်ရှင်နေနိုင်ပါ တယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ် ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ် ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေး အမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုးအစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက် ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါ တယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရ ပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲ သုံးစရာလိုပါတယ် တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန် ရအောင် အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။တကယ်လို့များပေါ့...ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့ လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ် သက်ကြောင်းလည်းအမူအရာနဲ့မျက်မှောင်ကြုတ်ပြမနေပါနဲ့...။အလွယ်ဆုံးနည်းဖြစ်တဲ့...ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...

(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သောအံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာ ရှင်တွေ ယနေ့တိုင်ရှာတွေ့နေ ဆဲပါ။ ဒီပိုစ့်နဲ့ပတ်သက်သော အချက်အလက်များ ကိုတော့ OddStuff Magazine ပါ ဆောင်းပါးတစ်ပုဒ်မှ Share လုပ်ခြင်း ဖြစ်ပါကြောင်း)


https://www.facebook.com/photo.php?fbid=422376767860160&set=a.351047714993066.7

ဆေးထိုးတာ နည်းနည်းနာတယ်


_______________________

တကယ်တော့ ကလေးတွေရဲ့ခံနိုင်ရည်စွမ်းက အံ့သြစရာပါ။ သူတို့ကို မခြောက်လန့်ဘူး သင့်တင့်တဲ့ စိတ်ဓာတ်ရေးရာ ကြိုတင်အသိပေးလေးတွေလုပ်ခဲ့ရင် များသောအားဖြင့် သူတို့ဟာ ဘယ်လောက်ခက်ခဲတဲ့ကိစ္စရပ်ကိုမဆို လက်ခံနိုင်ကြတယ်၊ ခံနိုင်ရည်ရှိကြတယ်။

တစ်ခါက ဆေးရုံဝရံတာမှာ အသက်၆နှစ်, ၇နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက် ဆေးထိုးဖို့ငြင်းဆန်နေတာကို ကျွန်မတွေ့ခဲ့တယ်။ ထောင်ထောင်မောင်းမောင်း၊ သန်သန်မာမာသူ့ဖခင်က သူ့ကို ထိန်းမထားနိုင်ခဲ့ဘူး။ ဖခင်ကအားနဲ့ ကောင်လေးကိုချုပ်ထားဖို့ကြိုးစားတိုင်း နောက်ဆုံးမှာ ကောင်လေးက ရုန်းထွက်နိုင်ခဲ့တာချည်းပဲ။ ကောင်လေးရဲ့ တွန်းလှန်အားကို “အစွမ်းကုန်”ဆိုတာနဲ့ တင်စားလို့ရပါတယ်။ သေးငယ်တဲ့ခန္ဓာကိုယ်ကနေ အံ့သြစရာကောင်းလောက်တဲ့ အားအင်မျိုးနဲ့ သူရုန်းခဲ့တယ်။ စူးစူးဝါးဝါး သူအော်ဟစ်တဲ့အသံက လူကိုချောက်ချားစေခဲ့သလို ဝရံတာတစ်ခုလုံးကိုလည်း တုန်လှုပ်စေခဲ့ပါတယ်။

လူတစ်ယောက်ရဲ့ခံစားချက်က အဆုံးစွန်ထိမရောက်ရင် “အစွမ်းကုန်”အင်အားမျိုး ရှိနိုင်ပါ့မလား။ အဲဒီကောင်လေး ဘယ်လောက်ကြောက်လန့်နေမယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ဆေးထိုးတယ်ဆိုတဲ့ ဒီ “ကိစ္စရပ်လေး”တစ်ခုက ကလေးရဲ့စိတ်ဓာတ်ကို ဘယ်လောက်အထိ ပွန်းရှခဲ့ပြီလဲ။

