စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေရောင်ခြည်စွမ်းအင်သုံး Charger Station



post By Myawady News, on July 9th, 2013

ပေါ်တူဂီနိုင်ငံ Park of Science အမည်ရ ပန်းခြံတစ်ခုမှာ ထားရှိထားတာပါ။ ရည်ရွယ်ချက်ကတော့ နေရောင်ခြည်စွမ်းအင် အသုံးပြု လျှပ်စစ်ဓာတ်အား စနစ် တွင်ကျယ်စေဖို့အတွက် ဖြစ်ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ဖုန်းအားသွင်းဖို့အတွက် လိုအပ်တဲ့ ကြိုး အစုံ ထားရှိ ပေးပါမယ်။ ပြီးတော့ ကွန်ပြူတာ နဲ့အခြားသော Electronic Gadgets, Device များကိုလည်း အားသွင်းစေနိုင်မှာ ဖြစ်ပါတယ်။ Satation တစ်ခုအတွက် အားသွင်းနိုင်မယ့် ပစ္စည်းအရေအတွက်က ၁၀ ခု ဝန်းကျင် တွက်ချက် ထားပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ Wi Fi ပါ အခမဲ့ လွင့်ပေးထားခြင်း ဖြစ်ပါတယ်။ ဒါက Promotion ကာလမို့ ဖြစ်ပါတယ်။ နောက်ဆိုရင် နေရောင်ခြည် စွမ်းအင် သုံး အားဖြည့် စတေရှင်မှာ အားသွင်းခကို ဈေးအသက်သာဆုံး
ငွေကြေး တစ်ခုသတ်မှတ်လို့ကောက်ခံပြီး Wi Fi ပါ အခမဲ့ အသုံးပြုခွင့်ပေးမှာ
ဖြစ်ပါတယ်။

ယင်းနည်းပညာကို ပေါ်တူဂီနိုင်ငံတစ်ဝန်းက မြို့ ကြီးတွေမှာ ထားရှိအသုံးပြု
နိုင်ရန် နှစ်အနည်းငယ်အတွင်း ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: techblog
Aung Kham (TSJ team)

https://www.facebook.com/photo.php?fbid=440743366023500&set=a.3510477149

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...