စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရည်ရွယ်ချက် မှန်ဖို့လိုတယ် .....



သေသူကို ရည်စူးပြီး ဆွမ်းသွတ်ခြင်း သပိတ်သွတ်ခြင်း စတဲ့ ဒါနကုသိုလ်တွေ ပြုတာဟာ မှားနေသလား ??? လို့ မေးစရာ ရှိပါတယ် .....

အဲဒါ ... မမှားပါဘူးးး

ဒါဟာ မြတ်စွာဘုရား လက်ထက်တော်ကတည်းက မြတ်စွာဘုရား မိန့်ကြားတော်မှုချက်အရ ဗိမ္မိသာရမင်းကြီးစတဲ့ အဆင့်မြင့် ဗုဒ္ဓဘာသာဝင်တွေ ပြုလုပ်လာခဲ့ကြတဲ့ ကောင်းမွန်မှန်ကန်တဲ့ ထုံးတမ်းစဉ်အလာပဲ ... သဘာဝလဲ ကျပါတယ် ...

သို့သော် ... ရည်ရွယ်ချက် ရည်စူးချက်တော့ မတိမ်းမစောင်းဖို့ လိုပါတယ် .....

သတ္တ၀ါရဲ့သန္တာန်မှာ မွေးဖွားလာကတည်းက အသက် ၀ိညာဉ်ကလေး တည်မြဲလျက်ပါလာ ပြီး သေတဲ့အခါမှာ အဲဒီ့အသက် ၀ိညာဉ်ဟာ သေသူရဲ့ ခန္ဓာကိုယ်က ထွက်သွားတယ် .....

အဲဒီ့ ... အသက်ဝိညာဉ်ပဲ သရဲ တစ္ဆေ ၀ိညာဉ်ဖြစ်ပြီး မကျွတ်မလွတ်သေးလို့ သူ့ကိုရည်စူးပြီး ဒါနကုသိုလ် ပြုတယ်ဆိုရင်တော့ .....

ဒါ ..... ရည်ရွယ်ချက် တိမ်းစောင်းသွားပြီ ... မမှန်ပါဘူးးး

အန္တရာဘ၀ဒိဋ္ဌိ ဖြစ်နေပါတယ် ... သဿတဒိဋ္ဌိလဲ ဖြစ်နေပါတယ် .....

ဘယ်လိုဆိုရင် ... ရည်ရွယ်ချက် မှန်သလဲ ??? ဆိုတော့ .....

လောကမှာ အများ ပြောနေကြတဲ့ သရဲ တစ္ဆေဆိုတာတွေဟာ မြတ်စွာဘုရား တရားတော်မှာ လာတဲ့ ပြိတ္တာတွေပဲ .....

သူတို့ရဲ့ မကောင်းမှု အကုသိုလ် တစ်ခုခုကြောင့် သေပြီးရင် ပြီးချင်း စိတ်အသစ် ရုပ်အသစ်နဲ့ ပြိတ္တာဘ၀မှာ ဘ၀သစ်ဖြစ်ပြီး အနေဆင်းရဲ ... အစားဆင်းရဲ ... အ၀တ်ဆင်းရဲ စတဲ့ ဆင်းရဲမျိုးစုံ ခံစားနေရလို့ လူတွေကို သူတို့ရှိနေမှန်းသိအောင် ရုပ်ပြ , အသံပေးပြီး အစားအစာ လာတောင်းကြတာပဲဆိုတဲ့ အသိနဲ့ သူတို့ကို ရည်စူးပြီး ဒါနကောင်းမှုပြုရင်တော့ ရည်ရွယ်ချက် မှန်ပါတယ် ..... အကျိုးလဲများပါတယ် ...

သဿတဒိဋ္ဌိ ၊ ဥစ္ဆေဒဒိဋ္ဌိ ၊ အန္တရဘ၀ဒိဋ္ဌိ အယူမှားလဲ ကင်းစင်သွားပါ တယ် .....။

(ချမ်းမြေ့ဆရာတော်ဘုရား)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~

နှလုံးသား၏ ဓမ္မသံစဉ်

https://www.facebook.com/photo.php?fbid=443990119032158&set=a.35104771499306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...