စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သူရာသောက်သောသူသည် သုဿန်သို့ စောစောစီးစီးသွားသည်




တစ်နေ့ကို သူရာလေးခွက်နှုန်းနဲ့ တစ်ပတ်ကိုအနည်းဆုံး ငါးကြိမ်အထက် သောက်သုံးတဲ့သူတွေဟာ ကျူမာရောဂါဖြစ်ဖို့ အလားအလာကောင်းကြောင်း သိရတယ်။ ကျူမာရောဂါဆိုတာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေနဲ့ ဖြစ်တည်လာတဲ့ အသားဆိုင် ကျိတ်၊ အသားပိုတစ်ခုဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့နေရာအနှံ့အပြားမှာ ထက်ရှိနိုင်ပါတယ်။ ပွားတတ်တဲ့ ကျူမာတွေရှိသလို တစ်နေရာတည်းမှာပဲ ပေါက်တတ်တဲ့ကျူမာတွေလည်း ရှိပါတယ်။ သူရာအလွန်အကျွံသောက်သုံးတဲ့သူတွေဟာ Prostate ကင်ဆာဖြစ်ဖို့နီးစပ်ကြောင်း မကြာသေးမီက သုတေသီများ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သိပ္ပံပညာရှင်များရဲ့ ရှာဖွေတွေ့ရှိချက် အရ တစ်ပတ်မှာတစ်နေ့ကို လေးခွက်နှုန်းနဲ့ အနည်းဆုံးငါးကြိမ် သောက်သုံးတဲ့သူတွေဟာ သူရာမသောက်သုံးတဲ့ သူတွေထက် ကင်ဆာဖြစ်ဖို့ရာခိုင်နှုန်းနှစ်ဆပိုတယ်လို့ သိရတယ်။ ဒီကင်ဆာအကျိတ်တွေကို ထိန်းချုပ်လို့မရသလို အသက်အရွယ်၊ လူမျိုး၊ မျိုးရိုးလိုက်ခြင်း ရှိမရှိစတဲ့ အချက်တွေကလည်း ဒီကင်ဆာရဲ့ အသက်အန္တရာယ်ပြုနိုင်စွမ်း ဒီဂရီကို အနိမ့်အမြင့် မြှင့်တင်ပေးပါလိမ့်မယ်။ 


 စိုးရိမ်ဖွယ်ရာကောင်းတဲ့သူတွေကတော့ အဝလွန်တဲ့သူ၊ ဆေးလိပ်သောက်တဲ့သူ သူရာသောက်တဲ့သူ၊ တိရစ္ဆာန်အဆီများစွာ စားသုံးတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူရာသောက်သုံးခြင်းဟာ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် မကောင်းဘူးဆိုတာကို အသိပေးတင်ပြလိုက်ရပါတယ်။

https://www.facebook.com/photo.php?fbid=437102036387633&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...