စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒူဘိုင်းတွင် ကိုယ်အလေးချိန် လျော့ကျ သူအား အစိုးရက ရွှေသားများ ချီးမြှင့်မည်



အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) အစိုးရသည် ၎င်းတို့ နိုင်ငံ အတွင်း ကိုယ် အလေးချိန် ၁ ကီလို လျော့သွားသူ ပြည်သူ များအား ၁ ဂရမ် အလေး ချိန်ရှိ ရွှေဒင်္ဂါး ပြားများ ပေးအပ် ချီးမြှင့် သွားရန် စီစဉ် ထားကြောင်း သိရသည်။

အစိုးရ၏ Your Weight in Gold အစီ အစဉ်ကို သြဂုတ် ၁၆ ရက်တွင် အဆုံး သတ်မည် ဖြစ်ပြီး ယင်း အစီအစဉ်၌ ပထမဆု ရရှိသူ သုံးဦးအား ၂ဝဝဝဝ ဒါဟမ်း တန်ဖိုးရှိ ရွှေဒင်္ဂါး တစ်ပြားစီ ချီးမြှင့် သွားမည် ဖြစ်ပြီး အခြား ကိုယ်အလေးချိန် လျော့ကျသူ များအား ၂ဝဝဝဝဝ ဒါဟမ်း တန်ဖိုးရှိ ရွှေဒင်္ဂါးများကို ကံစမ်းမဲ နှိုက်၍ ချီးမြှင့် သွားမည် ဖြစ်သည်။

Your Weight in Gold အစီ အစဉ်၌ ပါဝင် သူများသည် ပုဂ္ဂလိက ပန်းခြံ များတွင် ကိုယ် အလေးချိန် တိုင်းတာ စစ်ဆေး မှုကို ဦးစွာ ခံယူ ရမည် ဖြစ်ပြီး ကျန်းမာရေးနှင့် မညီ ညွတ်သော ကိုယ် အလေးချိန် လျှော့သည့် နည်းလမ်း များကိုမူ
သုံးခွင့် ရမည် မဟုတ်ဟု သိရသည်။
အာရပ် စော်ဘွားများ ပြည်ထောင်စု အတွင်းရှိ  ပြည်သူများ အကြား  အဝ လွန်မှုကို လျှော့ချ နိုင်ရန် အစိုးရက ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

(အင်တာနက်)
 http://www.myawady.net.mm/allnews/global/item/19950-2013-07-19-09-30-29

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...