စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေစွမ်းအင်သုံးပြီး ဟင်းချက်ရအောင်





 
နေရောင်ခြည်စွမ်းအင်သုံးဆိုလို့ ပုံမှာမြင်တွေ့ရတဲ့ အတိုင်း နေလောင်ပြီး အသားမည်းမယ် လို့တော့ မထင်လိုက်ပါနဲ့၊တီထင်သူ မက်ဆာချူးဆက်
နည်းပညာကောလိပ်က ပရောဖက်ဆာ David Wilson ရဲ့ ဖန်းတီးပေးမှုပါ။

လျှပ်စစ်မီးမရရှိတဲ့ အာဖရိကတိုက်ဒေသတွေအတွက်ရည်ရွယ်ပြီး ပြုလုပ်
ဖန်တီးထားတာဖြစ်ပါတယ်၊နေပူထဲထွက်ပြီး အသုံးပြုရတယ်ဆိုပေမယ့်
အိမ်ထဲမှာနေပြီး အသုံးပြုလည်း အဆင်ပြေစေမှာပါ၊

Battery အားသွင်းတဲ့ စနစ်ပါဝင်ပြီး နေစွမ်းအင်အသုံးပြုပြီး အားပြည့်စွာ
သွင်းထားမယ်ဆိုပါက ၂၅ နာရီကြာအသုံးပြုနိုင်မှာဖြစ်ပါတယ်၊

လျှပ်စစ်မီးမရရှိတဲ့ ဒေသတွေဖြစ်တဲ့ နေရာအနံ့အပြားမှာ နေ့စဉ်ချက်ပြုတ်ဖို့
အတွက် သဘာဝသစ်တောတွေမှရရှိတဲ့ ထင်းမီးသွေးတွေအသုံးပြုနေမှုကို
အဆိုပါ ဆိုလာမီးဖိုက အတားဆီးပေးပါလိမ့်မယ်၊

ဒါကြောင့်အနာဂတ်ပတ်ဝန်းကျင်ညစ်နွမ်းမှုမြင့်တက်နေတဲ့ ယနေ့လူနေမှုဘဝ
မှာ အဆိုပါသဘာဝစွမ်းအင်သုံး နည်းပညာတွေအများပြားထုတ်လုပ်ဖြန်ချိဖို့
ရှိတယ်လို့ တီထွင်သူကဆိုထားပါတယ်။

အာဖရိကကျေးရွာတစ်ရွာက အဆိုပါ ဆိုလာအိုးနဲ့ချက်ပြုတ်နေပုံဖြစ်ပါတယ်။

Ref:Knowledge
Khun Nay(Tsj team)

TechSpace Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...