စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပြင်သစ်မှအမေရိကန်သို့ လက်ဆောင်ပေးသော လစ်ဘာတီရုပ်ထု


=====================================
Statue of Liberty ဖြစ်ပြီး ပြင်သစ် အစိုးရမှ အမေရိကန်ကို လွတ်လပ်ရေး အထိန်းအမှတ်အနေနဲ့ လက်ဆောင်ပေးတဲ့ ရုပ်တု ဖြစ်ပါတယ်။


၁၈၇၇ လောက်ကတည်းက ပြင်သစ်မှာ တည်ဆောက်ပြီး အစိတ်အပိုင်း တစ်ခုချင်းစီးကို ခွဲသယ်လို့ နယူးယောက်ဆိပ်ကမ်းက နေရာကောင်း တစ်နေရာဖြစ်တဲ့ လေဘာတီ ကျွန်းငယ်ပေါ်မှာပဲ တည်ဆောက်ပေးခဲ့ ပါတယ်။ ယခုတော့ နယူးယောက်မြို့ ရဲ့  အမှတ်အသား၊ အမေရိကန်ပြည်ထောင်စုရဲ့  သမိုင်းဝင်မော်ကွန်း တစ်နေရာ အဖြစ်လည်း သတ်မှတ်ထားပါတယ်။

မြေပြင်က မီးရှုးထိပ်ဖြားအထိ အမြင်ပေ ၃၀၅ ပေနဲ့ ၁ လက်မ အထိ ရှိပါတယ်။ ၁၈၈၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က တည်ဆောက်ပြီး စီးခဲ့တာ ဖြစ်ပါတယ်။ ရောမ နတ်သမီး (နတ်မိမယ်) Libertas ရဲ့  ရုပ်တု ဖြစ်ပြီး အောင်နိုင်ခြင်း၊ လွတ်လပ်ခြင်းနဲ့ အခြားသော အဓိပ္ပါယ်များစွာ ပါဝင်နေပါသေးတယ်။

၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ဂရိတ်ဗြိတိန် ကိုလိုနီကို တိုက်ထုတ်ပြီး လွတ်လပ်ရေးကြေညာနိုင်ခဲ့တဲ့ အမေရိကန်တို့ရဲ့  လွတ်လပ်ရေးကို ဂုဏ်ပြု ဖို့ ပြင်သစ်က လက်ဆောင် ပေးတာ ဖြစ်ပါတယ်။ ပြင်သစ်ဟာ အမေရိကန်ရဲ့  လွတ်လပ်ရေးရရန် ကြိုးပမ်းမှုမှာ အတူ ပါဝင် တိုက်ထုတ်ပေးခဲ့ပါတယ်။ ကာလရှည်ကြာ လက်တွဲခဲ့ကြတဲ့ မဟာမိတ် များ ဖြစ်ပြီး လွတ်လပ်ရေး ရတော့ ရုပ်တု လက်ဆောင်ပေးဖို့ ပြင် သစ် ပြည်သူများက ဆုပေါင်း လှူဒါန်းလိုက်ခြင်း ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ထိန်းသိန်းစောင့်ရှောင့်မှုများ ပြုလုပ်လာတဲ့အတွက် ယနေ့အထိ တည်ရှိနေသေးတဲ့ အမေရိကန်ရဲ့  သမိုင်းဝင် အမှတ်အသား တစ်ခုလည်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

https://www.facebook.com/photo.php?fbid=579961358693309&set=a.579092198780225.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...