ကလေးငယ်တွေရဲ့ကြီးပြင်းရာလမ်းတလျောက်မှာ ခက်ခဲတယ်၊ ကြောက်ဖို့ကောင်းတယ်လို့ သူတို့ထင်တဲ့အရာတွေ အနည်းအများတော့ သူတို့တွေ့ကြုံရစမြဲပဲ။ အုပ်ထိန်းသူလူကြီးတွေရဲ့တာဝန်က ကြောက်ရွံ့တဲ့စိတ်ကိုကျော်လွှားဖို့ ကလေးငယ်ကိုကူညီတာပဲဖြစ်တယ်။ အေးဆေးတည်ငြိမ်တဲ့စိတ်ထားနဲ့ အခြေအနေကို ဖြတ်ကျော်နိုင်ဖို့၊ နာကျင်ကြောက်ရွံ့စိတ်ကို နိမ့်ချပေးနိုင်ဖို့ ကူညီတာဖြစ်တယ်။

ဆေးထိုးတယ်ဆိုတဲ့ ဒီလိုကိစ္စမျိုးက တစ်သက်မှာ အကြိမ်တော်တော်များများ တွေ့ကြုံရမယ့်ကိစ္စမျိုးပါ။ ဆေးထိုးတာကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကလည်း လုံးဝလျစ်လျူရှုထားလို့မရနိုင်တဲ့ ကိစ္စရပ်လေးဖြစ်တယ်။ ဒီလိုသေးသေးမွှားမွှားကနေဖြစ်ပွားလာတဲ့ စိတ်ဓာတ်ရေးရာကလည်း တခြားကိစ္စရပ်တွေပေါ် ပြောင်းရွေ့နိုင်ပါတယ်။ လူကြီးတွေက ကိုယ်ကိုယ်တိုင်ရဲ့ခံစားချက်နဲ့ ကလေးတွေကို သွားအကဲဖြတ်လို့ မရပါဘူး။ များသောအားဖြင့် လူကြီးတွေက ဒါဟာ လွယ်ကူတဲ့အရာပဲ.. ကလေးငယ်ကိုချုပ်ထားနိုင်ရင် ဒါမှမဟုတ် လိမ်ညာပြီး ထိုးခိုင်းလိုက်ရင် ပြီးသွားမယ့်ကိစ္စလို့ထင်ကြတယ်။ ကလေးငယ်ကို တည်တည်ငြိမ်ငြိမ်နဲ့လက်ခံတတ်ဖို့ လူကြီးတွေက ပညာပေးသင့်သလို နာကျင်မှုကို ခံနိုင်ရည်ရှိတဲ့သတ္တိမျိုး ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

တချို့အုပ်ထိန်းသူတွေက သူတို့ကလေးဆေးထိုးခံဖို့ကို ချော့တစ်ခါ၊ ချောက်တစ်လှည့်၊ လိမ်တစ်လှည့်၊ အတင်းအဓ္ဓမတစ်လှည့်လုပ်တာမျိုး ကျွန်မအမြဲတွေ့ခဲ့ရတယ်။ အဲဒီကလေးတွေက သူတို့ဆေးထိုးခံရတဲ့အနာက တခြားကလေးတွေထက် အဆများစွာ ပိုနာနေသလိုမျိုးပဲ။ အုပ်ထိန်းသူတွေရဲ့ သွန်သင်ဆုံးမနည်းက ကလေးတွေရဲ့နာကျင်မှုကို အကျယ်ချဲ့လိုက်ရုံမက အခက်အခဲနဲ့တွေ့ကြုံချိန် သတ္တိရှိရှိရင်ဆိုင်တတ်ဖို့ကိုလည်း ကလေးတွေကို သင်မပြနိုင်ခဲ့ပါဘူး။

“ဆေးထိုးတာ နည်းနည်းနာတယ်” လို့ ကလေးငယ်ကို ကြိုပြောပြထားတာဟာ အခက်အခဲရှေ့မှောက်ရောက်တဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တတ်ဖို့ သင်ကြားပေးနိုင်သလို နာကျင်ကြောက်ရွံ့စိတ်ကိုလည်း ပေါ့လျော့စေနိုင်ပါတယ်။ နာကျင်မှုဒဏ်ကို ကလေးငယ်တွေ ခံနိုင်ရည်ရှိအောင် လူကြီးတွေမှာလည်း အောက်က စည်းမျဉ်းစည်းကမ်းတွေရှိသင့်ပါတယ်။

