စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဘာကြောင့်ဖြူတာလဲ



- စိတ်ဖိစီးမှုကြောင့် နဲ့ အစားအသောက်တွေမှာ Vitamins ချို့တဲ့မှုတို့ကြောင့်ဖြစ်နိုင်တယ်
- နေ့စဉ်စားတဲ့အစားအသောက်တွေမှာ Vitamin B, သံဓာတ်၊ Copper ဓာတ်၊ အိုင်အိုဒင်းဓာတ်တွေ မပါတာကြောင့်ဖြစ်တယ်။
- စိတ်ဖိစီးမှုဟာ ဆံပင်တွေကျန်းမာရေးအတွက် အဓိကလိုအပ်တဲ့ အာဟာရတွေကို ဆံသားတွေဆီမပို့ဆောင်ပေးနိုင်တော့တာကြောင့်လဲ ဖြစ်တယ်။
- တခြားဖြစ်နိုင်တာတွေက ဆံပင်ကို ပူလွန်းတဲ့ ရေနဲ့ ခေါင်းလျှော်တာ၊ လေမှုတ်စက်နဲ့ မှုတ်လွန်းတာ၊ ဆံပင်အရောင်ဆိုးတာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။
- နောက်တစ်ခုဖြစ်နိုင်တာက မျိုးရိုးလိုက်တာဖြစ်နိုင်တယ်။ ဒါဆိုရင်တော့ ပျောက်သွားအောင်လုပ်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ စဖြူဖြူလာပြီဆိုတာနဲ့ ချက်ချင်း ကာကွယ်ကုသနည်းတွေလုပ်သင့်ပါတယ်။ တတ်နိုင်သလောက်ပေါ့။

ဘယ်လိုကုသမလဲ

(၁) အုန်းဆီလိမ်းပေးလို့ရပါတယ်။ သေချာလိမ်းပြီးတော့ ဦးရေ အသားထဲ ၀င်အောင် နှိပ်နယ်ပေးရပါမယ်။
(၂) နွားနို့နဲ့လုပ်ထားတဲ့ ထောပတ်ကလဲ ငယ်ငယ်ရွယ်ရွယ်မှာ ဆံပင်ဖြူခြင်းကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဆံပင်အရင်းကို တစ်ပတ်ကို ၂ခါလောက် လိမ်းပေးရမှာဖြစ်ပါတယ်။
(၃) ဇီးဖြူသီးကိုအခြောက်ခံထားပါ (နေတိုက်ရိုက်မထိပါစေနဲ့) သေးသေးလေးတွေ လှီးပြီး အုန်းဆီထဲစိမ်ပါ၊ ပြီးရင် အနက်ရောင်ရလာတဲ့အထိ မီးဖိုပေါ် ပွက်အောင်တည်ပါ၊ ပြီးရင် ဦးရေကို လိမ်းပေးပါ။
(၄) Almond Oil ထဲကို ဇီးဖြူသီးခြောက်၊ သံပုရာရည် ရောမွှေပြီး ဦးရေကို လိမ်း၍ နှိပ်နယ်ပေးပါ။
(၅) ပဲနို့သောက်ခြင်းကလဲ ဆံပင်ဖြူခြင်းကိုကာကွယ်ပေးပါတယ်။
(၆) အာဟာရများစွာမပါဝင်တဲ့ အစားအသောက်များကို ရှောင်ပါ။ (အချိုရေ၊ ယိုအမျိုးမျိုး၊ ဂျယ်လီ နဲ့ ပြုပြင်သန့်စင်ထားသော ဂျုံဖြင့်လုပ်ထားတဲ့ အစားအစာများ၊ သကြားများ)
(၇) Almond Oil နဲ့ ဦးရေကို နှိပ်နယ်ပေးပါ။
(၈) ဒိန်ချဉ် နေ့တိုင်းသောက်ခြင်းဖြင့်လဲ ကုသနိုင်ပါတယ်။
(၉) မုန်လာဥနီ၊ ငှက်ပျောသီးတို့ကလဲ ဆံပင်ကျန်းမာရေးအတွက် အထောက်အကူပြုတာမို့ များများစားပေးပါ။
(၁၀) ဆံပင်ကို သန့်ရှင်းအောင်ထားပါ။ တစ်ပတ်ကို ခေါင်း ၄ခါလောက်လျှော်သင့်တယ်လို့ ပညာရှင်တွေက အကြံပေးပါတယ်။

င်္Ref: Health Articles
Photo credit: boldsky

https://www.facebook.com/photo.php?fbid=438480842916419&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...