(၁) တည်တည်ငြိမ်ငြိမ်ရှိပါစေ။ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြမှု မပေါ်လွင်ပါစေနဲ့။ တကယ်လို့ လူကြီးတွေမှာ စိုးရိမ်ကြောင့်ကြစိတ်ပေါ်နေရင် ကလေးတွေက ဒါပြင်းထန်တယ်ထင်ပြီး ပိုထိတ်လန့်တတ်ပါတယ်။

(၂) ဘာဖြစ်လို့ ဒီလိုလုပ်ရတယ်ဆိုတဲ့ အကျိုးအကြောင်းကို ကလေးတွေသိနားလည်နိုင်တဲ့ အပြောအဆိုနဲ့ ရှင်းပြပါ။ ဥပမာ-- ကလေးအခုဖျားနေလို့ ဆေးထိုးဖို့လိုလာတယ်။ ဆေးထိုးမှ အဖျားပျောက်မယ်ဆိုတဲ့အကြောင်း။ ကလေးက ပြောပြလည်းနားလည်မှာမဟုတ်ဘူးဆိုပြီး မပြောဘဲနေတာမျိုး မဖြစ်ပါစေနဲ့။

(၃) ကလေးတွေခံရမယ့် နာကျင်မှုဒဏ်ကို အမှန်အတိုင်းပြောပြသင့်တယ်။ နာကျင်မှုကို ပုံကြီးမချဲ့မိအောင်၊ အလွန်အကျွံ အသေးမချုံ့မိအောင် သတိထားရပါတယ်။ ဥပမာ- ကလေးဆေးထိုးအောင်ဆိုပြီး အုပ်ထိန်းသူတော်တော်များများက “ဆေးထိုးတာ နည်းနည်းလေးမှမနာဘူး”လို့ ပြောတတ်ကြတယ်။ ကလေးက တစ်ခေါက်ခံရဖူးပြီးရင် နောက်တစ်ခေါက်ဒီလိုအလိမ်ထပ်ခံရဖို့ ငြင်းဆန်တတ်ကြတယ်။ ဒါဟာ အခက်အခဲဆိုရင် ရင်ဆိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့သတ္တိကို တစ်ကြိမ်တစ်ခါဆုံးပါးသွားစေတဲ့ အခွင့်အရေးလည်းဖြစ်တယ်။ ပြီးတော့ လူကြီးတွေကို အယုံအကြည်မဲ့သွားတတ်ပါတယ်။

(၄) ကလေးရဲ့သတ္တိကိုနှိုးဆွပေးပါ။ သူတို့ကိုသာ မခြောက်လှန့်ခဲ့ရင် ကလေးတွေရဲ့ ခံနိုင်ရည်အားက အံ့သြစရာပါ။ သင့်တင့်တဲ့ စိတ်သက်သာမှုတစ်ခုကို ကြိုတင်အသိပေးခဲ့ရင် သူတို့ဟာ ခက်ခဲတယ်ဆိုတဲ့အရာတချို့ကိုတောင် လက်ခံနိုင်သူတွေဖြစ်တယ်။ တပြိုင်တည်းမှာပဲ သူတို့ကို လွတ်လမ်းတစ်ခုလည်း ပေးသင့်ပါတယ်။ ကိုယ့်ရဲ့ “သတ္တိမရှိတဲ့၊ မကြံ့ခိုင်တဲ့” ပုံစံက ရှက်စရာကောင်းတယ်လို့ ကလေးတွေမထင်မြင်သွားပါစေနဲ့

(၅) ရည်ရွယ်ချက်ဖြစ်မြောက်အောင်ဆိုပြီး ကလေးကို လိမ်ညာတာ ဒါမှမဟုတ် တစ်ခုခုနဲ့လဲလှယ်တာမျိုး လုံးဝမလုပ်ပါနဲ့။ တချို့အုပ်ထိန်းသူတွေက “ဆေးမထိုးရင် ရဲလာဖမ်းလိမ့်မယ်နော်”၊ “ဒီဆေးသောက်ရင် ကစားစရာဝယ်ပေးမယ်” စတဲ့နည်းတွေနဲ့ ရည်ရွယ်ချက်ဖြစ်မြောက်အောင် လုပ်ကြတယ်။ ဒါက အရမ်းဆိုးဝါးတဲ့နည်းတွေပါ။ လိမ်ညာတာ၊ လဲလှယ်တာက တစ်ကြိမ်တစ်ခါလောက်ပဲ ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် ကလေးငယ်ရဲ့ထိတ်လန့်မှုကို ကူညီဖြေရှင်းမပေးနိုင်ပါဘူး။ ပြီးတော့ သူတို့ရဲ့ကိုယ်ကျင့်တရားဖွံ့ဖြိုးမှုကိုလည်း အဟန့်အတားဖြစ်စေပါတယ်။


*** *** (တရုတ်စာရေးဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းက ဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။ စာပိုဒ်ကအရှည်ကြီး.. ဖတ်ရပျင်းမှာစိုးလို့ လိုအပ်တဲ့နေရာလောက်ပဲ ကျွန်မဖြတ်တောက်ပြီး မျှဝေတာဖြစ်ပါတယ်)

နိုင်းနိုင်းစနေ

https://www.facebook.com/photo.php?fbid=422384304526073&set=a.351047714993066.7

လူတစ်ယောက်ရဲ့  အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ




သာမန်လိုအပ်တဲ့အချက်ကနေ ပိုအရေးအကြီးတဲ့အချက်များကို အစဉ်လိုက် ဖော်ပြသွားပါမယ်။


၂။ ပညာ

ပညာက အရေးကြီးတယ်။ သူကတော့ ဘာဘွဲ့ရတယ်။ သူကတော့ ဘာ အဆင့်၊ဘယ်ဂုဏ်ကိုရောက်တယ် ဆိုတဲ့အချက်ကို ကြည့်ပြီးတော့လည်း လူတစ်ယောက်ရဲ့  အောင်မြင်မှုကို တိုင်းတာပါတယ်။ ဒီပညာမှာ သမာရိုးကျ သင်ကြားလိုက်စားနေတဲ့ ပညာထက်၊ စွန့်ဦးတီထွင်၊လမ်းသစ်ဖောက်ပေး လိုက်နိုင်တဲ့ ပညာက ပိုပြီးတော့ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပါ။

၁။ ငွေ

အချို့ တွေက ငွေရှိတိုင်းအောင်မြင်တယ်မဆိုဘူးသာ ပြောနေတာ။ ကြိုးစားလိုက်လို့ ငွေဘယ်လောက်ချမ်းသာလာတယ်ဆိုတာကို ကြည့်ပြီး စိတ်ထဲမှာ ကြိတ် လေးစားတာတို့၊ မခံမရပ်ဖြစ်တာတို့ ရှိချင်ရှိ မှုာပေါ့။ ပေါ်တင်လည်း လေးစားချင်လေးစားမှာပါ။ သို့ပေမယ့် ဓားပြတိုက်လို့ရတဲ့ ငွေမျိုးတော့ ဘယ်ပြောမလဲလေနော်။ သမာ အာဇီဝနဲ့ ကြိုးစားရလာတဲ့ ငွေကို ဆိုလိုတာပါ။

ငွေက သိပ်တော့ အရေးမကြီးဘူးနော။ ဂန္ဓီက လူအလေးစားခံရတယ်။ အတုယူခံရတယ်။ သူ့မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ရှိပါတယ်။ ငွေမရှိ ပါဘူး။

၃။ ကောင်းကျိုးပေးမှု

ဒါက အပေါ်က ၂ ချက်ထပ် ပိုအရေးကြီးတဲ့အချက်ပါ။ ပညာရတာမှန် တယ်။ ငွေရတာ မှန်တယ်။ သို့ပေမယ့် ကိုယ့်လုပ်ရပ်က အများအတွက် ကောင်းကျိုးမပေးနိုင်ရင် အလကားပါပဲ။ ပညာရှိလို့၊ ငွေရှိလို့ စီးပွားရေး တစ်ခု ထလုပ်တယ်။ ကိုယ့်ကသာ ကြီးပွားသွားပြီး ကိုယ်နဲ့ ဆိုင်ရာ လူတွေတိုးတက်မသွားရင် အောင်မြင်တယ်လို့ မခေါ်ပါဘူး။

၎။ ထားရမည့် ခံယူချက်

ဒီမှာ အရမ်းအရေးကြီးပါတယ်။ အများစု ထားရှိတဲ့ ခံယူချက်က ငါတစ်နေ့ ချမ်းသာရမယ်။ ငါတစ်နေ့ ဘီလ်ဂိတ်လို ဖြစ်ရမယ်။ ဘယ် မဂ္ဂဇင်းမှာ အဖော်ပြခံရတဲ့ ပညာရှင်တစ်ဦး ဖြစ်ရမယ် အစရှိသဖြင့် အမျိုးမျိုး ကြွေးကျော် ခံယူချက်ထားလို့ ကြိုးစားကြတယ်။ ဒါလည်း မဟုတ် သေးပါဘူး။

"ဘဝမှာ သူတစ်ပါးနဲ့ နှိုင်းယှဉ်လို့ ပန်းတိုင် တစ်ခုထားပြီး ကြိုးစားနေရင် ဘယ်တော့မှ မပြီးပြည့်စုံဘူး"

ဥပမာ - ကိုယ်ကသာ ချမ်းသာဖို့ ကြိုးစားနေတာ။ ချမ်းသာတဲ့ သူ တစ်ယောက်နဲ့ အပေါင်းအသင်း လုပ်ကြည့်ပါလား။ ငါ ချမ်းသာအောင် ကြိုးစားနေတာပါလို့ သူ့ရှေ့ သွားပြောရင် ရယ်မှာပေါ့။ အသက်ကြီးကြီး ပရော်ဖက်ဆာ တစ်ယောက်နဲ့ ရင်းနှီးအောင် နေကြည့်ပါလား။ ကျနော့ ဘဝ ရည်မှန်းချက်က ပရော်ဖက်ဆာဖြစ်ဖို့ပါဆရာလို့ ပြောရင် သူ့အတွက် ပဲလှော် ဝါးရတာထက် ဘာမှ ထူးခြားတဲ့ စကားတစ်ခွန်း ဖြစ်မလာဘူး။

အားအင် နည်းလာတဲ့တစ်နေ့၊ မလုပ်ချင်တော့တဲ့ တစ်နေ့ကျ ငါဒီလောက်နဲ့ တော်ပါပြီလေလို့ ရပ်တန့်သွားတတ်ကြတယ်။ ပတ်ဝန်းကျင်မှာလည်း ရှိမှာပါနော။ ကိုယ်တိုင် ပြန်ရှာကြည့်ပေါ့။ ပြီးတော့ ငါလုပ်ခဲ့တယ်ကွလို့ ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်အားပေးပြီး ရောင့်ရဲကြ တယ်လေ။

၅။ ဘဝ အဓိပ္ပါယ်အစစ်က ဘာလဲ -


စက္ကန့်တိုင်း၊ နာရီတိုင်း၊ နေ့စဉ်တိုင်း ကိုယ့်ရဲ့  လုပ်ဆောင်ချက်၊ လုပ်ရပ်များက တန်ဖိုးရှိနေရမယ်။ တန်ဖိုးရှိဆိုလို့ စိန်တွေစီနေဖို့ မဟုတ်ဘူး နော်။

တစ်ပတ်စာ ပန်းတိုင်၊ ၁ လစာ ပန်းတိုင်၊ ၁ နှစ်စာ ပန်းတိုင်၊ ၂ နှစ်စာ ပန်းတိုင်၊ ၅ နှစ်စာ ပန်းတိုင်၊ ၁၀ နှစ်စာ ပန်းတိုင်၊ တစ်သက်စာ ပန်းတိုင် အစရှိသဖြင့် Plan အသေအချာ ဆွဲထား။ ဆွဲထားတဲ့ စီမံကိန်းအတိုင်း ပြည့်မှီအောင် ကြိုးစား လုပ်ကြည့်။

လူက တစ်နာရီလောက် လုပ်သင့်တာမလုပ်ပဲ နေရင်တောင် ညအိပ်တဲ့အခါ ငါ့လေလွင့်နေပါလားလို့ ထင်ချင်ထင်တတ်တယ်။ စိတ်ကို အမြဲ သတိကပ်၊ ဒီနေ့ လူတွေ အကျိုးရှိတာ ငါဘာလုပ်ပေးရမလဲ။ ငါအကျိုးရှိအောင်လည်း ဘာတွေလုပ်ရမလဲ။

အမှန်တော့ အောင်မြင်မှုကို တိုင်းတာတဲ့ ပေတံက နှစ်မျိုးရှိတယ်။ လူအများတိုင်းတာတဲ့ ပေတံနဲ့ ကိုယ့်ကိုယ်ကို တိုင်းတာတဲ့ ပေတံ။ သူများ လက်ခုတ်သြဘာ တီးခံနေရပေမယ့် ကိုယ့်ပေတံနဲ့ ကိုယ်ပြန်တိုင်းကြည့် ငါတကယ်အောင်မြင်ကောအောင်မြင်ရဲ့ လား။ လိုအပ်ဆန္ဒတွေ ပြီးပြည်စုံရဲ့ လား။

အောင်မြင်ခြင်းမှာ လူအများကို အောင်မြင်ခြင်းနဲ့ ကိုယ့်ကိုယ် ကို အောင်မြင်ခြင်း နှစ်မျိုးရှိတယ်လို့ပဲ ဆိုပါတော့။ အတော်များများက အသက်ကြီးလာရင် ကိုယ့်ကိုယ်အောင် ပြန်အောင်မြင်သွားကြတယ်။ သူမလုပ်နိုင်တော့ဘူးလေ။ ရောင့်ရဲလို့ စိတ်ကိုအောင်မြင်သွားတာပေါ့။ (အမှန်တော့ မလုပ်နိုင်တော့မှန်း သိလို့ လက်မြောက်လိုက်တာ)။ အချို့ ဆို အသက်က ကောင်းတုန်း၊ လမ်းစပျောက်သွားတာနဲ့ ချောလဲရောထိုင် အဆင်ပြေသလို နေသွားကြ၊ လုပ်ကိုင်သွားကြတယ်။

- သူတစ်ပါးကို မြင့်တင်ပေးခြင်း

- ကိုယ့်ကိုယ်ကိုယ် မြင့်တင်ခြင်း

- မိမိစိတ်ကို ပြန်လည် အောင်နိုင်ခြင်း


သူတစ်ပါးကို မြင့်တင်ပေးခြင်း၊ ကိုယ့်ကိုယ် မြင့်တင်ခြင်းကို အသက်ရှိသရွေ့ ၊ လုပ်နိုင်သရွေ့ ၊ ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ လုပ်ပြီး မိမိစိတ်ကို မိမိ ပြန်လည်အောင်နိုင်နေ ရင် အောင်မြင်ခြင်း အစစ်အမှန်ကို ရှာတွေ့မှာပါ။ မိမိစိတ်ကို မိမိအောင်နိုင်ဖို့ ကတော့ မိမိတို့ကိုးကွယ်ရာ ဘာသာတရား တိုင်းမှာ ပြန်လည်ရှာတွေ့နိုင် ပါတယ်။ အားလုံး အောင်မြင်မှု အစစ်အမှန်ကို ပြန်လည် တိုင်းတာယူနိုင်ကြပါစေ။

-
အောင်ခမ်း (TSJ team)

https://www.facebook.com/photo.php?fbid=422386384525865&set=a.351047714993066.7
Related Posts Plugin for WordPress, Blogger...